စာပေနိုဘယ်ဆုကို ကနေဒါမှ အဲလစ္စမန်ရိုး ရရှိသွား

ကနေဒါစာရေးဆရာမ အဲလစ္စမန်ရိုးကနေဒါစာရေးဆရာမ အဲလစ္စမန်ရိုး

အော့တ၀ါ - ကနေဒါနိုင်ငံမှ အဲလစ္စမန်ရိုးက ၎င်းအား စာပေနိုဘယ်ဆု ချီးမြှင့်လိုက်ခြင်းအတွက်
"အံ့အားသင့်သွားမိပြီး ကျေးဇူးတင်လှ" ကြောင်း ကြာသပတေးနေ့တွင် ပြောကြားသည်။

ဆွီဒင်အကယ်ဒမီခေါ် နိုဘယ်ဆု ရွေးချယ်ရေး ပညာရှင်အဖွဲ့က မန်ရိုး (၈၂ နှစ်) သည်
"မျက်မှောက်ခေတ် ၀တ္ထုတိုနယ်ပယ်တွင် ဆရာတစ်ဆူ" ဖြစ်ကြောင်း ဖော်ပြလိုက်ကာ ၀တ္ထုတို
အမျိုးအစားတွင် ပေးခဲလှသော ကမ္ဘာ တွင် ဂုဏ်သိက္ခာအရှိဆုံးသော ဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

စာပေနိုဘယ်ဆုရှင် စာရေးဆရာမ ကြီး မန်ရိုးက ကြေညာချက် ထုတ်ပြန်ရာ တွင် "ကျွန်မ အံ့အား
တသင့် ဖြစ်သွားပါ တယ်။ အလွန်တရာလည်း ကျေးဇူးတင်ပါတယ်။ ဒီဆုကို ကျွန်မရလိုက်ခြင်း
အတွက် ကနေဒါလူမျိုးတွေ အမြောက် အမြားကလည်း ကျေနပ်ဝမ်းမြောက်ကြ မှာဖြစ်တဲ့အတွက်
ကျွန်မ အထူးပဲ ၀မ်းသာ ပါတယ်" ဟု ရေးသားဖော်ပြခဲ့သည်။ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီ
က မန်ရိုးအား စာပေနိုဘယ်ဆု ပေးရေးအတွက် အခြေခံစဉ်းစားခဲ့သော စာအုပ် ၁၆ အုပ်ကို
ဖော်ပြခဲ့ရာ ယင်းတို့အထဲမှ ချစ်မေတ္တာ၏ တိုးတက်မှု (၁၉၈၆) ဟူသော စာအုပ်မှာ ကနေဒါ
တွင် အမြင့် ဆုံး စာပေဆုတစ်ခုဖြစ်သည့် ဘုရင်ခံချုပ်၏ ခေတ်ပေါ်ဝတ္ထုဆုကို ရခဲ့သော
စာအုပ်ဖြစ်သည်။

ဆာရာပေါ်လီ၏ ၂၀၀၆ ခုနှစ်က ရိုက်ကူးခဲ့သော 'သူနှင့်ဝေးရာ' ဟူသော ရုပ်ရှင်ဇာတ်ကားမှာ
မန်ရိုး၏ Runaway (2004) ကို အခြေခံ ရိုက်ကူး ခဲ့ခြင်းဖြစ်သည်။ မန်ရိုးသည် ကနေဒါလူမျိုး
များထဲမှ ပထမဦးဆုံး စာပေနိုဘယ်ဆုရှင်တစ်ဦး ဖြစ်သည်။ ကနေဒါ လွှတ်တော်အမတ်တစ်ဦး
ဖြစ်သူ တက်အာနော့က "အဲလစ္စမန်ရိုး စာပေနိုဘယ်ဆု ရလိုက်တဲ့အတွက် အခုဆိုရင် ကနေဒါ
စာရေးဆရာတွေကို ကမ္ဘာအနှံ့က အသိအမှတ်ပြု လူသိသွားကြတော့ မှာပါ"ဟု သူ၏ ၀က်ဘ်
ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။

ကနေဒါသည် စာပေပွင့်လန်းသည့် အစဉ်အလာရှိခဲ့ပြီး မာဂရက်အက်ဝုဒ်၊ မိုက်ကယ် အွန်ဒတ်ဂျီနှင့်
ပူလစ်ဇာ ဆုရ ကာရိုးလ်ရှီးလ်တို့လို စာရေးဆရာများဖြင့် ထင်ရှားကျော်ကြားခဲ့သော နိုင်ငံဖြစ်သည်။

နိုဘယ်ဆုရှင် မန်ရိုးသည် တက္ကသိုလ် ကျောင်းသူဘ၀ ၁၉၅၀ ပြည့်နှစ် ကတည်းက 'အရိပ်၏
အနံအလျား ထုထည်များ' ဟူသော ၀တ္ထုကို ပထမဦး ဆုံး ရေးသားခဲ့သူ ဖြစ်သည်။

(အေအက်ဖ်ပီ) 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း