မကောင်းမှုများ စုဝေးရာလာအိုလောင်းကစားဝိုင်းများ

တုန်ဖီအန်း(လာအို) - မနက် ၉ နာရီအချိန် ဆိုပေမယ့် လောင်းကစားဝိုင်းကြီးတွေမှာတော့
ကစားသမားတွေ ပွဲကြီးပွဲကောင်း နွှဲနေကြတုန်း။ လျှပ်စစ်မီးရောင်စုံဖြင့် အလှဆင်ထားသော ကင်းရိုးမား ကာစီနို လောင်းကစားရုံကြီး၏ ညရှုခင်း။ ဓာတ်ပုံ - အေအက်ဖ်ပီလျှပ်စစ်မီးရောင်စုံဖြင့် အလှဆင်ထားသော ကင်းရိုးမား ကာစီနို လောင်းကစားရုံကြီး၏ ညရှုခင်း။ ဓာတ်ပုံ - အေအက်ဖ်ပီ

တစ်ညလုံး အသေအလဲ ကြိုးစား လောင်းကြတဲ့ကစားသမားတွေဆီက လောင်းကစားဒိုင်တွေက
လောင်းကြေးတွေကို သိမ်းသူကသိမ်း၊ကစားပြီးလက်ပန်းကျသွားလို့ အနီးအနား မှာအိပ်တဲ့
ကစားသမားကအိပ်နဲ့ အမျိုးမျိုးဖြစ်ပျက်နေချိန်မှာ တစ်ယောက်သော သူကတော့
လောင်းကစားဝိုင်းကရလာတဲ့ ငွေစက္ကူအလိပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ။

တုန်ဖီအန်း (Ton Pheung) ခရိုင်၊ ဘိုကီယို ၀ါက တရုတ်လူမျိုးပိုင် ကာစီနိုလောင်းကစား
ဝိုင်းဟာ အကျယ် စတုရန်းမီတာ ၁၀,၀၀၀ ရှိတဲ့ ရွှေတြိဂံနယ်မြေရဲ့ အထူးစီးပွားရေးဇုန်
(Golden Triangle Special EconomicZone) ရဲ့ အလယ်ဗဟိုတည့်တည့်မှာရှိပြီး အိမ်နီးချင်း
နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကွန်မြူနစ် ၀ါဒီတွေ အုပ်ချုပ်တဲ့ လာအိုအစိုးရက ဖွင့်လှစ်
ထားတာဖြစ်ပါတယ်။

  King Romans(ရောမအင်ပါယာမှအရှင်သခင်များ) ဆိုတဲ့ နှစ်ထပ်အဆောက်အအုံဟာ
သူ့ရဲ့ပြိုင်ဘက် ဒေသတွင်းက လောင်းကစားဝိုင်းတွေ စုဝေးရာ မကာအို ကစားဝိုင်းတွေကြောင့်
မှေးမှိန်သွားပါတယ်။

ဒါပေမဲ့ တစ်ပတ်မှာ ခုနစ်ရက်ဖွင့်ပြီး ၂၄ နာရီလုံး အချိန်ပြည့်ကစားနိုင်တဲ့ Kings Romans မှာ
လက်ဆွဲအိတ်တွေ၊ အိတ်ကပ်တွေထဲ ငွေအပြည့်နဲ့ တောင်ဘက်ပိုင်းကို ဆင်းပြီး ခြေဆန့်လာတဲ့
တရုတ်လောင်းကစား သမားတွေရဲ့ လာနေကျနှုန်းကတော့ ပုံမှန် ရှိတယ်လို့ ဆိုပါတယ်။

"တရုတ်ကစားသမားတွေက ကမ္ဘာပေါ်မှာရှိတဲ့ လောင်းကစားသမားတွေထဲမှာ အတော်ဆုံးပဲ" လို့
ဖောက်သည် ကြိုဆိုရေး တာဝန်ရှိသူ အမျိုးသမီးကြီးတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနက
သွားရောက် သတင်းယူစဉ်မှာ အားရ၀မ်းသာ ပြောပြပါတယ်။ "သူတို့တွေက စားပွဲမှာ ထိုင်ပြီး
တာနဲ့ တစ်ရက်နှစ်ရက် မထဘဲ ဆက်တိုက်ကစား နိုင်တယ်။ တကယ် အံ့ဩဖို့ကောင်းတယ်"လို့
အမည်မဖော်လိုတဲ့ အဲဒီအမျိုးသမီးက ဆိုပါတယ်။ ကုန်းတွင်းပိတ် နိုင်ငံဖြစ်ပြီး ဆင်းရဲတဲ့
လာအိုနိုင်ငံအတွက် လောင်းကစား ၀ိုင်းတည်ရှိရာနေရာကြီးကပဲ နိုင်ငံရဲ့ အဓိက
ဝင်ငွေဖြစ်နေပါတယ်။

တရုတ်နိုင်ငံရဲ့ ငွေတွေဟာ ဒီလိုနည်းနဲ့ လာအိုနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းထဲမှာလည်
ပတ်စီးဆင်းနေတာပါ။ နိုင်ငံရဲ့အများဆုံး ရင်းနှီးမြှုပ်နှံမှုတွေကတော့ တရုတ်နိုင်ငံက
အကျိုးအမြတ် အများဆုံးရရှိတဲ့ ရထားလမ်း၊ ကားလမ်းနဲ့ ရေအားလျှပ်စစ်ထုတ်လုပ်မှု
လုပ်ငန်းတွေထဲမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ၀င်ငွေလည်ပတ်မှုဟာလည်း ဆိုးရွားစွာ ဒုက္ခ
ပေးတတ်တဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ကုန်ကျမှုများရှိပြီး ကြီးကျယ်လှတဲ့ လုပ်ငန်းကြီးတွေ ဆောင်ရွက်ဖို့မှာလည်း မြေရာမဲ့ဆင်းရဲသားတွေရဲ့ ဆန့်ကျင်မှုကို ခံနေ
ရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အထူးစီးပွားရေးဇုန် (SEZ) ဟာ တရုတ်နိုင်ငံကရလာတဲ့ ငွေမည်းတွေကို ငွေဖြူလုပ်ဖို့
အကောင်းဆုံးနေရာဖြစ်သလို ဒေသတွင်း ရာဇ၀တ်သားတွေ စုဝေးရာနေရာလည်းဖြစ်
တယ်လို့လည်း ဆိုပါတယ်။ The Golden Triangle (ရွှေတြိဂံနယ်မြေ) ဟာ မူးယစ်ဆေး
ထုတ်လုပ်ရောင်းချတဲ့နေရာအဖြစ် လူသိများ နေတာ အတော်ကြာပါပြီ။ လွန်ခဲ့တဲ့ ဆယ်စု
နှစ်အတွင်း ကမ္ဘာပေါ်မှာ ဘိန်းဖြူထုတ်လုပ် မှု အများဆုံး နိုင်ငံတချို့ကို ဘိန်းဖြူတွေ
ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း မူးယစ်ဆေး ရောင်းချတဲ့ ဂိုဏ်းတွေက မက်သဒုန်းအခဲတွေနဲ့
တခြား အရည်အသွေးမြင့် မူးယစ် ဆေးတွေထုတ်လုပ်တဲ့ ဘိန်းချက်ရုံတွေကို ဖွင့်လှစ်
ထားတယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂဆိုင်ရာ မူးယစ်ဆေး နှင့်
ရာဇ၀တ်မှုများ တိုက်ဖျက်ရေးအဖွဲ့ (UNODC) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

"ကာစီနိုကစားဝိုင်းလို ငွေရလွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ငွေလဲလှယ်ရေး ကောင်တာ၊
ဒါမှမဟုတ် စားသောက်ဆိုင်တွေ က တရားမ၀င်နည်းလမ်းနဲ့ ရလာတဲ့ငွေတွေ ကို တရားဝင်
စီးပွားရေးဖြစ်အောင် လုပ်ပေး နိုင်တဲ့ အကောင်းဆုံး အခွင့်အလမ်းတွေပဲ" လို့ UNODC က
ဂျီအိုဗန်နီ ဘရော့စ်ဆတ်က သတိပေး ပြောကြားထားပါတယ်။

ဆူညံပွက်လောရိုက်နေတဲ့ အရက်ဝိုင်းတွေ ရှိရာ လောင်းကစားဝိုင်းတွေဟာ ကိုယ့်ရပ်
ရွာကနေ စပ်စုတဲ့အကြည့်တွေနဲ့ အကြည့်ခံ ရတဲ့အဖြစ်ကနေ ကင်းဝေးလိုတဲ့ ကစားသမား
တွေရဲ့အလိုကိုဖြည့်ဆည်းပေးဖို့ အရှိန်ကောင်း ကောင်းနဲ့ ဖွင့်လှစ်လာကြတယ်လို့
သိရပါတယ်။ လမ်းဘေးပလက်ဖောင်းတွေ၊ မြောက်မြား လှစွာသော အနှိပ်ခန်းတွေမှာလည်း
လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေကြတဲ့ လိင်လုပ်သားတွေလည်း ရှိတယ်လို့
ဆိုပါတယ်။

တရားမ၀င် တောရိုင်းတိရစ္ဆာန်တွေ ရောင်းချတဲ့ အထူးစီးပွားရေးဇုန် ဖြစ်မလာဖို့ အတွက်
လာအိုနဲ့ တရုတ်နိုင်ငံတွေမှာ တာဝန် ရှိတယ်လို့ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေက
ဆိုပါတယ်။ တရုတ်စီးပွားရေးသမားတွေနဲ့ မကောင်းမှု လုပ်သူတွေဟာ လာအိုနိုင်ငံရဲ့
ဥပဒေနဲ့အညီ အရေးယူမှု အားနည်းချက်ကို အသုံးချနေကြပြီး လာအိုအစိုးရဟာလည်း
နိုင်ငံတွင်း ဖြစ်ပျက်နေတာတွေကို လျစ်လျူရှုထားတယ်ဆိုပြီး ဟန်ဆောင်ဖုံးကွယ်နိုင်ခြင်း
မရှိကြဘူး" လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက် နစ်နာမှုကို ဆန်းစစ်လေ့လာသည့်အဖွဲ့
(EIA) က ဒက်ဘီဘန့်က ပြောကြားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း