အိုဘားမားက ရုရှားနှင့်ဆွေးနွေးနေစဉ် ဆီးရီးယားကို လေကြောင်းမှ တိုက်ခိုက်ရေးအစီအစဉ်များ ဆိုင်းငံ့

နိုင်ငံတော် အခြေပြမိန့်ခွန်းကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြောကြားနေသော သမ္မတ ဘာရက်အိုဘားမား။နိုင်ငံတော် အခြေပြမိန့်ခွန်းကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြောကြားနေသော သမ္မတ ဘာရက်အိုဘားမား။

ဝါရှင်တန် - အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဆီးရီးယား၏ ဓာတုလက်နက်များ
အန္တရာယ်ကို လုံခြုံ အောင်ပြုရေး အစီအစဉ်က အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကို ကြိုတင်
ဟန့်တားနိုင်မည်၊ျွတားနိုင် မည်ကို ပြောရန် အလွန်စောသေးကြောင်း၊ သို့ရာတွင် အဆင်ပြေလို
ပြေငြား သံခင်းတမန်ခင်း နည်းလမ်း အခွင့်အရေး ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၀
ရက်နေ့တွင် ပြောကြားလိုက်သည်။

တစ်နိုင်ငံလုံးသို့ ပြောကြားသော သူ၏မိန့်ခွန်းတွင် သူ့အစိုးရအဖွဲ့၏ မရှင်းမလင်း သံတမန်ရေးရာ
ပရိယာယ် များနှင့် တစ်နှင့်တစ်ခု ဆန့်ကျင်နေသော ထုတ်ပြန်ချက်များ ထွက်ပေါ်လာခဲ့ပြီးနောက်
ရက်ပိုင်းအကြာ လွန်ခဲ့ သောလတွင် ဆီးရီးယားအစိုးရက အရပ် သားများအား ဓာတုလက်နက်ဖြင့်
တိုက်ခိုက်ခဲ့ခြင်းအပေါ် တုံ့ပြန်တိုက် သွားမည်ဟူသော အချက်နှင့်ပတ်သက် ၍ ယခုကဲ့သို့ သူ၏
အတိကျဆုံး တုံ့ပြန် ချက်ကို ထည့်သွင်း ပြောဆိုသွားခဲ့ သည်။

သူက နိုင်ငံရပ်ခြား၌ သွေးစွန်းသော စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ရခြင်း ကို ငြီးငွေ့နေကြသော
အမေရိကန် ပြည်သူများကို သတိပေးပြောကြားရာ တွင် အမျိုးသားလုံခြုံရေးနှင့် ကျင့်ဝတ် သိက္ခာ
ကောင်းဟူသော အကြောင်းကြောင့်ပင်လျှင် သမ္မတ ဘာရှားအာဆတ် အစိုးရက အပြစ်မဲ့ ကလေး
သူငယ်များ အား ဓာတ်ငွေ့ဖြင့် တိုက်ခိုက်လျက် သေတွင်းပို့နေခြင်းကို လက်ပိုက်ကြည့် နေ၍မရနိုင်
ကြောင်း ထည့်သွင်းပြော ကြားသွားသည်။

"ဒီ အစုလိုက်အပြုံလိုက် တိုက်ခိုက် သတ်ဖြတ်တဲ့ ဓာတ်ပုံတွေကို မြင်ရတာ သွေးပျက်ဖို့ကောင်း
တယ်။ အမျိုး သားတွေရော၊ အမျိုးသမီးတွေရော၊့ လေှးုယ်တွေပါ အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်
အသတ်ခံရလိုက်၊ွှတန်း လိုက် တုံးလုံးပက်လက် ဖြစ်နေကြ တယ်။ ပါးစပ်ကအသက်ရှူဖို့အတွက်
အမြှုပ်တွေထွက်သူကထွက်နဲ့။ ဖခင် တစ်ဦးဆိုရင် သေဆုံးနေတဲ့ သူ့ရင်သွေှးုယ်ကလေးကို ဆုပ်
ကိုင်ပြီး ထပြီး လမ်းလျှောက်လို့များ ရဦးမလားအနေ နဲ့ လုပ်နေရှာတယ်"ဟု အိုဘားမားက သူ၏
၁၆ မိနစ်ကြာ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။

အိုဘားမားက အမေရိကန်ရေတပ် ကို ဆီးရီးယားနိုင်ငံ၏ ကမ်းရိုးတန်းအလွန်တွင် ချထားမည်ဖြစ်
ကြောင်းနှင့် သံတမန်နည်းလမ်းများဖြင့် ပြောဆို ဆောင်ရွက်နေစဉ်အတွင်း အာဆတ်၏ အစိုးရကို
ဆက်လက်ဖိအားပေးသွားမည်ဖြစ်ကြောင်းလည်း ပဋိညာဉ်ခံ ပြောကြားသွားသည်။ ထိုသို့ပြောကြား
လိုက်ခြင်းမှာ သံ တမန်နည်းဗျူဟာဖြင့် နှောင့်နှေးကြန့် ကြာအောင် အချိန်ဆွဲထားလို့ မရနိုင်ကြောင်း
ရုရှားကို အချက်ပြသတိပေး လိုက်သည့်သဘောပင်ဖြစ်သည်။

ရုရှားက ဆီးရီးယား၏ ဓာတုလက်နက် များကို နိုင်ငံတကာ၏ ကြီးကြပ်မှု အောက်တွင် ထားရှိစေ
ရန်ဟူသော အစီအစဉ်ကို အဆိုပြုလိုက်သဖြင့် အိုဘားမားသည် ထိုမိန့်ခွန်းကို အိမ်ဖြူတော်အရှေ
ကဆောင် (ပုရိမဆောင်) မှနေ၍ ထိုရုပ်မြင်သံကြားမိန့်ခွန်းကို ထုတ်လွှင့်လိုက်ခြင်းဖြစ်သည်။

"ဒီအဆိုပြုချက် အောင်မြင်မယ်၊ျွအောင်မြင်ဘူးဆိုတာကို ပြောဖို့ စောလွန်းသေးပါတယ်။
အာဆတ် အစိုးရနဲ့ သဘောတူတဲ့ သဘောတူညီ ချက်များအရ သူလိုက်နာရမယ့် အချက် တွေ
ကို လိုက်နာသွား၊ မသွားကို စစ်ဆေး သွားရမှာ ဖြစ်ပါတယ်" ဟု အိုဘားမား က ပြောသည်။

"ဒါပေမဲ့ ဒီအစီအစဉ်ဟာ အင်အားမသုံးဘဲနဲ့ ဆီးရီးယားရဲ့ ဓာတုလက်နက်အန္တရာယ်ကို ဖယ်ရှား
ပေးနိုင်လောက်မယ့် အနေတော့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ရုရှားဟာ အာဆတ် ရဲ့ အခိုင်မာ
ဆုံးမဟာမိတ် တစ်နိုင်ငံ ဖြစ်နေလို့ပါပဲ" ဟုလည်း အိုဘားမား ကပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း