ပစိဖိတ်သမုဒ္ဒရာအတွင်း ၁၃ လကြာ မျောပါနေခဲ့သူ

ဟို့စ် ဆယ်လ်ဗန်ဒေါ အယ်လ်ဗာရန်ဂါကို ကင်းလှည့်သင်္ဘောဖြင့် ကယ်ဆယ်လာစဉ်။ဟို့စ် ဆယ်လ်ဗန်ဒေါ အယ်လ်ဗာရန်ဂါကို ကင်းလှည့်သင်္ဘောဖြင့် ကယ်ဆယ်လာစဉ်။

မာဂျူရို - ပစိဖိတ်သမုဒ္ဒရာ ရေပြင်တွင် ငါးဖမ်း လှေငယ်တစ်စင်းဖြင့် ၁၃ လကြာ မျောပါ
နေခဲ့သည် ဆိုသော ဟို့စ် ဆယ်လ်ဗန်ဒေါ အယ်လ် ဗာရန်ဂါသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်
နေရပ်သို့ပြန်ရန် ပြင်ဆင်နေပြီဖြစ်သည်။

အယ်လ်ဗာရန်ဂါမှာ အယ်လ်ဆာဗေဒေါ သို့မဟုတ် မက္ကဆီကိုသို့ မသွားရောက်မီ သေးငယ်သည့်
ပစိဖိတ်နိုင်ငံမာရှယ်ကျွန်းစုမှ ဟာဝိုင်အီသို့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထွက်ခွာမည်ဖြစ်ကြောင်း
အာဏာပိုင်များက ပြောကြားခဲ့သည်။

၎င်းကို အယ်လ်ဆာဗေဒေါနိုင်ငံသို့ ပြန်လည်ခေါ်ယူရန် အလားအလာများကြောင်း ပြည်ပ ရေးရာ
အရာရှိ အန်ဂျန်နက်တီ ကက်တေးလ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

"အစပိုင်းကတော့ သူ့ကို မက္ကဆီကိုနိုင်ငံသား လို့ ကျွန်တော်တို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ သူကမက္က
ဆီကန်တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်တို့ မာရှယ်ကျွန်းစုဒေသကို ကမ်းတင်လာ တဲ့ဘယ်
သူ့ကိုမဆို ကျွန်တော်တို့ အကူအညီတွေ ပေးသွားမှာပါ" ဟု ၎င်းက ပြောခဲ့သည်။

အယ်လ်ဗာရန်ဂါကို အယ်လ်ဆာဗေဒေါ နိုင်ငံတွင် မွေးဖွားခဲ့သော်လည်း ၎င်းမှာ မက္ကဆီကို နိုင်ငံ
တွင် နှစ်ပေါင်းများစွာ သွားရောက်နေထို င်ခဲ့သူဖြစ်သည်။ မက္ကဆီကိုနိုင်ငံမှ ၂၀၁၂ ခုနှစ်နှောင်းပိုင်း
တွင် ငါးဖမ်းခရီးတစ်ခုထွက်ခွာ ခဲ့ကြောင်း၊ ထို့နောက် သမုဒ္ဒရာအတွင်းမျော ပါ လမ်းပျောက်ကာ မာရှယ်ကျွန်းစုများဆီသို့ လှေငယ်လေးဖြင့် မျောပါရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အယ်လ်ဗာရန်ဂါက
ပြောကြားခဲ့သည်။

အသက် ၃၇ နျစ်အရွယ်ရှိ ရေမျောဒုက္ခသည် အယ်လ်ဗာရန်ဂါက ၎င်းမှာ ငါးများ၊ ငှက်များနှင့်
လိပ်များကို အစိမ်းစားခဲ့ရပြီး လိပ်သွေး၊ ဆီးနျင့် မိုးရေတို့ကို သောက်သုံးကာ အသက်ဆက်ခဲ့ရ
ကြောင်းပြောကြားခဲ့ပြီး ၎င်းနှင့်အတူ လိုက်ပါလာသော ဌငါကနူ ခေါ် ဆယ်ကျော်သက်အရွယ်
အဖော်တစ်ဦးမှာမူ သမုဒ္ဒရာအတွင်း မျောပါနေစဉ် သားစိမ်းငါးစိမ်းများ မစားနိုင်ခြ င်းကြောင့်
အစာငတ် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

အယ်လ်ဗာရန်ဂါသည် မာရှယ်ကျွန်းစု မြိုကတော် မာဂျူရိုရှိ ဆေးရုံတစ်ရုံမှ ဖေဖော်ဝါရီ လ ၎
ရက်နေ့က ဆင်းလာပြီးနောက် ရေဓာတ်ခန်း ခြောက်ခြင်းနျင့် အာဟာရချို့တဲ့ခြင်းတို့ခံစား နေရ
သော်လည်း ကျန်းမာရေး တိုးတက်ကော င်းမွန်လာပြီဖြစ်သည်။ ၎င်း၏ ၂၄ ပေရှည်သော လှေ
မှာ ကျောက်တန်းတစ်ခုပေါ်၌ ကမ်း တင်ခဲ့ပြီး ဆံပင်အရှည်၊ မုတ်ဆိတ်အရှည်နှင့် စုတ်ပြတ်နေ
သည့် အတွင်းခံဘောင်းဘီကို ၀တ်ဆင်ထားသော၎င်းကို ဇန်န၀ါရီလ ၃၀ ရက် နေ့က ဒေသခံ
နှစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းသည် ငါးဖမ်းကိရိယာများမရှိဘဲ လိပ် နှင့်ငှက်များကို လက်ချည်းသက်သက်ဖြင့်ဖမ်းယူခဲ့ရ
ကြောင်းနှင့် ကမ်းခြေသို့ မျောပါဆိုက်ရောက်လာချိန်တွင် ၎င်း၏ သင်္ဘောပေါ်၌ ၎င်းဖမ်းထား
သည့် လိပ်တစ်ကောင်ကိုလည်း တွေ့ရသည်ဟုဆိုသည်။

"ကျွန်တော်တို့သူ့ကို အာဟာရဖြစ်စေတဲ့အစား အစာတွေကို ကျွေးနေပါတယ်။ အခုသူ တော်
တော်ကျန်းမာလာပါပြီ" ဟု မြို့တော်ဝန်ူသညနီန မြကာ က အေအက်ဖ်ပီသို့ပြောကြား ခဲ့
သည်။

အီဗန်၏ ဒူးနှစ်ဖက်စလုံးမှာ နာကျင်လျက်ရှိပြီး အကူအညီမပါဘဲ မတ်တတ်မရပ်နိုင်သေး
သော်လည်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ၎င်းက ပြောကြား ခဲ့
သည်။

အီဗန်နှင့် စကားပြောဆိုရာတွင် ဘာသာစကား ကွာခြားမှုကြောင့် အခက်အခဲရှိကြောင်း၊
သို့သော်လည်း ပြောဆိုလိုသည့် စကားများကိုပုံ ဖြင့် ရေးသားဖော်ပြကြခြင်းဖြင့် အချင်းချင်း
ဆက်သွယ်ပြောဆိုကြကြောင်း De Brum က ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း