ယူကရိန်း အဓိကရုဏ်းနှိမ်နင်းရေး ရဲများ ဆန္ဒပြသူများကိုထပ်မံဖြိုခွင်း

ကိဗ် လွတ်လပ်ရေးရင်ပြင်တွင် ရဲနှင့်ဆန္ဒပြသူများ ပဋိပက္ခဖြစ်ပွားနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီကိဗ် လွတ်လပ်ရေးရင်ပြင်တွင် ရဲနှင့်ဆန္ဒပြသူများ ပဋိပက္ခဖြစ်ပွားနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ကိဗ် - ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးကတည်းက ယူကရိန်းနိုင်ငံ၌ ဖြစ်ပွားသည့်
အကြီးကျယ် အဆိုးရွား ဆုံးသောပဋိပက္ခတွင် လူ ၂၅ ဦးထက် မနည်း သေဆုံးခဲ့သည့် အကြမ်း
ဖက်မှု များ ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အဓိကရုဏ်းနှိမ်နင်းရေး
ရဲများက ကိဗ်မြို့ရှိ အစိုးရဆန့်ကျင် ဆန္ဒပြမှုများကို ထပ်မံနျိမ်နင်းမှုများ ပြုလုပ်ခဲ့သည်။

သေဆုံးမှုများ ဖြစ်ပေါ်သည်အထိ ဆိုးရွားလှသည့်ဆူပူအုံကြွမှု၏ နောက် ကွယ်မှ အပြစ်ရှိသူများ
ကို အရေးယူ မှုများပြုလုပ်ရန် စဉ်းစားသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂကပြော ကြားခဲ့ပြီး သုံး
လကြာ ဖြစ်ပွားနေသည့် ဆန္ဒပြမှုများအတွင်း အကြမ်းဖက်မှု များ မြင့်တက်လာသည့်အတွက်
ယူကရိန်း သမ္မတ ဗစ်တာ ယာနူကိုဗစ်က အတိုက် အခံဆန္ဒပြသူများကို ပြစ်တင်ပြော ဆိုခဲ့သည်။

အာဏာပိုင်များက မြို့တော်ကိဗ်ရှိ အဓိက ဆန္ဒပြရာနေရာကို ပြန်လည် သိမ်းပိုက်ရန် ကြိုးစားမှု
တွင် ကိဗ်မြို့ လွတ်လပ်ရေးရင်ပြင်မှ ဆန္ဒပြသူ ထောင်ပေါင်းများစွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက
မျက်ရည်ယိုဗု့းများနှင့် မူးမေ့စေသည့် ဗု့းများအသုံးပြုကာ ညတွင်းချင်း ၀င်ရောက်စီးနင်းနှိမ်နင်းခဲ့
သည်။

ဆန္ဒပြသူများကလည်း ဓာတ်ဆီ ပုလင်းဗု့းများဖြင့်ပစ်ပေါက်ခြင်း၊ျွှာယာ များ မီးရှို့ခြင်းတို့ပြုလုပ်
ကာ တုံ့ပြန် ရင်ဆိုင်ခဲ့ကြသည်။ ယူကရိန်းနိုင်ငံက အနာဂတ်တွင် အနောက်နိုင်ငံများနှင့် မဟာ
မိတ်ပြုလုပ် ရေးနျင့် ရုရှားနိုင်ငံနှင့် မဟာမိတ်အဖြစ် ဆက်လက် ပူးပေါင်းရေးတို့အကြား သဘော
ထား ကွဲလွဲမှုများ ပေါ်ပေါက်ကာ ပဋိပက္ခများ ကြီးထွားလာခြင်းဖြစ်သည်။

ဥရောပသမဂ္ဂက ယူကရိန်းနိုင်ငံကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရေး ထည့်သွင်း စဉ်းစားနေ
သည့်နည်းတူ ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒရေးရာအကြီးအကဲ ကက်သရင်းအက်ရှ်တန် က
ယူကရိန်းနိုင်ငံအရေးနှင့် ပတ်သက် ပြီး အရေးပေါ်အစည်းအဝေး ပြုလုပ် ရန် အဖွဲ့၏ နိုင်ငံခြား
ရေးဝန်ကြီးများ ကို ဖေဖော်ဝါရီ ၁၃ ရက်က ဆင့်ခေါ် ခဲ့သည်။

"ဖိနှိပ်ချုပ်ချယ်မှုအတွက် တာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို တင်းတင်း
ကျပ်ကျပ် အရေးယူ မှုတွေအပါအ၀င် ဖြစ်နိုင်တဲ့ရွေးချယ်မှု တွေအားလုံးကို ရှာဖွေစဉ်းစားသွား
မှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောခဲ့သည်။

အမေရိကန်ဒုတိယသမ္မတ ဂျိုးဘိုင်ဒင် က ယူကရိန်းသမ္မတ ယာနူကိုဗစ်ကို ဖုန်းဖြင့် ဆက်သွယ်
ပြောကြားမှုတစ်ခုတွင် အစိုးရတပ်ဖွဲ့ဝင်များအား ပြန်လည်ရုပ်သိမ်းရန်နျင့် ဆန္ဒပြမှုများနှင့်ပတ်
သက် ပြီး အတတ်နိုင်ဆုံးသည်းခံပေးရန် တောင်းဆိုခဲ့သည်။

ထို့ပြင် ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းနှင့် ပိုလန်ဝန်ကြီး ချုပ် ဒေါ်နယ်လ်တက်စ်တို့ကလည်း
အရေးယူမှုများပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။ သမ္မတ ယာနူကိုဗစ်က ဆန္ဒပြခေါင်းဆောင်များ
နှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းပယ်မှုကြောင့် ယခုကဲ့သို့ ပဋိပက္ခများ ဆိုးရွားလာခြင်းဖြစ်သည်ဟု
ဂျာမနီနိုင်ငံ က ပြစ်တင်ပြောဆိုခဲ့သည်။

ယူကရိန်း ဆန္ဒပြမှုများမှာ ပြီးခဲ့သည့်နျစ် နိုဝင်ဘာ လက စတင်ခဲ့ခြင်းဖြစ်သည်။ အတိုက် အခံ
များနှင့် သမ္မတ ယာနူကိုဗစ်တို့ သည် ညသန်းခေါင်ကျော်အထိ ဆွေးနွေးခဲ့ကြသော်လည်း
မအောင်မြင် ခဲ့ဘဲ အတိုက်အခံခေါင်းဆောင်များက ဆန္ဒပြသူများကို လွတ်လပ်ရေး ရင်ပြင်
၌သာ ဆက်လက်ဆန္ဒပြကြရန် တိုက်တွန်း ခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း