ရွာကလေးကို အနုပညာဖြင့် ကယ်တင်လိုက်နိုင်

ထိုင်ဝမ်ကျွန်းအလယ်ပိုင်း နန်တွန်ရှိ သက်တံရွာနေအိမ်တွင် ဟွမ်ယမ်ဖုကို ဩဂုတ် ၁၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီထိုင်ဝမ်ကျွန်းအလယ်ပိုင်း နန်တွန်ရှိ သက်တံရွာနေအိမ်တွင် ဟွမ်ယမ်ဖုကို ဩဂုတ် ၁၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

တိုင်ချောင်(ထိုင်ဝမ်)- ဟွမ်ယမ်ဖုသည် ထိုင်ဝမ်ကျွန်း အလယ်ပိုင်းရှိ သူ၏ရွာကလေးသို့
လာရောက်လည်ပတ်သော ဧည့်သည်များကို ပန်းချီဆေးများ ပေကျံနေ သည့် လက်များဖြင့်
နှုတ်ဆက်နေသည်။

သူစီးထားသည့် ရှူးဖိနပ်မှာလည်း ဆေးများ ပေကျံပြီး ဆေးရောင်စုံဖြစ်နေသည်။ ယင်းတို့မှာ
အိမ်ရာသစ် တည်ဆောက်သူများ၏ မြေထိုးစက်များကို သူ၏ လက်တစ်ဖက်တည်းကို
အသုံးချကာ တွန်းလှန်ဖယ်ရှား နိုင်ခဲ့သည့် အနုပညာရှင်လုပ်သားကြီးကို နေ့စဉ်တွေ့ရသည့်
လက္ခဏာဖြစ်သည်။ အသက် ၉၃ နှစ်အရွယ် ရှိပြီဖြစ်သည့် စစ်မှုထမ်းဟောင်းကြီးသည်
နေ့စဉ် နံနက် ၃ နာရီထိုးသည်နှင့် အိပ်ရာကထ၍ သူ၏ နေထိုင်ရာ အိမ်နံရံပတ်လည်တွင်
ငှက်များ၊ တိရစ္ဆာန်များမှအစ နာမည်ကြီး အဆိုတော်များနှင့် အားကစားသမားများအထိ ရုပ်ပုံ
များကို လေးနာရီကြာ ရေးဆွဲလေ့ရှိသည်။

သက်တံဘိုးဘိုးဟု လူသိများသော ဟွမ် ၏အနုပညာလက်ရာက အခြားရွာများ ဖျက်ဆီးခံခဲ့
ရသော်လည်း သူ့ရွာအဖျက် ဆီးမခံရအောင် စောင့်ရှောက်နိုင်ခဲ့သည်။ ဟွမ်ယမ်ဖုသည်
အင်အားချို့တဲ့လာ သည့်အလျောက် ဖြည်းဖြည်းသာ လမ်း လျှောက်ပြီး သူ့ဘောင်းဘီရှည်
တစ်ဖက်ကို ဆွဲတင်လိုက်သည်။ မြေကြီးပေါ်တွင် အချိန်ကြာမြင့်စွာဒူးထောက်ပြီး ဆေးခြယ်ရ
သဖြင့် ရရှိသော ဒူးဒဏ်ရာကို ပက်တီးစည်းထားရသည်ဟု သူကဆိုသည်။

သို့သော်လည်း ဟွမ်သည် စစ်တပ်၏ အပေါင်းပါများ ရွာကို ဖျက်ဆီးမခံရရေး သေချာစေရန်
နည်းလမ်းအဖြစ် ရွာလမ်းကြောင်းနှင့် နံရံများတွင် တက်တက်ကြွကြွ အလှဆင်ပန်းချီဆွဲရန်
ဆုံးဖြတ်ခဲ့သည်။ "လွန်ခဲ့တဲ့ ငါးနှစ်လောက်က အစိုးရက ဒီနေရာကို ဖျက်ဆီးပြီး အိမ်ရာသစ်တွေ
ဆောက်ဖို့ ကြေညာစာ ကျုပ်တို့ဆီရောက် လာခဲ့တယ်။ လျော်ကြေးယူမလား၊ ဒါမှမဟုတ်
တခြားအိမ်ခန်းကို ပြောင်းမလား စဉ်းစားလို့လည်းပြောတယ်"ဟု ရေတပ် ကက်ဦးထုပ်နဲ့
တရုတ်ရိုးရာ ရှပ်အင်္ကျီကို ၀တ်ထားသည့် ဟွမ်က ပြောသည်။ "ဒါပေမဲ့ ကျုပ်မပြောင်းခဲ့ပါဘူး။
ထိုင်ဝမ် တစ်ခုလုံးမှာ ဒီအိမ်လေးက ကျုပ်ရဲ့အိမ် အစစ်အမှန်လေးပဲ ဖြစ်တယ်။" တိုင်ချောင်မြို့ရဲ့
နမ်တန်ခရိုင်ထဲတွင် စစ်မှုထမ်းဟောင်းများနှင့် မိသားစုများ အခြေချ နေထိုင်သည့် အိမ်ခြေပေါင်း
၁,၂၀၀ ခန့် တစ်ခါက ရှိခဲ့သည်။ သို့ရာတွင် ဆယ်စုနှစ်သက်တမ်းရှိသည့်အိမ်ခန်းများ ပျက်စီးလာ
သည့်နှင့်အညီ တိုးချဲ့ပြင်ဆင်သူတို့သည် ဒေသခံများကို ထိုင်ဝမ် ဒေါ်လာ နှစ်သန်း (အမေရိကန်
ဒေါ်လာ ၆၁,၀၀၀) လျော်ကြေး၊ သို့မဟုတ် အိမ်ခန်းအသစ်ပေးခြင်းဖြင့် မြေကွက်များကို
ဈေးဖြတ်ပြီး ၀ယ်ယူခဲ့ကြသည်။

ဟွမ်သည် ယင်းနေရာတွင် ၃၇ နှစ်ကျော် နေထိုင်ခဲ့ခြင်းဖြစ်ပြီး အိမ်နီးနားချင်းများက သူတို့အိမ်
များကို စွန့်ပစ်သွားသည့်တိုင် နေထိုင်ခဲ့သည်။ ယခုအခါ အိမ်ခြေ ၁၁ လုံး သာ ကျန်တော့သည်။
ထိုအချိန်တွင် သူက ပန်းချီဆွဲရန် ဆုံးဖြတ်ခဲ့သည်။ "တစ်ရွာလုံးမှာ တစ်ယောက်ပဲကျန်တော့တာ
ဆိုတော့ ပျင်းတာပေါ့"ဟု သူက ပြောသည်။ ကျုပ်အဖေက ကျုပ် ငါးနှစ်သား အရွယ်မှာပန်းချီ
စသင်ပေးခဲ့တယ်။ ကလေး ဘ၀တည်းက ပုံမဆွဲခဲ့ပါဘူး။ ပထမဆုံးဆွဲခဲ့ တဲ့ပုံက ကျွန်တော့်
အိမ်ထဲက ငှက်ပုံဖြစ်ပါ တယ်" ဟုဆိုသည်။ ဟွမ်က သူ၏ အိမ်ခန်း နှစ်ခန်း၏ အတွင်းပိုင်း၊
အပြင်နံရံများနှင့် လူမရှိသည့် အိမ်နီးနားချင်း အိမ်များတွင် ပန်းချီဆွဲ အလှဆင်ထားသည်။

ဒေသခံ တက္ကသိုလ်ကျောင်းသားများက ဟွမ်ရဲ့လက်ရာများကို တွေ့ရှိသည့်အခါ ကျေးရွာကို
ကယ်တင်ရန် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီး အာဏာပိုင်များကလည်း ထိန်းသိမ်းခွင့်ကို လွန်ခဲ့တဲ့
လေးနှစ်က သဘောတူညီခဲ့သည်။ ယခုအခါ ယင်းဧရိယာသည် ခရီးသွားများကို
ဆွဲဆောင်မှုကောင်းသော နေရာ တစ်နေရာ ဖြစ်လာခဲ့ပြီး အာရှတိုက်က ဧည့်သည်
သန်းတစ်ရာကျော်ကို နှစ်စဉ် ဆွဲဆောင်နိုင်ခဲ့သည်။ "အစိုးရက ဒီအိမ်နဲ့ ရွာကို ထိန်းသိမ်း
ထားမယ်လို့ ကျုပ်ကို ကတိ ပေးထားပါတယ်"ဟု ဟွမ်ကပြောသည်။ "ကျုပ်အရမ်းပျော်ပြီး
ကျေးဇူးလည်း တင်ပါတယ်" တရားဝင် အဖွဲ့အစည်းများ က 'သက်တံရွာ' ကို ယဉ်ကျေးမှုဧရိယာ
အဖြစ်သတ်မှတ်ရန် ကြိုးပမ်းနေကြသည်။ "ခရီးသွားလုပ်ငန်းအတွက် ဒီနေရာကို ထိန်းသိမ်းဖို့
အကြောင်းပြချက်တစ်ခုဖြစ် တယ်ဆိုပေမယ့် အဓိက အကြောင်းပြချက်က ဒီစစ်မှုထမ်း
ဟောင်းတွေရဲ့ ကျေးရွာ တွေဟာ ထိုင်ဝမ်အတွက် အရမ်း ထူးခြားနေ ပါတယ်"ဟု တိုင်ချောင်
ယဉ်ကျေးမှုဝန်ကြီး ဌာန အတွင်းဝန် ဟွမ်မင်းဟန်က ပြောသည်။ ဩဂုတ် ၂၅ ရက် နံနက်ခင်းတွင်
ခရီးသွား ဧည့်သည်တို့က ထိုပန်းချီများရှေ့တွင် ဓာတ်ပုံရိုက်နေကြသည်။

"ပန်းချီတွေဟာ အရမ်းကောင်းတဲ့ ဂရပ်ဖစ်တွေဖြစ်တယ်၊ ဒီနေရာကို ထိန်းသိမ်းထားသင့်တယ်"ဟု
၁၉ နှစ်အရွယ် တိုင်ပေက ကျောင်းသား ရှောင်ချီက ပြောသည်။ ဟွမ်သည် တရုတ်အမျိုးသား
တပ်မတော် (ကူမင်တန်စစ်တပ်) သို့ ၁၉၄၆ ခုနှစ်တွင် ဟောင်ကောင်မှ ၀င်ရောက်ခဲ့ပြီး
ပြည်တွင်း စစ်အတွင်း တရုတ်ပြည်မကြီးရှိ ကွန်မြူနစ်တပ်များကို တိုက်ခိုက်ခဲ့သည်။ ၁၉၄၉ ခုနှစ်
ကူမင်တန်စစ်တပ် အရေးနိမ့်သည့်အချိန် တွင် ထိုင်ဝမ်ဘက် ဆုတ်ခွာသည့် ခေါင်းဆောင်
ချီယန်ကိုင်ရှပ်နောက်သို့ စစ်သား တော်တော်များများ လိုက်ပါခဲ့ကြသည်။ ၎င်းတို့အား
ကျွန်းတစ်လျှောက် ရာချီ သောစစ်တပ် ကျေးရွာများတွင် ယာယီ အိမ်များ ပေးခဲ့သည်။
"လူတွေအားလုံး အိမ်ပြောင်းတဲ့အချိန် မှာ အထီးကျန်တဲ့ ခံစားမှုမျိုး ခံစားနေရ တယ်" ဟု
စည်ကားနေပြီဖြစ်တဲ့ သက်တံ ကျေးရွာစီးပွားရေးနှင့် ကျန်ရှိသည့် အိမ်ခြေများကို ထိန်းသိမ်းရေး
လှုပ်ရှားမှုများ ပြုလုပ် နေသည့် ရေတပ်စစ်မှုထမ်းဟောင်း ကန်ဟန်မင်းက ပြောသည်။

"သူတို့မှာ တွယ်ကပ်စရာ မရှိတော့ဘူး လို့ခံစားနေရတယ်။ အဲဒါကြောင့် အသက်ကြီးတဲ့
စစ်မှုထမ်းတွေဟာ အဆောက်အအုံ အသစ်ကို ရောက်တော့ ဖျားနာကြတယ်" ကာကွယ်ရေး
ဝန်ကြီးဌာနက ကျေးရွာ ၁၃ ရွာ ကို ယဉ်ကျေးမှုနေရာအဖြစ် ထိန်းသိမ်းရန် ကတိပြုသည်။
သက်တံဘိုးဘိုးကတော့ အရိပ်အောက် ထိုင်ခုံလေးပေါ်မှာထိုင်ပြီး ခရီးသည်လူစုကို
ကြည့်နေသည်။ "ကျုပ်ရေးတဲ့ ပန်းချီတွေ အရမ်းလှတယ် လို့ချီးကျူးတာ နားထောင်ရင်း
သူတို့နဲ့စကား ပြောရတာကို သဘောကျတယ်။ ဧည့်သည် တွေကြောင့် အခုတော့
အထီးမကျန်တော့ဘူး"ဟု ပြောပြလိုက်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း