တောမီးလောင်မှု အရှိန်မြင့်တက် နေသောကြောင့် ဆန်ဖရန်စစ္စကို မြို့ရေပေးဝေရေး အခက်ရှိလာနိုင်

ယိုဆီမိုက် အမျိုးသားဥယျာဉ်အစိတ်အပိုင်းအချို့သို့ မီးကူးစက်လာစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီယိုဆီမိုက် အမျိုးသားဥယျာဉ်အစိတ်အပိုင်းအချို့သို့ မီးကူးစက်လာစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဆန်ဖရန်စစ္စကို (ကယ်လီဖိုးနီးယား) - ဩဂုတ်၂၇ ရက် နေ့တွင်
ပိုမိုကြီးထွား လာသော တောမီးလောင်မှုကြောင့် ယိုဆီမိုက် အမျိုးသားဥယျာဉ်အတွက်မီးဘေး
အန္တရာယ် ပိုမိုစိုးရိမ်စရာဖြစ်လာကာ ကယ်လီဖိုးနီးယား ပြည်နယ်တွင် ယခင်ကဖြစ်ပွားခဲ့သည့်
မီးလောင် မှုများထဲတွင် နံပါတ် (၇) မြောက်အကြီးကျယ်ဆုံး မီးလောင်မှုဖြစ်လာပြီး မီးသတ်သမား
များက ဆန်ဖရန်စစ္စကိုမြို့၏ အဓိက ရေပေးဝေပေးသည့် နေရာကို ကာကွယ်နိုင်ရန် ကြိုးစားနေ
ကြောင်းသိရသည်။

မီးကွင်းဟု ခေါ်ဆိုရမည့် မီးတောက် များသည် ရှိကာဂိုမြိုကထက် ကြီးမားသော ဧက ၁၈၀,၀၀၀
(ဟက်တာ ၇၃ယ၀၀၀) ခန့်ရှိသည့် အကျယ်အ၀န်းကို ဖုံးလွှမ်းနေပြီး ဩဂုတ် ၂၆ ရက်နေ့က
မီးလောင် ကျွမ်းမှုမှာ ၁၅ ရာခိုင်နှုန်းထိသာ ရှိခဲ့ရာမှ ယခုအချိန်တွင် ၂၀ ရာခိုင်နှုန်းထိ ရောက်ရှိ
နေပြီဟုဆိုသည်။

ကမ္ဘာလှည့်ခရီးသည်များ အများဆုံး လာရောက်ရာ နေရာများထဲမှ ထိပ်တန်း အထင်ကရနေရာ
တစ်ခုဖြစ်သည့် ယိုဆီ မိုက် ဥယျာဉ်သို့သွားသည့် အဓိက လမ်းမကြီးတွင် မီးသတ်သမား ၃,၇၀၀
ကျော်က မီးတောက်များကို အသည်း အသန် ငြှိမ်းသတ်နေကြသည်။

"ဒီလိုလောင်နေတဲ့ပုံစံက စံချိန်တင် စာရင်းဝင်လောက်တယ်" ဟု ကယ်လီ ဖိုးနီးယား သစ်တော
နှင့် မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာန (Cal Fire) မှ ပြောရေးဆိုခွင့်ရှိသူ ဒယ်နီရယ်
ဘာလန့်က လော့စ်အိန်ဂျယ် လိစ်တိုင်း(မ်) သတင်းစာသို့ ပြောကြား ခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း