နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီးတွေ တိုးတက်ပြီးရင်း တိုးတက်နေကြ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒေးဒရဲ၌ ပြီးခဲ့သည့်ရက်သတ္တပတ်က မဲဆွယ်စည်းရုံးရေးခရီးစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်၊မြန်မာတိုင်းမ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒေးဒရဲ၌ ပြီးခဲ့သည့်ရက်သတ္တပတ်က မဲဆွယ်စည်းရုံးရေးခရီးစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်၊မြန်မာတိုင်းမ်

နောက်ဆုံးမှာတော့ အမျိုးသားနဲ့ အမျိုးသမီး နှစ်ဖက်ညီမျှမှု အနည်းငယ်ရှိလာမယ့် အလား
အလာတော့ ရှိနေပါပြီ။ အင်အားကောင်းတဲ့ အမျိုးသမီးသုံးဦး ဖြစ်ကြတဲ့ ထိုင်ဝမ်ကျွန်းက
ဆိုင်အင်ဝမ်၊ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိလစ်ပိုင်က အထက်လွှတ်တော်အမတ်
ဂရေ့စ်ပိုးတို့ဟာ တောင်ကိုရီးယားနိုင်ငံက ပတ်ဂွမ်ဟေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရှိတ် ဟာဆီနာတို့လို ရွေးကောက်ခံရတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေ ဖြစ်လာမယ့်လမ်းပေါ်
ရောက်နေကြပြီဖြစ်တယ်။

ဒီလိုသာဆိုရင် သူတို့တစ်တွေဟာ မကြာသေးခင်က အစိုးရခေါင်းဆောင် အမျိုးသမီး
တွေဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက မီဂါဝါတီ ဆူကာနို ပူထရီ၊ ထိုင်းနိုင်ငံက ယင်လတ်
ရှင်နာဝပ်၊ ဖိလစ်ပိုင်နိုင်ငံက အကွီနိုနဲ့ ဂလိုရီယာ မာဂါပါကယ်လ် အာရိုယိုတို့ထက်
သာအောင် လုပ်ကြမှာဖြစ်တယ်။ ဟုတ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဟန့်အတား
တစ်ခုကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်မလာနိုင်ပေမယ့် နိုဝင်ဘာလမှာ
NLD ပါတီဟာ အမတ်နေရာ အများအပြားနိုင်ခဲ့ရင် သူဟာ မြန်မာနိုင်ငံမှာ ဩဇာတိက္ကမအကြီးထွားဆုံး နိုင်ငံရေးသမား ဖြစ်လာမှာဖြစ်တယ်။ ရေမြေရပ်ခြားမှာ
ဟီလာရီကလင်တန် ဟာလည်း ဒီအမျိုးသမီးအုပ်စုမှာ ပါဝင် လာနိုင်ကာ အမေရိကန်နိုင်ငံရဲ့
ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာနိုင်ဖွယ်ရှိတယ်။ မှန်ပါတယ်။ ဒါဟာ ပြည့်စုံလုံလောက်ပြီ
လို့မဆိုနိုင်သေးပါဘူး။ ဒါပေမဲ့ ရှေ့သို့တစ် လှမ်းတက်လာတယ်လို့ ဆိုနိုင်တာကြောင့်
စင်ကာပူနိုင်ငံရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ လီကွမ်ယူကို တမလွန်ဘ၀ကနေ ဒေါသ
တနုံ့နုံ့ထွက်စေမှာဖြစ်တယ်။ အရင်တုန်းက ဒီလူမျိုးကြီးဝါဒက ဘယ်လို အကြံပြုခဲ့
သလဲဆိုရင် အမျိုးသားတွေဟာ မဲနှစ်မဲရသင့်ပြီး အမျိုးသမီးတွေဟာ တစ်မဲသာရသင့်
တယ်လို့ ပြောခဲ့ဖူးတယ်။

ဘာကြောင့်လဲဆိုရင် သူ့အမြင်မှာ အမျိုးသား တွေဟာ အိမ်ထောင်ဦးစီးဖြစ်လို့တဲ့။
တစ်နိုင်ငံတည်းသားဖြစ်ပြီး တမင် ဆွပေး တတ်တဲ့ ကီရှိုးမာဘူဘာနီ တစ်ချိန်ကလုပ်လေ့
ရှိသလို အဖြေမတောင်းတဲ့ မေးခွန်းကိုမေးနေ သယောင်ရှိနေသလိုပါပဲ။ မေးခွန်းကတော့
"အာရှတိုက်သား အမျိုးသမီးတွေ စဉ်းစား တတ်ကြရဲ့လား" ကဲ... သူတို့ဟာ လုပ်လည်း
လုပ်နိုင်တယ်၊ လုပ်လည်းလုပ်ကြ တယ်။ ဒီဒေသမှာ အမျိုးသမီးစိတ်ဓာတ် မြှင့်တင်ပေးတဲ့
ပြိုင်ပွဲမှာတော့ စင်ကာပူနိုင်ငံ ဟာ သတိပြုမိလောက်အောင် ထင်ရှားတဲ့ ဖင့်နွှဲလေးကန်တဲ့
နိုင်ငံဖြစ်နေတုန်းပဲ။ အမျိုးသမီးတွေဟာ နိုင်ငံရေးလောကမှာ ပိုပြီးနူးညံ့သိမ်မွေ့၊ ပိုပြီးအမြော်
အမြင်ရှိတဲ့ ကိုယ်စားပြုမှုကို မြှင့်တင်ပေးတဲ့နေရာမှာ ဘယ် အတိုင်းအတာအထိ
တိုးတက်နေတာကို ဒီ ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေကို အဆင့် သတ် မှတ်တာဟာ
မျက်စိဖွင့်ပေးရာရောက်သလို ထွန်းထွန်းတောက်တောက်လည်းရှိတယ်။ ပထမနေရာ
ကိုတော့ ထိုင်ဝမ်ကျွန်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကို ပေးရမှာပဲ။ ဒီလိုဖြစ်လာ လိမ့်မယ်လို့လည်းမျှော်လင့်
မထားဘူး။ ဘာကြောင့်လဲဆိုရင် ထိုင်ဝမ်ကျွန်းဟာ တရုတ် ပြည်မကြီးရဲ့ ခြိမ်းခြောက်တာကို
မကြာခဏ ခံနေရတာကြောင့် အမြဲလိုလို စစ်အသွင် စိတ်ဓာတ်မျိုးရှိနေတာကြောင့်
ဖြစ်တယ်။

အမျိုးသမီးတွေရဲ့ သုစရိုက်တွေထဲက အလွန်ကောင်းတဲ့ သုစရိုက်တစ်ခုဟာ စစ်လိုလားမှု
မရှိတာပဲဖြစ်တယ်။ ဟုတ်ပါတယ်၊ ဘိုဒီစီးယား၊ ကလီယိုပက်ထရာ၊ ကက်သရင်း
သည်ဂရိတ်နဲ့ မာဂရက်သက်ချာတို့လို အမျိုး သမီးတွေကတော့ စောဒကတက်ကြလိမ့်
မယ်။ ဒါပေမဲ့ အများစုကတော့ စစ်လိုလား ခြင်းမရှိကြပါဘူး။ သူတို့တစ်တွေဟာ မိန်းမ
ဆန်တယ်၊ ခွန် အားရှိကြတယ်၊ ထိုင်ဝမ်ကျွန်းက သမ္မတရာထူး အတွက် အရွေးခံကြမယ့်
ထိပ်တန်းသမ္မတ လောင်းတို့ဖြစ်ကြတဲ့ ဆိုင်းနဲ့ သူ့ကို စိန်ခေါ်သူ ဟန်ဆီချူးတို့လိုပေါ့။
ဒီအမျိုးသမီးနှစ်ဦးကို အလွန်ချီးမွမ်းထိုက် တဲ့အချက်ကတော့ သူတို့ဟာ ဒေါ်စုကြည်နဲ့
အထက်ကဖော်ပြခဲ့တဲ့ အမျိုးသမီးအတော် များများတွေလို ခိုင်မာတဲ့ နိုင်ငံရေးအမွေ
အနှစ်ရှိကြတဲ့ မိသားစုတွေဆီက လာကြတာ မဟုတ်ဘူး။ ဥပမာ- ဖိလစ်ပိုင်နိုင်ငံကို
ကြည့်မယ်ဆိုရင် အမျိုးသမီး ရွေးကောက်ခံခေါင်းဆောင် အရေ အတွက်၊ သို့မဟုတ်
အရွေးကောက်ခံဖို့ ကြိုးပမ်း နေဆဲ အရေအတွက် အများဆုံး ဖြစ်ရုံတင် မကဘဲ
မိသားစုရဲ့နာမည်က အောင်မြင်မှု ရစေတဲ့ အဓိကအချက်ဖြစ်တယ်။ အမျိုးသမီး
သမ္မတနှစ်ယောက် ဖိလစ်ပိုင် နိုင်ငံမှာရှိခဲ့ပြီးဖြစ်တယ်။ ပထမသမ္မတဟာ အကွီနိုဖြစ်တယ်။
သူဟာ နိုင်ငံ့သူရဲကောင်း ဘင်နစ်နိုအကွီနိုရဲ့ဇနီး ဖြစ်တယ်။

သူ့ခင်ပွန်း ဘင်နစ်နိုဟာ ဗိုလ်ချုပ်အောင်ဆန်းလိုပဲ နိုင်ငံကို ဦးဆောင်တော့မယ့်အချိန်မှာ
လုပ်ကြံခံ လိုက်ရတာဖြစ်တယ်။ အကွီနိုရဲ့ နာမည်ဟာ ဘယ်လောက်အထိ တာသွားသ
လဲဆိုရင် လက်ရှိ ဖိလစ်ပိုင်သမ္မတ ကိုရာဇွန်အကွီနိုရဲ့သား ဘင်နစ်နိုထိအောင်ပဲ။
ဖိလစ်ပိုင်နိုင်ငံရဲ့ ဒုတိယအမျိုးသမီး ခေါင်းဆောင် ဂလိုရီယာ မက်ဂါပါကယ်လ် အာရိုယိုဟာ
သမ္မတဟောင်း မက်ဂါပါ ကယ်လ်ရဲ့သမီးဖြစ်ပြီး ကိုရာဇွန်နဲ့ ဒေါ်စုကြည် လိုပဲ ဂလိုရီယာရဲ့
အကြီးမားဆုံး ဂုဏ်အင်္ဂါမှာ သူ့ဖခင်ရဲ့ နာမည်ဖြစ်နေတုန်းပဲ။ ဂလိုရီယာဟာ ၁၉၆၈ ခုနှစ်က
ဟိုဇေမစ် ဂူအယ်လ် အာရိုယိုနဲ့ အိမ်ထောင်ပြုခဲ့တုန်းက ဂလိုရီယာဟာ သူ့ဖခင်ရဲ့အမည်ကို
ဆက်လက် ထိန်းသိမ်းထားခဲ့တယ်။ အဲဒီအချိန်က အာရှ သူ အမျိုးသမီး အနည်းငယ်သာ
အထူးသဖြင့် ကက်သလစ်ဘာသာကို အခိုင်အမာ ယုံကြည်ကိုးကွယ်ကြသူတွေဟာ
အိမ်ထောင်မကျခင် က အမျိုးသမီးရဲ့ မိသားစုအမည်တွေကို ဆက်လက် ထိန်းသိမ်းထား
ခဲ့ကြတယ်။

ဒီအစဉ်အလာဟာ အိန္ဒိယနိုင်ငံက အင်ဒီ ရာဂန္ဒီ၊ ပါကစ္စတန်နိုင်ငံက ဘနာဇီယာဘူတို၊
တောင်ကိုရီးယားနိုင်ငံက ပတ်၊ အင်ဒိုနီးရှား နိုင်ငံက မီဂါဝါတီနဲ့ မြန်မာနိုင်ငံက
ဒေါ်အောင်ဆန်းစုကြည်တို့အထိ ပါလာခဲ့ တယ်။ သူတို့တစ်တွေဟာ ထင်ပေါ်ကျော်ကြား
သူတွေရဲ့ သမီးတွေဖြစ်တဲ့အလျောက် နာမည်ကြောင့်လည်း မဲအနိုင်ရရှိစေတယ်။
လွန်ခဲ့တဲ့ရက်သတ္တပတ်က အထက် လွှတ်တော်အမတ် ဂရေ့စ်ပိုးဟာ လာမယ့် နှစ်မှာ
ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ အတွက် ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာ ခဲ့တယ်။
သူလည်း သူ့ဖခင်ရဲ့ နာမည်ဂုဏ်ရှိန် ကို အသုံးပြုခဲ့တဲ့သဘောပဲ။ မစ္စဆိုင်းနဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ လိုပဲ ဂရေ့စ်ပိုးဟာ ထိပ်ကပြေးနေတယ်။ အမေရိကန်နိုင်ငံက
သူဌေးကြီးဒေါ်နယ် ထရန့်လည်း ဒီအတိုင်းပဲ။ ဒီပုဂ္ဂိုလ်ကြီး အိမ်ဖြူတော်က ရာထူးအမြင့်ဆုံး
အတွက် အရွေးခံရလိမ့်မယ်လို့ လူနည်းစုသာ ထင်ကြေး ပေးကြတယ်။ ဒီတော့ ဘာပဲပြောပြော
သတိ ထားတာတော့ မမှားပါဘူး။

မစ္စပိုးဘက်က လောင်းကြေးထပ်ရင်တော့ နိုင်ဖို့သေချာသလောက်ရှိတယ်။ နောင်နှစ်မှာ
ကျင်းပမယ့် အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီး ညီလာခံတွေမှာ တခြားအမျိုးသမီးတွေနဲ့
စားပွဲတစ်ခုမှာ သူပါလာရင်တော့ အလွန်ပဲ ကောင်းမှာပဲ။ ဆုံးဖြတ်ချက်တွေကလည်း အဲဒီမှာ
တကယ်ချဖြစ်ဖို့ များတယ်။ သမ္မတရာထူးကို ယှဉ်ပြိုင်အရွေးခံမယ်လို့ ကြေညာတဲ့ မိန့်ခွန်းထဲမှာ
ပိုးက သူဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ရဲ့ ရည်မှန်းချက် ကို ဆက်လက်ဆောင်ရွက်ဖို့
ဆုံးဖြတ်ခဲ့တယ် လို့ ပြောတယ်။ ဂရေ့စ်ပိုးရဲ့ဖခင် ဖာဒီနန်ပိုး ဂျူနီယာဟာ ၂၀၀၄ ခုနှစ်က
သမ္မတရာထူး အတွက် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ရာမှာ အရွေးမခံရပေ။

သူဟာ ဆင်းရဲသူတွေနဲ့ လူမှု ရေး၊ ပညာရေးနောက်ခံ အားနည်းသူတွေကို
ကူညီနိုင်ဖို့ဆိုပြီး မဲဆွယ်ခဲ့တယ်။ အဂတိလိုက်စားခြင်း တိုက်ဖျက်ရေးကို
ဆက်လက်ဆောင်ရွက်မယ်လို့ ပိုးက ကတိ ပေးခဲ့တာကြောင့်လည်း မဲဆန္ဒရှင်တွေက
သူ့ကိုချစ်ကြတယ်။ စိတ်မကောင်းစရာကတော့ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မြန်မာ၊ တောင်ကိုရီးယားနဲ့
အင်ဒို နီးရှားနိုင်ငံတွေဟာ နိုင်ငံရေးလောကမှာ အမျိုးသမီးတွေကို မြှင့်တင် အားပေးနေကြ
ပေမယ့် စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ဖင့်နွှဲ
လေးကန်တဲ့ နိုင်ငံတွေဖြစ်နေတုန်းပဲ။ ဥပမာ -ဗီယက်နမ်နိုင်ငံရဲ့ အဖွဲ့ဝင် ၁၆ ဦးပါတဲ့
ပေါလစ်ဗျူရိုထဲမှာ အမျိုးသမီးအဖွဲ့ဝင် နှစ်ဦးသာ ပါရှိနေသေးပြီး စင်ကာပူနိုင်ငံရဲ့ အဖွဲ့ဝင်
၁၈ ဦးပါတဲ့ ၀န်ကြီးအဖွဲ့မှာ အမျိုးသမီး တစ်ဦးသာပါရှိသေးပေမယ့် မကြာသေးခင်က
ပြီးသွားတဲ့ ရွေးကောက်ပွဲနောက်ပိုင်း စာရင်း သစ်ထွက်လာရင် ပြောင်းလဲသွားနိုင်တယ်။
ဖိလစ်ပိုင်၊ ထိုင်ဝမ်တို့မှာလို ခေါင်းဆောင် မှုရလဒ်တွေကနေ ဖြစ်ပေါ်လာတဲ့ အပြု
သဘောဆောင်တဲ့ ခံယူချက်တွေ ခိုင်မာလာ စေဖို့ အထောက်အကူဖြစ်စေနိုင်တယ်။
အမျိုး သမီးတွေအပေါ် ဆယ်ကျော်သက်တွေရဲ့ ရွံစရာကောင်းတဲ့ စော်ကားမှုတွေ
မဖြစ်ရင်ပေါ့။ ယင်လတ် ထိုင်းဝန်ကြီးချုပ်ဘ၀တုန်းက ယင်လတ်ရဲ့ အမျိုးသမီး လစဉ်ကိစ္စကို
ရယ်စရာထင်ပြီးပြောခဲ့တဲ့ ပညာရှိတစ်ဦးဟာ ဦးနှောက်သေနေတဲ့ ယောက်ျားတစ်ယောက်လို
နိမ့်ကျတဲ့အဆင့် ရောက်သွားရတယ်။

သူဌေးကြီး ဒေါ်နယ်ထရန့်လည်း မကြာသေး ခင်က ဒီလိုမျိုး မသတီစရာ ထိကပါးရိကပါး
ပြောဆိုခဲ့တာ ရှိခဲ့တယ်။ ဒီခရီးကတော့ အတော်ကလေးသွားရဦး မှာပဲ။ ဒါပေမဲ့လည်း
ကျွန်တော်တို့ဟာ အနည်း ဆုံးတော့ မည်မည်ရရ ခရီးပေါက်နေတာကြောင့် ချီးမွမ်းဂုဏ်ပြုဖို့
ကောင်းတဲ့ အချက် တစ်ခုဖြစ်တယ်။ 


သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း