လွတ်ငြိမ်းချမ်းသာခွင့်ကို ကာကွယ်ပြောဆို

အစိုးရအိမ်တော်တွင် ထိုင်းဝန်ကြီးချုပ် ယင်လတ် သတင်းစာရှင်းလင်းပွဲလုပ်နေစဉ်။အစိုးရအိမ်တော်တွင် ထိုင်းဝန်ကြီးချုပ် ယင်လတ် သတင်းစာရှင်းလင်းပွဲလုပ်နေစဉ်။

ဘန်ကောက် - အစိုးရကိုဆန့်ကျင် ဆန္ဒပြလောက်အောက် လူထုအုံကြွမှုကြီးဖြစ်စေခဲ့သည့်
အငြင်းပွားဖွယ် နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းတစ်ခုကို ထိုင်းဝန်ကြီးချုပ် ယင်လတ်
ရှင်နာဝပ်က နိုဝင်ဘာလ ၅ ရက်နေ့တွင် ကာကွယ်ပြောဆိုကာ နှစ်များစွာ တိုင်းပြည်တွင်း ရန်မီး
များအပြီးတွင် သည်းခံခွင့်လွှတ်ကြရန် တိုင်းပြည်ကို တိုက်တွန်းလိုက်သည်။

ယင်း ဥပဒေသည် ယင်လတ်၏အစ်ကို ယခင်ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် ကို ပြည်ပတိမ်း
ရှောင်နေရာမှ နိုင်ငံ တွင်းပြန်လာခွင့်ပြုမည်ကို အတိုက် အခံများက စိုးရိမ်လျက်ရှိကြသည်။နိုင်ငံ
သား ဒါဇင်ပေါင်းများစွာသေဆုံး စေခဲ့သည့် ၂၀၁၀ ပြည့်နှစ် အတွင်းက သက်ဆင်ကိုလိုလားသည့်
ရှပ်နီဝတ်ဆန့်ကျင်သူများကို ယခင်အစိုးရ၏ သွေးထွက်သံယို ဖြိုခွင်းခဲ့ရာမှ ၀ရုန်း သုဉ်းကားအခြေ
အနေများ အထွတ်အထိပ်သို့ ရောက်ရှိခဲ့အပြီး တိုင်းပြည် ကို ပြန်လည်စည်းလုံးညီညွတ်ရန် လွတ်
ငြိမ်းချမ်းသာခွင့် လိုအပ်ကြောင်း ယင်လတ်ရှင်နာဝပ်က ပြောသည်။

"ဒီအစိုးရ အာဏာရလာကတည်းက ပြန်လည်သင့်မြတ်ရေးကို အလေး ထား လုပ်ဆောင်ခဲ့ပါ
တယ်။ လွတ်ငြိမ်း ချမ်းသာခွင့်ဟာ ကျွန်မတို့ရဲ့အတိတ် က နာကျင်စရာ သင်ခန်းစာတွေကို မေ့
ပစ် ဖို့မဟုတ်ပေမယ့် ဒါမျိုးတွေကို နောင် ဆက်မဖြစ်ရေး သင်ခန်းစာယူဖို့အတွက် ပါ။ လူတွေသာ
ဘယ်လိုခွင့်လွှတ်ရမလဲဆိုတာကို သိထားရင် တိုင်းပြည် ကြီး တိုးတက်နေပါလိမ့်မယ်" ဟု
ယင်လတ် ရှင်နာဝပ်က တိုင်းပြည်ကို ရုပ်မြင် သံကြားမိန့်ခွန်းတွင် ပြောသည်။

ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကလည်း ၎င်းမဟာမိတ်များ ၏ တွန်းအား
ကြောင့် ဖြစ်လာသည့် အငြင်းပွားဖွယ် လွတ်ငြိမ်းချမ်းသာခွင့် သည် ၎င်း၏ အကျိုးအမြတ်အတွက်
မဟုတ်ဟု နိုဝင်ဘာလ ၆ ရက်နေ့က ငြင်းဆိုလိုက်ကာ အတိုက်အခံများကို 'လိုရာဆွဲပြောခြင်း'
ဖြစ်သည်ဆို၏။

"လွတ်ငြိမ်းချမ်းသာခွင့်ဟာ ကျွန်တော့် ငွေတွေကို ကျွန်တော့်ဆီ ပြန်ပေးမယ်၊ ကျွန်တော်
တစ်ယောက်တည်းအတွက် ဖြစ်မယ်ဆိုတာက လိုရာဆွဲပြောတာပါ။ ဒီ ဥပဒေရဲ့ရည်ရွယ်ချက်က
၂၀၀၆ ခုနှစ် အာဏာသိမ်းမှုရဲ့ သက်ရောက်ခံရသူ တွေနဲ့ အတိတ်က ပဋိပက္ခတွေကို ကျော်
လွှားနိုင်ဖို့ပါ" ဟု ၎င်းက ဆိုသည်။

"ကျွန်တော်ဟာ တစ်ချိန်က ထိုင်း ၀န်ကြီးချုပ်တစ်ဦး ဖြစ်ခဲ့ဖူးတဲ့အတွက် ထိုင်းလူမျိုးတွေရဲ့ အယူ
အဆအမျိုးမျိုး ကိုလေးစားပါတယ်။ ဒါပေမဲ့ ဒီနှစ်တွေအတွင်းမှာ ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်
ကို ဦးတည်ပြီး လိုရာဆွဲ ပြောတဲ့ မုသားတွေကိုတော့ ကျွန်တော်လက်မခံနိုင်ပါဘူး" ဟု သက်ဆင်
က ပြောသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း