ဆံပင်တွေဝယ်တယ်၊ ဆံစုတွေဝယ်တယ်

တရုတ်ဆံပင်ကုန်သည်တစ်ဦးက ဆံပင်များကိုစစ်ဆေးနေစဉ်။၊ ဓာတ်ပုံ-အေအက်ဖ်ပီတရုတ်ဆံပင်ကုန်သည်တစ်ဦးက ဆံပင်များကိုစစ်ဆေးနေစဉ်။၊ ဓာတ်ပုံ-အေအက်ဖ်ပီ

ဘင်းအင် (ဗီယက်နမ်)- မြတ်နိုးအပ် ပြီး သမားရိုးကျမဟုတ်သော ညှပ်ပြီး ဆံပင်ရောင်းချမှုဖြင့်
ဗီယက်နမ်ရွာ တစ်ရွာရှိ ရာပေါင်းများစွာသော မိသားစု များ၏ ဘ၀များကို ပြောင်းလဲပေးခဲ့ပြီး
ကိုယ်ကိုယ်တိုင် ချမ်းသာလာသော 'ဒိုဗင်သူ'အား ၎င်း၏ဇာတိရွာက လူစွမ်းကောင်းအဖြစ်
ကြိုဆိုဂုဏ်ပြုကြသည်။

၎င်း၏ ကြွယ်ဝသောအိမ်ရှိ အလုပ်ရုံ တစ်ရုံတွင် ဘင်းအင်ရွာမှ အမျိုးသမီး များသည် ပုံထား
သော ဆံပင်များကို ရွေးထုတ်ပြီး ဆေးကြောနေစဉ် သူက "ကျွန်တော်တို့ စိုက်ပျိုးမွေးမြူရေး
မြေရဖို့ မတတ်နိုင်လို့ သိပ်ဆင်းရဲခဲ့ပါတယ်။ ဒီအလုပ်က ကျွန်တော်တို့ရဲ့ဘ၀ကို ကယ်တင်ခဲ့
တယ်"ဟု ပြောသည်။

ဒေသခံများတွင် အကြံကောင်းသူဟု အမြင်ရှိသည့် ဆံပင်အဓိကရပုဂ္ဂိုလ်က ထိုဒေသရှိ လူ
ဦးရေ၏ ၈၀ ရာခိုင်နှုန်း ဖြစ်သော မိသားစု ၅၀၀ ခန့်ကို ဗီယက်နမ် ဆံပင်တင်ပို့ရောင်းချခြင်း
က ကယ်တင်ခဲ့ကြောင်း ပြောသည်။

ဟနွိုင်းမြို့တော်၏ အရှေ့မြောက် ဘက် ကီလိုမီတာ ၄၀ ခန့်အကွာရှိ 'ဘက်နင်း'စီရင်စုတွင်
ထိုလုပ်ငန်း ကြောင့် ၎င်းသည် အချမ်းသာဆုံးလူများ ထဲမှ တစ်ဦးဖြစ်လာသည်။

ကမ္ဘာအနှံ့ ဆံပင်လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းကြီး ဖြစ်လာသည်။ ဆံပင်တုနှင့် ဆံစုများ
အပြင် ဖက်ရှင် လိုက်စားသော အမျိုးသမီးများက ဆံပင်ရှည် ဆက်ခြင်းများအတွက် တောင်း
ဆိုမှုသည် လွန်ခဲ့သော ၁၀ စုနှစ် အတွင်း တိုးပွားလာသည်။

"နှစ်စဉ် တရုတ်နိုင်ငံကို ဆံပင်တန် ၅၀ ကနေ ၆၀ ထိ တင်ပို့ပေးရတယ်။ နိုင်ငံရဲ့ ချောင်ကျတဲ့
အရပ်တွေအပြင် လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက ဆံပင်တွေကို ကျွန်တော်တို့ဝယ်ရတယ်"
ဟု အသက် ၅၀ ရှိ စီးပွားရေးလုပ်ငန်းရှင်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

ဆံပင်တစ်ကီလိုအတွက် ဈေးနှုန်း သည် အရည်အသွေးပေါ်မူတည်ပြီး ၄၅ ဒေါ်လာမှ ဒေါ်လာ
၂၅၀ ထိ ဖြစ်ကြောင်းနှင့် ရှည်သော သဘာဝ ဆံပင်သည် ဆံပင်ရှည်ဆက်ရန် ဈေးအကောင်း
ဆုံး ဖြစ်ကြောင်း အသက် ၆၀ အရွယ် ရွာသား ငုယင်ဗင်တင်းမ်၏ အဆိုအရ သိရသည်။

သူသည် ၎င်း၏အလုပ်ရုံ စတည် ထောင်ပြီး ၁၃ နှစ်အတွင်း သန်းကြွယ် သူဌေး ဖြစ်လာ
သည်။ ၎င်းတို့၏ကျေးရွာ တွင် တိုက်အိမ်များဖြစ်လာပုံနှင့် ၎င်း၏ လုပ်ငန်းမှ အလုပ်သမား
တစ်ဦးချင်း သည် ဗီယက်နမ်ကျေးရွာ၏ ပျမ်းမျှလုပ်ခ ထက် သုံးဆများသော တစ်လလျှင်
ဒေါင် သုံးသန်း (ဒေါ်လာ ၁၄၀) ရရှိ ကြောင်းကို ၎င်းကဆိုသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း