အီးယူ 'ကန်'ဆွေးနွေးပွဲ အိုဘားမားတက်

အစည်းအဝေးတက်ရောက်လာသည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမား။အစည်းအဝေးတက်ရောက်လာသည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမား။

ဘရပ်ဆဲလ် (ဘယ်လ်ဂျီယမ်) - ဥရောပသမဂ္ဂဌာနချုပ်သို့ အမေရိကန်သမ္မတ
အိုးဘားမားပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခြင်းက ရုရှား တို့၏ နယ်ချဲ့ဝါဒကျင့်သုံးမှုကို
အားနည်းချက်သင်္ကေတအဖြစ် ၀ါးလုံးသိမ်း ပြောဆိုပြီးနောက် ခရိုင်းမီးယား သိမ်းပိုက်မှုကို
ဆန့်ကျင်သော အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ သဘောထား များကို ပိုမိုခိုင်မာစေသည်။

ခရိုင်းမီးယားပဋိပက္ခကြောင့် နှစ်ပိုင်းအတွင်း အမေရိကန်သမ္မတ ဥရောပသို့ သွားရောက်သည့်
အရေးကြီးဆုံးခရီးစဉ်အဖြစ် မြင်တွေ့ရပြီး အဆိုပါခရီးစဉ်သည် ဥရောပသမဂ္ဂ ထိပ်တန်း အရာရှိ
များနှင့် အိုဘားမားတို့ ဘရပ်ဆဲလ်တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ထိပ်သီးဆွေးနွေး ပွဲပေါ်
ပေါက်ကာ ယင်းတွေ့ဆုံမှုသည် ဥရောပ နှင့် အမေရိကန်တို့ကြား ရင်းနှီးမှုရရှိအောင် ပြုလုပ်
လိုက်သည့် ဆောင်ရွက်ချက်ဖြစ်သည်ကိုလည်း တွေ့ရသည်။

သည်ဟိတ်မြို့တွင်ကျင်းပသောနျူကလီး ယားလုံခြုံရေး ညီလာခံပွဲအပြီး သွားခဲ့သော အိုးဘားမား
သည် ဆက်လက် သွားရောက်မည့် ခြောက်ရက်ကြာ ဥရောပခရီးစဉ်အတွက် အီတလီသို့ ဆက်
မသွားမီ ၂၄ နာရီမပြည့်သည့်အချိန်အတွင်း ဥရောပသမဂ္ဂ၏မြိုကတော် ဘရပ်ဆဲလ်တွင် ရှိနေ
မည်ဖြစ်သည်။

အိုဘားမားသည် ဥရောပသမဂ္ဂကောင်စီ ဥက္ကဋ္ဌ ဟာမန်ဗင်ရိုပူနှင့် ကော်မရှင်ဥက္ကဋ္ဌ ဂျိုးစ်မန်နျူရယ်
လ်ဘာရိုဆိုတို့ကို ၇၅ မိနစ်သာ ကြာမည့် နေလယ်စာစားချိန်တွင် တွေ့ဆုံပြီး ယူကရိန်းပဋိပက္ခများ
ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။

ဥရောပခရီးစဉ်အတွင်း အိုဘားမားပြောကြားခဲ့သည့် မိန့်ခွန်းကို နောက်ပိုင်းတွင် ထုတ်ပြန်မည်ဖြစ်
ပြီး "နယ်စပ်ဖြစ်တဲ့ ယူကရိန်း မှာလက်ရှိဖြစ်ပျက်နေတာတွေကို အိုဘားမား က ပြန်လည်သုံးသပ်
ပြောကြားပါလိမ့်မယ်" ဟု အိမ်ဖြူတော် အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

"ဥရောပဆိုင်ရာ အစီအစဉ်တွေ ဆောင်ရွက်ရာမှာ အချက်အချာဖြစ်တဲ့ ဥရောပအလယ်ဗဟို
ဘရပ်ဆဲလ်ကနေပြီး ဥရောပနိုင်ငံတွေနဲ့ ဆိုင်တဲ့ အရေးကြီး လုံခြုံရေးကိစ္စတွေကို သူပြောကြား
မှာပါ" ဟု ၎င်းကပြောသည်။ ခရိုင်းမီးယားအပေါ် ရုရှားအစိုးရ၏လုပ်ရပ် များအတွက် ပြစ်ဒဏ်
များစွာ ချမှတ်ခြင်းမရှိ သေးသော်လည်း စီးပွားရေးတွင် ထိပ်တန်း ရောက်နိုင်ငံ ခုနစ်နိုင်ငံက
ရုရှား၏ လုပ်ရပ်များ အတွက် နစ်နာကြေး ကောက်ခံသင့်သည်ဟု တင်ပြကြကြောင်း အိုဘားမား
က ပြောကြား ခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း