ဘဂ္ဂဒက် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူ ၃၅ ဦးကျော်သေဆုံး

ဘဂ္ဂဒက်မြို့ ရှီးယားမွတ်စလင်အများစုနေထိုင်ရာရပ်ကွက်တွင် လူစည်ကားချိန်၌ ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့စဉ်။ဘဂ္ဂဒက်မြို့ ရှီးယားမွတ်စလင်အများစုနေထိုင်ရာရပ်ကွက်တွင် လူစည်ကားချိန်၌ ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့စဉ်။

ဘဂ္ဂဒက် - အီရတ်နိုင်ငံ၊ ဂ္ဂြဒက်မြို့ရှိ ရှီးယားမျိုးနွယ်စု အများစုနေထိုင်ရာဒေသများတွင်
ဩဂုတ်လ ၂၈ ရက် က လူသွားလူလာများပြားသည့် အချိန် ၌ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားရာ
လူ ၃၅ ဦးထက်မနည်း သေဆုံးခဲ့သည်။ ကားဗု့းပေါက်ကွဲမှု အများဆုံးပါဝင် သော ဒါဇင်နှင့်ချီကာ
ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုများထဲတွင် အသေခံဗု့းခွဲတိုက်ခိုက်မှုတစ်ခုလည်း ပါဝင်ခဲ့သည်။

ပေါက်ကွဲမှုများမှာ မြို့တော် ဘဂ္ဂဒက် ရှိ ရှီးယားမျိုးနွယ်စု အများစုနေထိုင်ရာ ဒေသများတွင် ဖြစ်
ပွားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုများကြောင့် လူ ၁၄၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိများက ပြော
ကြားခဲ့သည်။

ဘဂ္ဂဒက်မြို့အတွင်းရှိ စစ်သွေးကြွများ ပစ်မှတ်ထားသည့် နေရာများကို လုံခြုံရေးဆောင်ရွက်မှုများ
လုပ် ဆောင်နေသည်ဟု ပြောကြားထား သော်လည်း မြို့တော်၏ အရှေကဘက် နှင့် မြောက်
ဘက်တို့တွင် ဖြစ်ပွားခဲ့သည့် ဗု့းခွဲတိုက်ခိုက်မှုများကြောင့် အီရတ် အစိုးရအနေဖြင့် ပြစ်တင်ဝေဖန်မှု
များ ဖြင့် ရင်ဆိုင်နေရသည်။

အီရတ်နိုင်ငံတွင် ယခုနှစ် အစပိုင်းမှ စတင်ကာ ဆူပူအုံကြွမှုများ တိုးမြင့်လျက် ရှိပြီး လူပေါင်း
၃,၇၀၀ ကျော်သေဆုံး ခဲ့ရာ ဆွန်နီနှင့် ရှီးယားမျိုးနွယ်စုတို့ အကြား ၂၀၀၆ နျင့် ၂၀၀၇ ခုနှစ်က
မီးကုန်ယမ်းကုန် ဖြစ်ပွားခဲ့သည့် အဓိ ကရုဏ်းအသွင်ကဲ့သို့ ပြန်လည်ရောက် ရှိလာတော့မည့်
အရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြသည်။

ဩဂုတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ သည့်တိုက်ခိုက်မှုများတွင် ဘဂ္ဂဒက်မြို့ အရှေကတောင်
ဘက္ရွိ ဲင်မ ေူီငပေူေ ဒေသတွင် ဖြစ်ပွားခဲ့သည့် ဗု့းခွဲတိုက် ခိုက်မှုနှစ်ခု၌ လူခုနစ်ဦးထက်မနည်း
သေဆုံးကာ ၂၁ ဦးဒဏ်ရာရရှိခဲ့ပြီး ဘဂ္ဂဒက်မြို့ ဂျာဒီဒါဒေသတွင် ဖြစ်ပွား ခဲ့သည့် ကားဗုံးခွဲ
တိုက်ခိုက်မှုတွင် လူလေးဦးသေဆုံးခဲ့ပြီး အနီးအနားရှိ ကားများနှင့် ဈေးဆိုင် မျက်နှာစာများ
ဆိုးဆိုးရွားရွား ပျက်စီးသွားကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦး က ပြောကြားခဲ့သည်။

ကဒ်ဟီမီယာနှင့် ဆာဒါစီးတီးဒေသ များအပါအ၀င် ရှီးယားအများစု နေထိုင် သည့် အခြားဒေသ
များတွင်လည်း တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ သေ ဆုံးသည့်အရေအတွက် တိုးလာနိုင် သည်
ဟုဆိုသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း