အစရှာမရသေးသည့် မလေးရှား လေယာဉ်ကြီး

ကွာလာလမ်ပူ - ယခုအချိန်အထိ လေယာဉ်နှင့် ပတ်သက်သည့် သဲလွန်စတစ်စုံတစ်ရာ
ရှာမတွေ့ သေးဘဲ အစအနရှာမရအောင် ပျောက်ဆုံးနေ သော မလေးရှား လေကြောင်းလိုင်း
လေယာဉ် ကိုရှာဖွေရာတွင် ရှေကနောက်မညီညွတ်မှုများ၊ ဥတင်းအချက်အလက် ကွာဟမှုများနှင့်
ပတ်သက်ပြီး မလေးရှားနိုင်ငံက အကြီးအကျယ် ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

လူ ၂၃၉ ဦးလိုက်ပါသွားသည့် သြနငညါ ၇၇၇၂၀၀နျွ လေယာဉ်ကို လေယာဉ်ပျောက် ဆုံးသွား
သည်ဟု ယူဆရသော တောင်တရုတ်ပင်လယ်ပြင်တွင် နိုင်ငံတကာ က သင်္ဘောများ၊ လေယာဉ်
များဖြင့် ပိုက်စိတ်တိုက် ရှာဖွေခဲ့ပြီး ယခင်ရှာဖွေနေသည့် ရေပြင်နယ်နိမိတ်ကိုလည်း နှစ်ဆတိုးချဲ့
ကာ ဆက်လက် ရှာဖွေလျက်ရှိသည်။ တောင်တရုတ်ပင်လယ်ပြင်ပေါ်တွင် လေယာဉ် က မူလဦး
တည်ထားသည့် တရုတ်နိုင်ငံမြို့တော်ပေကျင်းသို့သွားရမည့် လမ်းကြောင်းကို ပြောင်းလဲ ပျံသန်း
ခဲ့ဖွယ်ရှိသည်ဟု အစောပိုင်းရရှိခဲ့သည့် ရေဒါအချက်အလက်များကို ကိုးကားပြီး အာဏာပိုင်များ
က မလေးရှား အနောက်ဘက် ကမ်းလွန် မလက္ကာရေလက်ကြားသို့ ပထမ အကြိမ် နယ်နိမိတ်
တိုးချဲ့ရှာဖွေခဲ့သည်။

သို့သော်လည်း ယခုအခါတွင် အဆိုပါပျောက် ဆုံးလေယာဉ်ကို ကပ္ပလီပင်လယ် တောင်ပိုင်း
အထိ နယ်နိမိတ်တိုးချဲ့ရှာဖွေနေကြောင်း မလေး ရှားအရာရှိတစ်ဦးက မတ်လ ၁၂ ရက်နေ့က
ပြောကြားခဲ့သည်။

ထိုသို့အမျိုးမျိုးပြောင်းလဲ မှုများမှာ မလေးရှားအာဏာပိုင်များက ယခု လောက် အတိုင်းအတာ
ပမာဏရှိသည့် အခြေ အနေတစ်ရပ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိ ဟု ပြစ်တင်မှုများ ပေါ်ပေါက်
လာခဲ့သည်။ လေယာဉ်က မလေးရှားလေပိုင်နက်မှ ဗီယက် နမ်လေပိုင်နက်သို့ မကူးပြောင်းမီ
လေယာဉ်မှူး အခန်းမှ နောက်ဆုံးရရှိသည့် ရေဒီယိုဆက်သွယ် မှုတစ်ခုမှာ "အေးချမ်းစွာ
အနားယူနိုင်ပါစေ။ ကောင်းသောညလေးပါ" ဟူ၍ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ မလေးရှား
သံအမတ်က လေယာဉ်ပေါ်လိုက်ပါသွားသော တရုတ်လူမျိုး ခရီးသည်များ၏ဆွေမျိုးများနှင့်
မတ်လ ၁၂ ရက် က ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျသည်ဟု အတည်ပြုနိုင် သော အပျက်အစီးအပိုင်းအစများကို ယခုအထိမတွေ
့ရသေးသည့်အပြင် မလေးရှားအရှေကဘက် ကမ်းလွန်ရေပြင်တွင်တွေ့ရသော ဆီကွက်မှာလည်း
ပျောက်ဆုံးလေယာဉ်နှင့် မသက်ဆိုင် ဟု မလေးရှားရေကြောင်းက အတည်ပြုသည်။

ထူးဆန်းစွာပျောက်ဆုံးနေသော လေယာဉ် ပေါ်တွင်လိုက်ပါသွားသည့် ခရီးသည် ၂၃၉ ဦး အနက်
၁၅၄ ဦးမှာ တရုတ် သို့မဟုတ် ထိုင်ဝမ်မှ ဖြစ်ပြီး ၃၈ ဦးမှာ မလေးရှားနိုင်ငံမှဖြစ်သည်။ အသက်
ကယ်လှေတစ်စင်း ဖြစ်နိုင်ဖွယ်ရှိသည့် အရာဝတ္တုတစ်ခုတွေ့ရသည်ဟုဆိုသဖြင့် မလေးရှားနိုင်ငံက
စုံစမ်းရန် သင်္ဘောများကို စေလွှတ်ခဲ့ကြောင်း မတ်လ ၁၀ ရက်နေ့က ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း