အိမ်ရာတည်ဆောက်ရေးအစီအစဉ် အစ္စရေးဝန်ကြီးချုပ်ဖျက်သိမ်း

ဂျေရုဆလင် - အနောက်ဘက်ကမ်းခြေဒေသ တွင် အိမ်ရာသစ် ၂၀,၀၀၀
တည်ဆောက်မည်ဟုကြေညာချက်ကြောင့် အမေရိကန်ပြည်ထောင် စုနှင့် ပါလက်စတိုင်းတို့က
ဝေဖန်မှုများထွက်ပေါ် လာပြီး နာရီအနညှ်းုယ်အကြာတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက
ယင်းအစီအစဉ် ကို နိုဝင်ဘာလ ၁၂ ရက်နေ့ နှောင်းပိုင်းတွင် ဖျက်သိမ်းလိုက်သည်။

နေတန်ယာဟုက အစ္စရေး အိမ်ရာစီမံကိန်း ၀န်ကြီး ယူရီအေရီယယ်ကို "အိမ်ရာသစ်များ အတွက်
ဖြစ်တန်ရာများကို တွက်ချက်သွားရာတွင် ဆောင်ရွက်ချက် အဆင့်များ အားလုံးကို ပြန်လည် စဉ်းစားရန်" ညွှန်ကြားခဲ့သည်။

နေတန်ယာဟုက အေရီယယ်ကို ပြောသည် မှာ အိမ်ရာသစ်အစီအစဉ်သည် ဥပဒေအရ 'အဓိပ္ပာယ်
မရှိလှကြောင်း' နှင့် အီရန်အရေး အတွက် ပိုမိုကောင်းမွန်သည့် သဘောတူညီမှု တစ်ခုရရန် နိုင်ငံ
တကာအသိုင်းအ၀ိုင်းရှိ အရေး ပါသူများကို စည်းရုံးနေသည့် အချိန်ကာလ၌ နိုင်ငံတကာအသိုင်း
အ၀ိုင်းနှင့် မလိုလားအပ် သည့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်စေသည့် ဆောင်ရွက်မှုတစ်ရပ်သာဖြစ်
ကြောင်း ထုတ်ပြန် ချက်တွင် ဆိုထားသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း