၂၀၁၄ နှစ်သစ်ကို ကမ္ဘာတစ်ဝန်း မီးရှူးမီးပန်းများ ပစ်ဖောက်ကြိုဆို

ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့၊ ကိုပါကာဘာနားကမ်းခြေတွင် မီးရှူးမီးပန်းများပစ်ဖောက်သည်ကိုကြည့်ရှုနေစဉ်။ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့၊ ကိုပါကာဘာနားကမ်းခြေတွင် မီးရှူးမီးပန်းများပစ်ဖောက်သည်ကိုကြည့်ရှုနေစဉ်။

လန်ဒန် - နှစ်ကူးချိန်တွင် အာရှနိုင်ငံ များအပါအ၀င် ကမ္ဘာတစ်ဝန်း ရောင်စုံ မီးရှူး
မီးပန်းများပစ်ဖောက်ပြီး ၂၀၁၄ ခုနှစ် နှစ်သစ်ကို ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြသည်။

လန်ဒန်မြို့တွင်နှစ်သစ်ကိုကြိုဆိုရာ၌ လူအမြောက်အမြား ပါဝင်ခဲ့ကြသကဲ့သို့ ဒူဘိုင်းနိုင်ငံရှိ ကမ္ဘာ့
အမြင့်ဆုံး အဆောက် အအုံ ဘူရာ့ဂ်ျခါလီဖာ (ကြမြု့ေူင်ေ) ပေါ်မှ မီးရှူးမီးပန်း ၄၀၀,၀၀၀ ကျော်
ပစ်ဖောက်ကာ အကြီးကျယ် အခမ်းနားဆုံး မီးရှူးမီးပန်း ပစ်ဖောက်မှုများဖြင့် ကမ္ဘာ့ စံချိန်တင်ရန်
ကြိုးစားခဲ့သည့်အပြင် ဩစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့တွင်လည်း မီးရှူးမီးပန်းများ ပစ်ဖောက်ပြီး
နှစ်သစ် ကို ကြိုဆိုခဲ့ကြသည်။

လန်ဒန်မြို့၊ ပါလီမန်အဆောက်အအုံ၊ အထက်ကောင်းကင်ယံတွင် လွှတ်တင်ထားသော မီးရှူးမီးပန်းများ။လန်ဒန်မြို့၊ ပါလီမန်အဆောက်အအုံ၊ အထက်ကောင်းကင်ယံတွင် လွှတ်တင်ထားသော မီးရှူးမီးပန်းများ။

လန်ဒန်မြို့ ပါလီမန်နာရီစင်ကြီးမှ ည ၁၂ နာရီထိုးသံ ထွက်ပေါ်လာသည့်အခါ ကြီးမားများပြားလှ
သည့် လူအုပ်ကြီး၏ နှစ်သစ်ဆုတောင်း ကြွေးကြော်သံများ ဖြင့် ၂၀၁၄ ခုနှစ်ကို ကြိုဆိုခဲ့ကြသည်။

ကမ္ဘာ့အမြင့်ဆုံး ဘူရာ့ဂ်ျခါလီဖာတွင် မီးရှူးမီးပန်းများပစ်ဖောက်နေစဉ်။ကမ္ဘာ့အမြင့်ဆုံး ဘူရာ့ဂ်ျခါလီဖာတွင် မီးရှူးမီးပန်းများပစ်ဖောက်နေစဉ်။

ထို့ပြင် လန်ဒန်မြို့ သိမ်းစ် မြစ်ကမ်းနံဘေး တွင် လူပေါင်းများစွာက မီးရှူးမီးပန်းများ ပစ်ဖောက်မှုကို
စောင့်ကြည့်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ်တွင် ကူဝိတ်နိုင်ငံက မီးရှူး မီးပန်း ၇၇,၂၈၂ ကို တစ်နာရီကြာ
ပစ်ဖောက်ပြီး ကမ္ဘာ့စံချိန်တင်ထားသည်။ ဥရောပတွင်လည်း နှစ်သစ်ကူးပွဲကို စည်ကားစွာကျင်းပ
ခဲ့ရာ ဂျာမနီနိုင်ငံ တွင် ဘာလင်မြို့သူမြို့သားများက Brandenburg Gate တွင် နှစ်သစ်ကို
ကြိုဆိုခဲ့ကြကာ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ကမ္ဘာ့အကျော်ကြားဆုံး လမ်းများထဲမှတစ်ခုဖြစ်သည့်
Champs Elysees လမ်းတွင်လည်း လူထောင်ပေါင်းများစွာ နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။

ယူကရိန်းနိုင်ငံတွင် ထောင်ပေါင်း များစွာသော ပြည်သူများက ကိဗ်မြို့ရှိ လွတ်လပ်ရေးရင်ပြင်တွင်
နှစ်သစ်ကို ကြိုဆိုခဲ့ကြသည့်အပြင် စပိန်နိုင်ငံ မက်ဒရစ်မြို့နှင့် ရုရှားနိုင်ငံတို့တွင်လည်း နှစ်သစ်ကူး
ပွဲတော်များကို ကျင်းပခဲ့ကြ သည်။ ဟောင်ကောင်တွင်လည်း ရှစ်မိနစ်ကြာ မီးရှူးမီးပန်းများပစ်
ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုခဲ့သည်။

မီးရှူးမီးပန်းကြောင့် နယ်သာလန်နိုင်ငံတွင်တစ်ဦး၊ ပြင်သစ်နိုင်ငံတွင်တစ်ဦး သေဆုံးခဲ့သည်။
ဂျပန်နိုင်ငံတွင် သန်းပေါင်းများစွာ သောပြည်သူများက ဘုရားကျောင်းများ သို့သွားရောက်ကာ
နှစ်သစ်အတွက် ဆုမွန်များ တောင်းခဲ့ကြသည်။

ပြင်သစ်နိုင်ငံတွင် မီးရှူးမီးပန်းများဖောက်၍ နှစ်သစ်ကိုကြိုဆိုနေကြစဉ်။ပြင်သစ်နိုင်ငံတွင် မီးရှူးမီးပန်းများဖောက်၍ နှစ်သစ်ကိုကြိုဆိုနေကြစဉ်။

စင်ကာပူ နိုင်ငံသားများက ဆုတောင်းစာများရေးသားထားသည့် အဖြုရောင် ဘောလုံး ထောင်
ပေါင်းများစွာကို စင်ကာပူနိုင်ငံရှိ မာရီနာပင်လယ်အော်တွင် မျှောရင်း နှစ်သစ်အတွက် ဆုတောင်း
ကြသည်ကို လည်း ထူးထူးခြားခြား တွေ့မြင်ရသည်။ အိန္ဒိယနိုင်ငံတွင်လည်း နှစ်သစ်ကူး ပျော်ပွဲ
ရွှင်ပွဲများ ကျင်းပခဲ့ပြီး ဘရာဇီးလ် နိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် လူ ၂ ဒသမ ၃ သန်းခန့်သည် ကိုပါ
ကာဘာနား (Capacabana) ကမ်းခြေတွင် မီးရှူး မီးပန်းများ ပစ်ဖောက်သည်ကို ကြည့်ရှု
ရန်နှင့် တေးဂီတများကို နားဆင်ရန် စုရုံးရောက်ရှိခဲ့ကြသည်။

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ရှိ Times Square တွင်လည်း လူတစ်သန်း ခန့်က နှစ်သစ်ကို
ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြ သည်။ ထို့ပြင် အာဖရိကနိုင်ငံများတွင် လည်း
နှစ်သစ်ကူးပွဲတော်များ စည်ကားစွာ ကျင်းပခဲ့ကြသည်ကို တွေ့ရသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း