အင်န်ဂျီအိုတွေထိန်းရေး ကမ္ဘောဒီးယားဥပဒေသစ်ကို ချီးကျူးတယ်

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGOs) အပေါ် စောင့်ကြည့်စစ်ဆေးတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ
့ ဥပဒေသစ်အပေါ် အနောက် အုပ်စု အစိုးရတွေရဲ့ တုံ့ပြန်မှုကိုကြည့်ရင် အဆိုတော် ဂျင်မီကလစ်ဖ်ရဲ့
ရက်ဂေးသီချင်း Hypocrites (ကြောင်သူတော်တွေ) ကို ပြန်ပြောင်း သတိရမိတယ်။ ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်ရှေ့တွင် ဇူလိုင် ၁၃ ရက်က အစိုးရကို ကန့်ကွက်ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီကမ္ဘောဒီးယား အမျိုးသားလွှတ်တော်ရှေ့တွင် ဇူလိုင် ၁၃ ရက်က အစိုးရကို ကန့်ကွက်ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အဲဒီသီချင်းထဲက အရှိကို အရှိအတိုင်း ဖော်ပြတဲ့ "ကြောင်သူတော် တစ်နေ့ကျ မင်းဟာ
ပေးဆပ်ရလိမ့်မယ်"ဆိုတဲ့ သံပြိုင်ဟာ ယနေ့ တရားမျှတမှုမရှိတဲ့ ကမ္ဘာကြီးမှာတကယ်
ဖြစ်ပေါ်လာဖို့ မလွယ်တော့ပါဘူး။

အနောက်အုပ်စုက ဝေဖန်သူတွေဟာ သူတို့ရဲ့ သူတော်ကောင်း ဟိတ်ဟန်ထုတ်မှု တွေကြောင့်
ဘယ်တော့မှ ပေးဆပ်ဖို့မရှိ ပေမယ့် ကျွန်တော်တို့ဟာ အနည်းဆုံးတော့ သူတို့ကို ဖော်ထုတ်ပြီး
တံကျင်လျှိုတဲ့ အခွင့် အရေးယူကာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အခုလို ချီးမွမ်း ဖွယ်ရာလုပ်ရပ်တစ်ခုကို
ဂုဏ်ပြုကြရ အောင်လား။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ၀ါရင့်ခေါင်းဆောင် ဖြစ်တဲ့ ၀န်ကြီးချုပ် ဟွန်ဆန်ဟာ
ပြစ်တင် ဝေဖန်မှုတွေ အတော်များများခံရပေမယ့် အများစုဟာ တရားတာကြောင့် သူဟာ
မဆုတ်မနစ် လုံ့လထုတ်တဲ့အတွက် ငါးနှစ်ပြည့် ပြန်လည် အရွေးခံတဲ့အခါမှာ ပြည်သူတွေ
ကလည်း ပြန်လည်ထောက်ခံကြတယ်။

အမေရိကန်၊ ဥရောပနဲ့ ဩစတြေးလျ နိုင်ငံတွေက ဝေဖန်သူတွေ လုပ်နေကျအတိုင်း အလို
အလျောက်လုပ်တတ်တဲ့ တုံ့ပြန်မှုဖြစ်တဲ့ ဒီ NGo တွေကို စောင့်ကြည့် အကဲခတ်တဲ့ ဥပဒေသစ်ဟာ
အနေအထိုင် ကျဉ်းကျပ်တယ် လို့ ပြောတာတွေထက် ၀န်ကြီးချုပ်ဟွန်ဆန်ရဲ့ သူ့တိုင်းပြည်
သူ့နိုင်ငံအတွက် ကောင်းမွန်တဲ့ လုပ်ရပ်တွေကို သင့်တင့်လျောက်ပတ်တဲ့ ဝေဖန်သုံးသပ်ချက်တွေ
ပေးသင့်ပေးထိုက် ပါတယ်။ အမှန်တကယ်မှာ သူ့ဥပဒေသစ်ဟာ စင်ကာပူနိုင်ငံနဲ့ တခြား
တိုးတက်နေတဲ့ နိုင်ငံတွေကြွဥ တွေကို တရားဝင် မှတ်ပုံတင်စေပြီး နိုင်ငံရေးမှာ ၀င်ရောက်
မစွက်ဖက်ဖို့ တားမြစ်တာတွေကို အတုယူပြီး လုပ်တဲ့ သဘောပါပဲ။ ဒီဥပဒေကို ကျယ်ပြန့်စွာ
ရေးဆွဲထားတာ ကြောင့် NGO တွေဟာ အပြင်ပန်းအားဖြင့် လူ့အခွင့်အရေးကိစ္စတွေနဲ့ ရင်ဆိုင်
ရတဲ့ လုပ်ငန်းတွေကို ထိန်းချုပ်ရာမှာ သုံးနိုင်ပြီး အစိုးရရဲ့ ပေါ်လစီကို ဆန့်ကျင်တယ်လို့ သားပုပ်လေ
လွင့်ပြောသူတွေက ပြောကြတယ်။ ဒါဟာ မှန်ပါတယ်။ ဒီလိုသာပြောရရင် ဒီဒေသနဲ့
တခြားနေရာတွေမှာတောင် အာဏာရပါတီနဲ့ ဖီလာဆန့်ကျင်တဲ့ အဖွဲ့တွေ ကို ကန့်သတ်တဲ့
ဥပဒေတွေ ကမ္ဘာဒီးယားနိုင်ငံ မှာရှိနေပြီးသားပဲ။ ဒီတော့ ဒီဥပဒေသစ်ဟာ ဒီကိစ္စနဲ့ ပတ်သက်လို့
ဘာမှပြောင်းလဲစရာ မရှိပါဘူး။ အနောက်အုပ်စုက ဒီလိုအကြံပြုတာကလည်း ကြောင်သူတော်ဆန်
တဲ့ သဘောရောက်တယ်။ သူတို့မှာလည်း NGO တွေရဲ့ လှုပ်ရှားမှုတွေကို စည်းကမ်းအရ
ထိန်းသိမ်းတဲ့ အလားတူ ဥပဒေ တွေလည်း ရှိနေကြတာပဲ။ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီး
Sarkheng က ဒီလို ပြောခဲ့တယ်။

"တချို့ နိုင်ငံခြားတိုင်းပြည် တွေဟာ ဒီဥပဒေကို ဘာကြောင့် ဆန့်ကျင် တယ်ဆိုတာ ကျွန်တော်
နားမလည်နိုင်ဘူး။ သူတို့ရဲ့ ဥပဒေတွေအပေါ် အခြေခံပြီး ကျွန်တော်တို့ ပြင်ဆင်ခဲ့တာပဲ။
သူတို့ကတော့ ရှိတယ်၊ ကျွန်တော်တို့ကတော့ ဘာကြောင့် မရှိရမှာလဲ" အမှန်တကယ်တော့
ကမ္ဘောဒီးယားနိုင်ငံ ဟာ တခြားနိုင်ငံတွေနဲ့ အမီလိုက်နေတာပဲ ဖြစ်တယ်။ တကယ်ကိုလည်း
လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိုးအစားမမျှတ တဲ့ NGO တွေရှိနေတဲ့အပြင် တချို့ဟာ
ပိုက်ဆံရမယ့် လုပ်ငန်းတွေကိုသာ လုပ်ဆောင် နေကြတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်လာတဲ့
ယနေ့ မြန်မာနိုင်ငံလိုပဲ ခမာနီအစိုးရရဲ့ ရက်စက်မှု တွေနဲ့ ၁၀ နှစ်ကြာ ဗီယက်နမ်နိုင်ငံရဲ့ ကျူးကျော်
ဖိနှိပ်ချုပ်ချယ်မှုအောက်က လွတ်မြောက် လာတဲ့နှစ်တွေ နောက်ပိုင်းမှာ ကမ္ဘောဒီးယား နိုင်ငံဟာ
လည်း NGO အများစုကို ၀မ်းမြောက် ၀မ်းသာစွာနဲ့ လက်ခံခဲ့တယ်။

တစ်သီးပုဂ္ဂလ NGO တွေအပါအ၀င် ကုလသမဂ္ဂအေဂျင်စီတွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်တွေကို
အသားမကျခင် ပိုပြီး စည်းစည်းလုံးလုံး ဖြစ်မလာခင် အလွန် လိုအပ်ခဲ့တယ်။ လုပ်ငန်းဆောင်
တာတွေ ပြီးသွားတဲ့အခါမှာတော့ သူတို့ပြန်လည်ထွက် ခွာသွားနိုင်ကြတယ်။ ဒါပေမဲ့
တစ်သီးပုဂ္ဂလအဖွဲ့တွေ အတော် များများဟာ ကျန်ခဲ့ပြီး အပြင်ပန်းအားဖြင့် လမ်းပေါ်က
အလေအလွင့်ကလေးတွေ၊ စော်ကားခံရတဲ့ လိင်လုပ်သားတွေ၊ အိမ်ပစ် ရာပစ် တောင်သူလယ်
သမားတွေနဲ့ တခြား ချို့တဲ့နွမ်းပါးတဲ့လူတွေကို ကူညီတယ်ဆိုတဲ့ ကုသိုလ်ဖြစ် အဖွဲ့အစည်းတွေ
လည်း အများ အပြား ၀င်ရောက်လာကြတယ်။

တချို့ NGO တွေဟာ အစစ်အမှန်တွေဖြစ်ပြီး သူတို့ရဲ့ လုပ်ရပ်တွေဟာ ချီးကျူးထိုက်ပေမယ့်
တချို့ NGO တွေကျတော့ ရိုက်စားအဖွဲ့တွေဖြစ်ပြီး ခိုကိုးရာမဲ့ ကလေးတွေနဲ့ ချုံးချုံးကျနေတဲ့ အမျိုး
သမီးတွေရဲ့ ဓာတ်ပုံတွေကို ပီပီပြင်ပြင်ပြကာ အရေးကြီး အကူအညီလုပ်ငန်းတွေ လုပ်နေကြ
တယ်လို့ ဆိုကြတယ်။ ပျက်ကိန်း၊ သို့မဟုတ် သနားစဖွယ်ပုံရိပ် တွေကို အသုံးပြုကာ ရန်ပုံငွေရှာ
တာကို မကြိုက်နှစ်သက်တဲ့ NGO တစ်ခုရဲ့ အကြံပေး ချက်ကို သူတို့တွေဟာ မထီမဲ့ပြင်လုပ်ကာ
ဒီလိုနည်းတွေနဲ့ ရိုးစင်းတဲ့အလှူရှင်တွေထံက လိမ်ညာလှည့်ဖြား ကောက်ခံကာ သူတို့
စောင့်ရှောက်နေတယ်ဆိုတဲ့ လူတွေကိုပဲ များသောအားဖြင့် ပြန်စော်ကားကြတယ်။

ဒါကြောင့်လည်း လူသိနည်းတဲ့ NGO အမှုဆောင်အရာရှိတွေ SUV ကားကောင်းတွေစီး၊
အပျံစားတိုက်ခန်းတွေမှာ နေထိုင် ကြပြီး ဒေသခံအမှုထမ်းတွေကိုတော့ တစ်ပဲ ခြောက်ပြားပေးကာ
တကယ့် ကူညီထောက်ပံ့ တဲ့လုပ်ငန်းကျတော့ စတိသာလုပ်တဲ့ သတင်း တွေဟာ ကမ္ဘောဒီးယား
မီဒီယာတွေမှာ ပါလာ ကြတယ်။ လောလောလတ်လတ် ပေါ်လာတဲ့ NGO တွေမှာ
ဘာတွေဖြစ်ပျက်နေတာကို စုံစမ်းဖို့ ကြိုးစားကြတဲ့ ဒေသခံသတင်းစာဆရာတွေမှာ
များသောအားဖြင့် နှုတ်နဲ့ခြိမ်းခြောက်ခံရ တာတွေရှိသလို တစ်ခါတလေ ကိုယ်ထိ
လက်ရောက် အစော်ကားခံရတာတွေလည်း ရှိသေးတယ်။ ဒီနောက်ကြောင်းကို ကြည့်လိုက်ရင်
အဖြေကပေါ်လာတာပဲ။ တခြားနိုင်ငံတွေမှာ လိုပဲ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဥပဒေသစ်ဟာ NGO
တွေအတွက် အလွန်လိုအပ်တဲ့ ထိန်းသိမ်းဖို့ယန္တရားတွေကို ချမှတ်ထား တယ်။ ပြီးခဲ့တဲ့ရက်
သတ္တပတ်က ယူနိုက်တက် ကင်းဒမ်း (UK) မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို ကြည့်ရင်သိနိုင်ပါတယ်။
အင်္ဂလန်နိုင်ငံ အထောက်အပံ့ပေးတဲ့ အကြီးဆုံးအဖွဲ့အစည်းတွေထဲမှာ တစ်ခု ဖြစ်တဲ့ Kids
Company ဟာ ပိတ်ပစ်လိုက်ရတယ်။

ဘာကြောင့်လဲဆိုရင် ငွေကြေး မှားယွင်းစွာ စီမံခန့်ခွဲမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတို့ကြောင့်
အစိုးရက ထောက်ပံ့ ကြေး ပေါင်ငွေ သုံးသန်းကို ချက်ချင်းရပ်ပစ် လိုက်လို့ဖြစ်တယ်။ ဒီလို
လုပ်တာလည်း မပြောနဲ့လေ၊ ကြည့်ရတာ Kids Company ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းရရှိခဲ့တဲ့
ပေါင်ငွေသန်း ၄၀ ကို တန်ဖိုးကြီး အ၀တ်အစားတွေ၊ အရက်နဲ့ မူးယစ်ဆေးဝါးတွေမှာ သုံးဖြုန်းခဲ့
တယ်။ ဒီလို ကြီးမားတဲ့ပမာဏ မဟုတ်ပေမယ့် ဒီဒေသ နေရာအတော်များများမှာ ဒါမျိုး
တွေဖြစ်နေတာကြောင့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ဥပဒေသစ်က နှိမ်နင်းဖို့ ရည်ရွယ်ထားတယ်။
ကမ္ဘောဒီးယားနိုင်ငံကို ရောက်လာတဲ့ သတင်းစာဆရာတွေကို အတုအယောင် NGO တွေက
နို့သက်ခံစေကာ သင်ကြား ပေးလိုက်တဲ့ မှားယွင်း ယုတ္တိမရှိတဲ့ အစီရင် ခံစာတွေကိုလည်း
ချေမှုန်းသုတ်သင်ဖို့ ဒီ ဥပဒေသစ်က ရည်ရွယ်ထားတာလည်း ဖြစ်တယ်။ နယူးယော့ခ်တိုင်း(မ်)
သတင်းစာက နီကိုလပ်စ် ခရစ္စတော့ဖ်ကို တရားမ၀င် ကုန်ကူး မှုကို ဆန့်ကျင်သူလို့ဆိုတဲ့
ဆိုမလေးမန်း (Somaly Man) အမျိုးသမီးက သတင်းပေး တာတွေကိုကြည့်ရင်သိနိုင်ပါတယ်။
အသက်၁၃ နှစ်အရွယ်ရှိတဲ့မိန်းကလေးတစ်ယောက်ပြန်ပေးဆွဲခံရပြီး နှိပ်စက်ခံရတယ်၊
နောက်တော့ ဆောင်ကြာမြိုင်တစ်ခုကို ရောင်းစားခံရတယ်ဆိုတဲ့ အကြောင်းကို ဆိုမလေးက
ခရစ္စတော့ဖ်ကို ပီပြင်စွာ ပြောဆို ကာ ဖမ်းစားခဲ့တယ်။ ခရစ္စတော့ဖ်ကလည်း ဒီအဖြစ်အပျက်ကို
အသေအချာ မစစ်ဆေးဘဲ အားပါးတရ လက်ခံခဲ့တယ်။ ဆိုမလေး ငယ်စဉ်က မုဒိမ်း ကျင့်ခံရပြီး
သူ့ရဲ့ အပျိုဖော်ဝင်သမီးခမျာလည်း ပြန်ပေးအဆွဲခံရပြီး အဖွဲ့လိုက် မုဒိမ်းကျင့် ခံခဲ့ရတယ်လို့
ဆိုမလေးရဲ့ အပြောကိုပါ ခရစ္စတော့ဖ်က ယုံကြည်လက်ခံခဲ့တယ်။

ဆိုမလေးဟာ ကျော်ကြားမှု ရလိုတာရယ်၊ သူ့အမည်နဲ့ ပရဟိတအဖွဲ့အစည်း တည်ထောင်
ဖို့နဲ့ ရန်ပုံငွေရရှိဖို့အတွက်တို့ကြောင့် သူပြော ဆိုခဲ့တဲ့ အဖြစ်အပျက်တွေဟာ များသောအားဖြင့်
ထွင်လုံးတွေဖြစ်တယ်။ Kids Company သွားရာလမ်းအတိုင်းပဲ ဆိုမလေးရဲ့ ပရဟိတ အဖွဲ့ဟာ
လည်း အပိတ်ခံခဲ့ရတယ်။ အချိန်နှောင်းသွားပြီဖြစ်တဲ့ သတင်းစာ ပင်တိုင်ဆောင်းပါးကဏ္ဍမှာ
ခရစ္စတော့ဖ်က ဆိုမလေးအကြောင်း မရေးခဲ့မိရင် အကောင်း သားလို့ ရေးသားခဲ့တယ်။ ဒါပေမဲ့
ထိခိုက်မှု ကတော့ ဖြစ်ပြီးခဲ့ပြီပဲ။ ဥပဒေသစ်ကလည်း ဒီလိုအဖြစ်မျိုး မဖြစ်ရအောင် ကာကွယ်
ထားတဲ့ ဥပဒေပဲ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးခင်က ထူးထူးဆန်းဆန်း
ထုတ်ပြန် ခဲ့တဲ့ ကြေးနန်းစာတွေထဲမှာ မီဒီယာ တွေက ဒီသတင်းတွေ မဖော်ထုတ်မီအချိန်
ကတည်းက နှစ်ပေါင်းအတော်ကြာ ဆိုမလေး မန်း ဦးဆောင်ခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ ဆိုးရွားလှတဲ့
လိမ်လည်လှည့် ဖြားမှုတွေနဲ့ မသမာမှုတွေကို သိထားခဲ့တယ် လို့ဖော်ပြ ထားတယ်။

ဆိုမလေးဟာ စာရိတ္တမဏ္ဍိုင် ခြစား နေတယ်ဆိုတာကို ကြေးနန်းစာတွေက သတင်းအရင်း
အမြစ်တွေက ကိုးကားပြောဆို ခဲ့ပြီး တရားမ၀င် ကုန်ကူးမှုကိုဆန့်ကျင်တဲ့ အခြား NGO တွေ
အန္တရာယ် ကျရောက်မှာ စိုးလို့ နှုတ်ဆိတ်နေခဲ့တာလို့ ဆိုတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဥပဒေသစ်
အပေါ် ကြောင်သူတော်ဆန်တဲ့ အနောက်အုပ်စုရဲ့ ဝေဖန်မှုကို လှောင်ပြောင်သလိုဖြစ်ပြီး ဒီဥပဒေ
သစ်ဟာလည်း စာရိတ္တ ခြစားနေတဲ့ ပြောင်းလဲ ရေးသမားတွေ၊ အလှူရှင်တွေထံက နောက်
ထပ်ရိတ်ပြီး သူတို့ကာကွယ်မယ်လို့ ထုတ်ဖော် ပြောဆိုထားတဲ့ ချွတ်ခြုံကျနေတဲ့ လူတွေကို ပိုပြီး
မတရားမကျင့်နိုင်ဖို့ ထိန်းချုပ်နိုင်လိမ့် မယ်လို့ မျှော်လင့်ရတယ်။ ဒီဥပဒေသစ်ကို ပြဋ္ဌာန်းရာမှာ
ဟွန်ဆန် ဟာ လုံးဝမှန်တယ်။ လာတော့မယ့် ရွေးကောက် ပွဲတွေ ပြီးသွားတဲ့အခါမှာလည်း မြန်မာ
နိုင်ငံဟာ ဒီအတိုင်းပဲ လုပ်သင့်တယ်လို့ ပြောရမှာပဲ။


သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း