ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်

သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် ရှပ်နီခေါင်းဆောင် ခွန်ချိုင်းပရိုင်ပါနာ။သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် ရှပ်နီခေါင်းဆောင် ခွန်ချိုင်းပရိုင်ပါနာ။

ဘန်ကောက် - ထိုင်းအတိုက်အခံဆန္ဒပြသူများက ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် စတင် အာဏာ
သက်ရောက်မည့် ထိုင်း အစိုးရ၏ ရက် ၆၀ ကြာ အရေးပေါ် အခြေအနေပြဋ္ဌာန်းမှုကို လျစ်လျူရှု
ကာ အစိုးရဖြုတ်ချရေး ရည်ရွယ်သည့် ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်သွား မည်ဟု ပြောကြား
ခဲ့သည်။

ရက်သတ္တပတ်ပေါင်းများစွာ ဆန္ဒပြ မှုများကြောင့် မြို့တော် ဘန်ကောက်၏ နေရာအချို့တွင်
လည်ပတ်မှုများရပ်ဆိုင်းနေပြီး ဆန္ဒပြသူများကို တိုက်ခိုက် မှုအချို့ ဖြစ်ပွားခဲ့ပြီးနောက် ထိုသို့
အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်း ဖြစ်သည်။

"အရေးပေါ်အခြေအနေ ကြေညာချက်ကို ကျွန်တော်တို့ နည်းနည်းမှ ဂရုမစိုက်ပါဘူး။ ဆန္ဒပြမှုတွေ
ကို အရင်အတိုင်း ဆက်လုပ်သွားမှာဖြစ်ပါတယ်" ဟု ဆန္ဒပြလှုပ်ရှားမှု၏ ပြောရေးဆိုခွင့် ရှိသူ
အက်ကာနက် ပရွမ်ဖန်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ အရေးပေါ်အခြေအနေ ကြေညာမှု
ကြောင့် အစိုးရ အာဏာပိုင်များက ဘန်ကောက်မြိုကတော်နှင့် အနီးဝန်းကျင် နေရာများတွင် ည
မထွက်ရအမိန့်ထုတ် ပြန်ခွင့်ရရှိခြင်း၊ လူငါးဦးထက်ပိုပြီးစုဝေး မှုများကို တားမြစ်နိုင်ခြင်း၊ သံသယရှိ
သူ များကို စွဲချက်မတင်ဘဲ ရက် ၃၀ ကြာ ထိန်းသိမ်းနိုင်ခြင်းနှင့် မီဒီယာကိုစိစစ်ကန့်သတ်နိုင်ခြင်း
တို့ ဆောင်ရွက်ရန်အခွင့်အာဏာ ရရှိမည်ဖြစ်သည်။

"ကျွန်တော်တို့ အင်အားသုံးဖြေရှင်း မှာမဟုတ်ပါဘူး။ ဆန္ဒပြသူတွေကို ဖြိုခွင်းမယ့် ပေါ်လစီလည်း
မရှိပါဘူး။ နောက်ပြီး ညမထွက်ရအမိန့်လည်းအခုထိ မထုတ်ပြန်ရသေးပါဘူး" ဟု အရေးပေါ်အခြေ
အနေ ပြဋ္ဌာန်းမှုကို ဦးစီး အကောင်အထည်ဖော်မည့် အလုပ်သမားရေးရာဝန်ကြီး ချာလန်ယူဘန်ရန်
က ပြောကြားခဲ့သည်။

အရေးပေါ်အခြေအနေ စတင် အာဏာသက်ဝင်သော ဇန်န၀ါရီလ ၂၂ ရက်က ထိုင်းနိုင်ငံ အရှေ့
မြောက်ပိုင်း၌ ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ထိုင်းအစိုးရထောက်ခံသည့် ရှပ်နီလှုပ်ရှားမှု ခေါင်း
ဆောင်တစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်တပ်၏ အကြမ်းဖက် ဖြိုခွင်းခြင်း ခံခဲ့ရသော ၂၀၁၀ ပြည့်နှစ်က မြို့တော် ဘန်ကောက်၌ ဖြစ်ပွား
ခဲ့သည့် ရှပ်နီ ဆန္ဒပြမှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ပြီး
ဒေသတွင်း အသံလွှင့် ဌာနမှ အစီအစဉ်မှူး တစ်ဦးဖြစ်သူ ခွန်ချိုင်းပရိုင်ပါနာကို ထိုင်းနိုင်ငံ အရှေ့
မြောက်ပိုင်းရှိ နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ၍ ပခုံးနျင့်ဒူးတို့တွင် ဒဏ်ရာရရှိခဲ့သည်။

ဆန္ဒပြမှုများကြောင့် ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲရက်ကို ရွှေ့ ဆိုင်းပေးရန် ရွေးကောက်
ပွဲကော်မရှင် က တောင်းဆိုခဲ့ရာ အစိုးရကပယ်ချခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရား
ရုံးသို့ ဇန်န၀ါရီလ ၂၂ ရက်က ထပ်မံတင်ပြခဲ့ကြောင်း အတွင်း ရေးမှူးချုပ် ပျူချောင်းနျူထရာဝမ်းက
ဆိုသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း