ပါလီမန်မဲခွဲမှုရှုံးနိမ့် ယူကရိန်းအတိုက်အခံ ခေါင်းဆောင်များ ဆန္ဒပြရန်တိုက်တွန်း

ဒီဇင်ဘာ ၃ ရက်က ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မြို့လယ်၌ ထောင်သောင်းချီရှိ ယူကရိန်းလူထုကြီး ဆက်လက်ကန့်ကွက် ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဒီဇင်ဘာ ၃ ရက်က ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မြို့လယ်၌ ထောင်သောင်းချီရှိ ယူကရိန်းလူထုကြီး ဆက်လက်ကန့်ကွက် ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ကိဗ် - ယူကရိန်းနိုင်ငံ၌ အပြင်းထန်ဆုံး ဆန္ဒပြပွဲများ ရက်ပေါင်းများစွာ ဖြစ်ပွား ခဲ့ပြီးနောက်ပိုင်း
အတိုက်အခံများ ဘက်မှတင်သွင်းသည့် အစိုးရကို အယုံ အကြည်မရှိ အဆိုအား ပါလီမန်တွင်
မဲခွဲဆုံးဖြတ်ရာ ယူကရိန်းအစိုးရက အနိုင်ရရှိခဲ့ပြီးနောက် ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်
သွားရန် အတိုက် အခံများက ဒီဇင်ဘာလ ၃ ရက်နေ့က ဆော်ဩခဲ့ကြသည်။

သမ္မတ ယာနူကိုဗစ်၏ 'ဒေသ' အာဏာရ ရီဂျင်း (ဒေသကြီးများပါတီ)ပါတီလွှမ်းမိုးထားသော
ပါလီမန်တွင် ဒီဖင်ဘာလ ၃ ရက်နေ့ မဲခွဲဆုံးဖြတ်ရာ ၌ အတိုက်အခံများဘက်မှ ထောက်ခံ မဲ
၁၈၆ မဲသာရရှိခဲ့ပြီး အဆိုအတည် ပြုနိုင်ရန်အတွက် ၂၂၆ မဲရရှိရန် လိုအပ်သည်။

အတိုက်အခံ ခေါင်းဆောင်များက ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်သွား ရန် တောင်းဆိုခဲ့ပြီး
ဒီဇင်ဘာလ ၃ ရက် နေ့ ညနေပိုင်းက ကိဗ်မြိုကလယ်၌ လူ ၃၀,၀၀၀ ခန့် ဆက်လက်၍ ကန့်ကွက်
ဆန္ဒပြခဲ့ကြသည်။

ပါလီမန်တွင် အယုံအကြည်မရှိ အဆို ကို မဲခွဲဆုံးဖြတ်ပြီး မကြာမီမှာပင် ဆန္ဒ ပြသူ ၅,၀၀၀ ခန့်
အစိုးရရုံး အဆောက်အအုံအပြင်ဘက်တွင် စုဝေးခဲ့ကြပြီး ကိဗ်မြိုကလယ်ရှိ လွတ်လပ်ရေးရင်ပြင်
သို့ သွားရောက်ခဲ့ကြကာ ဆန္ဒပြသူအရေ အတွက် ၁၀,၀၀၀ ကျော်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား
ချက်အရ သိရသည်။

ဥရောပသမဂ္ဂနှင့် လွတ်လပ်စွာကုန် သွယ်ခွင့် သဘောတူညီချက်လက်မှတ် ထိုးရေးကိစ္စနှင့်ပတ်
သက်ပြီး ယူကရိန်း အစိုးရကို ရက်ပေါင်းများစွာ ဆန္ဒပြခဲ့ ကြပြီးနောက်ပိုင်း သမ္မတ ယာနူကိုဗစ်က
ဥရောပသမဂ္ဂနှင့် သမိုင်းဝင်သဘော တူညီချက်ကို နိုဝင်ဘာလ ၂၉ ရက် နေ့က လက်မှတ်မထိုးခဲ့
သည့်အတွက် ထောင်ပေါင်းများစွာသော ဆန္ဒပြသူ များက ပြီးခဲ့သည့် ရက်သတ္တပတ်အကုန် က
ယူကရိန်းသမ္မတကို ရာထူးမှနုတ် ထွက်ရန်ဆန္ဒပြခဲ့ကြရာ ရဲတပ်ဖွဲ့က အင်အားသုံး နျိမ်နင်းခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း