ကုလသမဂ္ဂ လုံခြုံရေးကောင်စီနေရာကို ဆော်ဒီလက်မခံ

ဆော်ဒီအာရေဗျနိုင်ငံက ကုလသမဂ္ဂလုံခြုံရေး ကောင်စီနေရာတစ်ခုကို ရယူမည်မဟုတ်ကြောင်း
ကုလသမဂ္ဂကို နိုဝင်ဘာလ ၁၂ ရက်နေ့က တရားဝင်ပြောကြားလိုက်သည်။ ထို့အတွက်ကြောင့်
ဂျော်ဒန်နိုင်ငံအတွက် ယင်းနေရာကိုရယူရန် လမ်းပွင့်သွားပြီဖြစ်သည်။

ဆီးရီးယားပဋိပက္ခနှင့် စပ်လျဉ်း၍ လုံခြုံရေး ကောင်စီ၏အရေးယူရန်ပျက်ကွက်မှုကို ဆော်ဒီ က
ကန့်ကွက်ကြောင်း အတည်ပြုသည့်အနေဖြင့် ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီသံတမန် အဗ္ဗဒူလာ
အယ်လ်မွာလီမီက လုံခြုံရေးကောင်စီ တစ်နေရာ ကို ရယူမည်မဟုတ်ကြာင်း ကုလသမဂ္ဂအကြီး
အကဲ ဘန်ကီမွန်းထံ စာရေးသား အသိပေးခဲ့သည်။

ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် မာတင်နေဆာ ကီက လုံခြုံရေးကောင်စီ နေရာအကြောင်း ဆော်ဒီ
သံတမန်ပေးပို့သည့်စာကို လက်ခံရရှိထားကြောင်း အတည်ပြုပြောကြားခဲ့ပြီး အသေးစိတ် ပြော
ဆို ခြင်းမရှိပေ။

"ဒီကိစ္စဟာ ဆော်ဒီနိုင်ငံရယ်၊ လုံခြုံရေး ကောင်စီရယ် အခြားအဖွဲ့ဝင်နိုင်ငံတွေ စဉ်းစားရမယ့်ကိစ္စ
တစ်ခုပါ" ဟု ၎င်းကဆိုသည်။ ဆော်ဒီအာရေဗျနိုင်ငံသည် လုံခြုံရေးကောင်စီ တွင် လွန်ခဲ့သည့်လ
က ပထမဆုံးအကြိမ် နေရာ ရရှိခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ရရှိပြီးနောက် တစ်ရက်မှာပင် ဆော်ဒီအစိုးရက ယင်းနေရာကို ရယူမည်မဟုတ်ဟုကြေ
ညာလျက် ကမ္ဘာ့ အာဏာ ပိုင်အဖွဲ့ကြီးကို အံ့အားသင့်စေရန် လုပ်ခဲ့သည်။ အနောက်နိုင်ငံများမှ
သံတမန်များက ယင်း နေရာကို ဂျော်ဒန်နိုင်ငံကရယူမည်ဟု ပြောဆိုလျက်ရှိကြသည်။

လုံခြုံရေးကောင်စီ အရာရှိများ က ယင်းကိစ္စကိုဆွေးနွေးနေဆဲဖြစ်ကာ ဂျော်ဒန် နိုင်ငံက ရယူမည့်
ကိစ္စကိုမူ အတည်ပြုခြင်းမရှိ သေးပေ။ ဆော်ဒီအာရေဗျနိုင်ငံက ဇန်န၀ါရီလ ၁ ရက်နေ့တွင်
အလှည့်ကျရယူရမည့် လုံခြုံရေးကောင်စီ၏ နှစ်နှစ်တာနေရာကို နိုင်ငံသစ်တစ်ခု ကိုပေးအပ်
ရေးအတွက် ကုလသမဂ္ဂအထွေထွေ ညီလာခံ ရွေးကောက်ပွဲတစ်ခုကို ကျင်းပရတော့ မည်ဖြစ်
သည်။

"ဆော်ဒီအာရေဗျနိုင်ငံဟာ လုံခြုံရေးကောင်စီ နေရာအတွက် ရွေးချယ်ခံထားရတဲ့နေရာကို ရယူ
မှာမဟုတ်ဘူးလို့ စိတ်မကောင်းစွာနဲ့ ဆုံးဖြတ် လိုက်တဲ့အကြောင်း သင့်ကို အသိပေးလိုပါတယ်"
ဟု မွာလီမီက စာထဲတွင်ရေးထားသည်ကို မိတ္တူ တစ်စောင်ရရှိထားသည့် အေအက်ဖ်ပီက ဖော်ပြ
ထားသည်။

ယင်းစာနှင့်တွဲ၍ ဆော်ဒီနိုင်ငံခြား ရေးဝန်ကြီးဌာန၏ လွန်ခဲ့သည့်လက ထုတ်ပြန်ချက် တွင် ၃၂ လ
ကြာ ဆီးရီးယားစစ်ပွဲကို လုံခြုံရေးကောင်စီ၏ အရေးယူရန် ပျက်ကွက်မှုအတွက် ပြင်းထန်စွာ ဝေ
ဖန်ခဲ့သည်။

ဆီးရီးယားနိုင်ငံနှင့်စပ်လျဉ်း၍ နိုင်ငံပေါင်း ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီ၏ မတိုးသာ
မဆုတ်သာအခြေအနေသည် ယင်း၏ တာဝန်နှင့် ၀တ္တရားများ ဆောင်ရွက်နိုင်ခြင်းမရှိသည့် မငြင်း
ဆန်နိုင်သော အထောက်အထားနှင့် သက်သေ များဖြစ်သည်ဟု ဆော်ဒီအစိုးရက ပြောသည်။

အစ္စရေးပါလက်စတိုင်းပဋိပက္ခ အဆုံးသတ်ရေးကြိုးပမ်းမှုတွင် တိုးတက်မှုမရှိသည်ကိုလည်း
ဆော်ဒီအစိုးရက ပြစ်တင်ပြောဆိုခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း