ယင်လပ် မြောက်ပိုင်းရောက်ချိန် ဘန်ကောက်၌ပစ်ခတ်မှုဖြစ်

ထိုင်းရဲဌာနချုပ်ရှေ့တွင် ကြွေးကြော်သံဆိုင်းဘုတ်များဖြင့် ဆန္ဒပြကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီထိုင်းရဲဌာနချုပ်ရှေ့တွင် ကြွေးကြော်သံဆိုင်းဘုတ်များဖြင့် ဆန္ဒပြကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဘန်ကောက် - ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝပ်က ၎င်းကို ထောက်ခံသူများရှိရာ
ထိုင်းနိုင်ငံ မြောက်ပိုင်း အမာခံနယ်သို့ ဖေဖော်ဝါရီလ ၂၆ ရက်က သွားရောက်နေစဉ်
ဘန်ကောက်မြို့ရှိ အတိုက်အခံ ဆန္ဒပြသူများ စုဝေးရာနေရာအချို့အနီး၌ သေနတ်သမားများ၏
ပစ်ခတ်မှုများပေါ်ပေါက်ခဲ့ကာ မြို့တော်အတွင်း တင်းမာမှုများ မြင့်တက်လာသည်။

လူ ၂၂ ဦးသေဆုံးခဲ့ပြီး ရာပေါင်းများစွာဒဏ်ရာရရှိခဲ့သော လေးလနီးပါး ကြာမြင့်နေပြီဖြစ်သည့်
ထိုင်းဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများကို ပစ်မှတ်ထားသည့် အကြမ်းဖက် တိုက်ခိုက် မှုများ
မကြာခဏဆိုသလို ဖြစ်ပွားလာသည်ကိုတွေ့ရသည်။

ဖေဖော်ဝါရီလ ၂၆ ရက် အစောပိုင်းတွင်မည်သူမည်ဝါမှန်းမသိရသည့် သေနတ်သမား များက
ဘန်ကောက်မြို့ရှိ အဆင့်မြင့်ဈေးဝယ်စင်တာများနျင့် ဇိမ်ခံဟိုတယ်များအနီး ဆန္ဒပြ သူများ စခန်း
ချရာနေရာများထဲမှ နေရာသုံးခုတွင် တစ်နာရီနီးပါးကြာ ပြတ်တောင်းပြတ်တောင်း ပစ်ခတ် တိုက်
ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

တိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။ "ဘယ်ဘက်ကလူက ပစ်ခတ်တိုက်
ခိုက်ခဲ့ တာလဲဆိုတာ မသိပါဘူး။ ဒါပေမဲ့ သေနတ်သမားတွေရဲ့ ရည်ရွယ်ချက်ကတော့ လူတွေကို
ကြောက်လန့်တကြား ဖြစ်စေချင်တာဖြစ်ပါတယ်" ဟု ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိတစ်ဦးဖြစ်သည့်
အနူချာရိုမိုင်ယာနန်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုများ ပေါ်ပေါက်ခဲ့သည်ဟုအတိုက်အခံတို့ကပြောဆိုထားသည့် ဆန် စပါးဝယ်ယူ
ရေး အစီအစဉ်နှင့် ပတ်သက်ပြီး တာဝန်ပျက်ကွက်မှုများရှိသည်ဟူသော စွဲချက် ဖြင့် ၀န်ကြီးချုပ်
ယင်လပ်ကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် စစ်ဆေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က
ဆင့်ခေါ်ထားသည်။

အကယ်၍ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် ယင်လပ်အနေဖြင့် ရာထူးမှ ဖယ်ရှားခံရမည်ဖြစ်
ကာ နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ပိတ်ပင်ခံရမည် ဖြစ်သည်။ ယင်လပ်မှာ အစိုးရကပံ့ပိုးထားသည့် စီမံ
ကိန်း များကို စစ်ဆေးရန် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့သို့ ဖေဖော်ဝါရီလ ၂၆ ရက်က သွား
ရောက်ခဲ့ခြင်းဖြစ်ကာ ထိုင်းနိုင်ငံ လုံးဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က
၎င်းအား လာရောက် အစစ်ဆေး ခံရန် ဆင့်ခေါ်ထားမှုကို တက်ရောက်ရန် ပျက်ကွက်ကောင်း
ပျက်ကွက်လိမ့်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး သတင်းထောက်များ က ယင်လပ်ကိုမေးမြန်းရာတွင် ၎င်းက ယခုထိ
မဆုံးဖြတ်ရသေးကြောင်း ပြန်လည်ဖြေကြားသည်။ သို့သော်လည်း ယင်လပ်က ထိုင်းနိုင်ငံမြောက်
ပိုင်းတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိရှိနေမည်ဟု ခန့်မှန်းရကြောင်း အမည်မဖော်လိုသူ အစိုးရ
အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ၀န်ကြီးချုပ်ယင်လပ်သည် ဆန္ဒပြသူများနှင့် ဝေးရာသို့ ထွက်
ပြေးတိမ်းရှောင်သွားခြင်းမဟုတ် ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

ဆန္ဒပြ သူများကလည်း ယင်လပ် မည်သည့်နေရာသို့သွား သည်ဖြစ်စေ ၎င်းနောက်မှ ထက်ကြပ်
မကွာ လိုက်ရန် သန္နိဋ္ဌာန်ချထားပြီး အစိုးရဌာန အဆောက် အအုံများကိုလည်း သိမ်းပိုက်ထား
သည်။

"၀န်ကြီးချုပ်က ဘန်ကောက်မြို့မှာဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို ရှောင်သွားတာမဟုတ်
ပါဘူး" ဟု ပို့ဆောင်ရေးဝန်ကြီး ချက်ချာ့တ် စစ်တီပန့်တ်က ပြောကြားခဲ့သည်။ အကြမ်းဖက်မှုများ
ဖြစ်ပွားခြင်းနှင့် ပတ်သက် ပြီး ယင်လပ်ကိုထောက်ခံသူများအား အတိုက်အခံများဘက်က ပြစ်တင်
ပြောကြားထားသည့်အချိန်တွင် အစိုးရ ထောက်ခံသူများကလည်း အတိုက်အခံဆန္ဒပြသူများက
စစ်တပ်ကြားဝင်ဖြေရှင်းလာစေရေး ကြိုးစားနေသည်ဟု စွပ်စွဲ ထားသည်။

အစိုးရဆန့်ကျင်ဆန္ဒပြသူ ရာပေါင်းများစွာက ဘန်ကောက်မြို့ရှိ ရဲဌာနချုပ် အပြင်ဘက်တွင်
ဖေဖော်ဝါရီလ ၂၆ ရက်က စုဝေးဆန္ဒပြခဲ့ကြပြီး အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း သေဆုံး ခဲ့
သည့်ကလေှးုယ်များအတွက် တရားမျှတမှု ရရန် တောင်းဆိုခဲ့ကြသည်။

ဝန်ကြီးချုပ်ယင်လပ်သည် ထိုင်းနိုင်ငံမြောက် ပိုင်းနှင့် အရှေကမြောက်ဒေသများမှ ကျေးလက်
ဒေသနေပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှု ဖြင့် ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့
ခြင်းဖြစ်သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း