အရပ်သား ထိခိုက်မှုများနိုင်၍ ဖလူဂျာကိုမတိုက်သေး

ဖလူဂျာမှ ထွက်ပြေးလာကြသော အီရတ်ဒုက္ခသည်မိသားစုများကို မော်တော်ယာဉ်ပေါ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဖလူဂျာမှ ထွက်ပြေးလာကြသော အီရတ်ဒုက္ခသည်မိသားစုများကို မော်တော်ယာဉ်ပေါ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ရာမာ (အီရတ်) - စစ်သွေးကြွများက ရာမာဒီနှင့် ဖလူဂျာမြို့များကို သိမ်းပိုက်
ထားရာတွင် အီရတ်တပ်ဖွဲ့ဝင်များက ရာမာဒီမြို့မှ စစ်သွေးကြွများကို တိုက် ခိုက်နှိမ်နင်းရာ
လူပေါင်း ၂၉ ဦးသေဆုံး ခဲ့အပြီး အရပ်သားများ ထိခိုက်သေဆုံး မှုများဖြစ်ပေါ်မည်စိုး၍ ဖလူဂျာမြို့
ကို လတ်တလော တိုက်ခိုက်ဦးမည်မဟုတ် ကြောင်း အီရတ်အရာရှိတစ်ဦးက ဇန်န ၀ါရီလ ၇
ရက်နေ့၌ ပြောကြားခဲ့သည်။

ဘဂ္ဂဒက်မြို့ အနောက်ပိုင်း အန်ဘာ ပြည်နယ်၏မြို့တော် ရာမာဒီ၏ အစိတ် အပိုင်းများနှင့်
ဖလူဂျာမြို့ တစ်မြို့လုံးကို ပြီးခဲ့သည့်ရက်သတ္တပတ်က စတင်ပြီး စစ်သွေးကြွများက သိမ်းပိုက်
ထားခြင်း ဖြစ်သည်။ စစ်သွေးကြွများက အဓိက မြို့ကြီး များကို ယခုကဲ့သို့ သိမ်းပိုက်ခြင်းမှာ
အီရတ်နိုင်ငံတွင် ၂၀၀၃ ခုနှစ် အမေရိကန်ဦးဆောင်သည့် စစ်ပွဲနောက်ပိုင်း စစ်သွေးကြွများ၏
အရှိန်မြှင့် တိုက်ခိုက် မှုများ ဖြစ်ပေါ်ပြီးကတည်းက ပထမဆုံး အကြိမ်ဖြစ်သည်။

"အရပ်သား ထိခိုက်သေဆုံးမှုတွေ ဖြစ်မှာစိုးတဲ့အတွက် ဖလူဂျာမြို့ကို အခု အချိန် တိုက်လို့
မဖြစ်နိုင်ပါဘူး" ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မိုဟာ
မက် အယ်လ်အက်စ်ကာရီက အေအက်ဖ် ပီသို့ ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ၏ ရှီးယားဦးဆောင် သည့် အစိုးရနှင့် ဆွန်နီ အာရပ် အများစု အကြား နဂိုကတည်းက
ဖြစ်ပေါ်နေသည့် တင်းမာမှုများကို ပိုပြီးအရှိန်မြင့်လာနိုင်သောကြောင့် ဆွန်နီ အများစုနေထိုင်သည့်
မြိုကကို တိုက်ခိုက်ခြင်းက နိုင်ငံ ရေးအရ အလွန်အရေးကြီးပြီး အထိ အခိုက်မခံသည့် ကိစ္စတစ်ရပ်
ဖြစ်လာမည်ဖြစ်သည်။

အမေရိကန်တပ်ဖွဲ့ဝင်များ၏ အကူ အညီမပါဘဲ ယခုကဲ့သို့ အဓိက စစ်ဆင်ရေးတစ်ခုကို
လုပ်ဆောင်ရမည့် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက်လည်း ယင်းက အဓိက စမ်းသပ်
မှုတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မဟာမိတ် ပြုထားသော မျိုးနွယ်စု
လက်နက်ကိုင် များက ရာမာဒီမြို့ တောင်ပိုင်းကို အယ်လ် ကေဒါနှင့် ဆက်စပ်အဖွဲ့ Islamic
State of Iraq and the Levant (ISIL) အဖွဲ့မှ စစ်သွေးကြွများ၏ ထိန်းချုပ်မှု အောက်မှ
ပြန်လည်သိမ်းယူရန် ကြိုးစား ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ တိုက်ခိုက်မှုများကြောင့်
အရပ်သားလေးဦး သေဆုံးပြီး အခြား ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရာမာဒီဆေးရုံ မှ ဒေါက်တာ
အာမက် အဗ္ဗဒူလ်စလင်းမ် က ပြောကြားခဲ့သည်။

ဇန်န၀ါရီလ ၇ ရက်နေ့ နှောင်းပိုင်း၌ ရာမာဒီမြို့တွင် ဒုံးကျည်များဖြင့် ပစ်ခတ် မှုများကြောင့်
စစ်သွေးကြွ ၂၅ ဦးသေ ဆုံးခဲ့ကြောင်း အက်စ်ကာရီကပြော ကြားခဲ့သည်။ ဖလူဂျာမြို့၏ အရှေ့
ဘက် ၁၅ ကီလို မီတာ (၁၀ မိုင်) ခန့်အကွာရှိ တပ်စွဲ ထားရာနေရာတွင် တင့်ကားများ၊ ယာဉ်
များအပါအ၀င် စစ်တပ်အင်အားကို ထပ်မံဖြည့်တင်းထားကြောင်း ရဲအရာရှိ တစ်ဦးက
အေအက်ဖ်ပီသို့ ပြောကြား ခဲ့သည်။

ရာမာဒီနှင့် ဖလူဂျာမြိုကများမှ ထွက်ပြေး လာကြသော လူပေါင်းများစွာ ကာဘာ လာပြည်နယ်
Ain Tamr  ခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုသို့ ရောက်ရှိလာ ကြသည်။ ရှီးယားနှင့် ဆွန်နီလူမျိုးစု
နှစ်စုအကြား ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် အီရတ် နိုင်ငံတွင် အန်ဘာပြည်နယ်၏ မြို့တော်
ရာမာဒီ၏ အစိတ်အပိုင်းများနျင့် ဖလူဂျာ မြိုကတစ်မြို့လုံးကို စစ်သွေးကြွများက သိမ်းပိုက်ထား
ခြင်းကြောင့် ဆွန်နီ မျိုးနွယ်စုမိသားစုများမှာ ယခုအခါ ရှီးယားအများစုနေထိုင်သည့် ကာဘာ
လာပြည်နယ်ထဲသို့ ထွက်ပြေးတိမ်း ရှောင်လျက်ရှိသည်။

ရှီးယားမွတ်စလင်များ အထွတ်အမြတ် ထားရာနေရာများထဲမှ တစ်ခုဖြစ်သည့် တမန်တော်
မိုဟာမက်၏ မြေးတော် ဟူစိန် ကို မြှုပ်နှံထားရာ ကာဘာလာပြည် နယ်ထဲသို့ စစ်သွေးကြွများ
မ၀င်ရောက် နိုင်ရန် အာဏာပိုင်များက လုံခြုံရေး ကို တင်းကျပ်စွာချထားသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း