သီရိလင်္ကာတွင် တောင်ကိုရီးယားနှစ်ဦး မိုးကြိုးပစ်ခံရ

ကိုလံဘို - သီရိလင်္ကာနိုင်ငံ အလယ်ပိုင်းတွင် တောင်ကိုရီးယားလူမျိုးဟုဆိုသော ကမ္ဘာလှည့်
ခရီးသွားနှစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာလ ၇ ရက်
နေ့တွင် ရဲတပ်ဖွဲ့ကဆိုသည်။

သေဆုံးသူ များကို အစောပိုင်းက တရုတ်လူမျိုးဟု သတင်းထွက်ခဲ့သည်ဟုဆိုသည်။

ကိုလံဘိုမြို့ အရှေ့ဘက် ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) အကွာတွင်ရှိသော ဟာပူတာလီတွင် ခရီး
သွားဧည့်သည်များ ရှုခင်းများကို လှည့်လည်ကြည့်ရှုနေကြ သည့် တောင်ကုန်းတစ်ဝိုက်သို့
မိုးကြိုး ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

"တောင်ကိုရီးယား ခရီးသွား အဖွဲ့က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးသေဆုံးခဲ့တယ်ဆို
တာ သေချာပါပြီ။ ဒီနေ့ (အောက်တိုဘာ ၇ ရက်) မှ ရင်ခွဲ စစ်ဆေးမှုလုပ်တာတွေပြီးမှာပါ"
ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဂျစ်သ် ရိုဟာနားက အေအက်ဖ်ပီသတင်း ဌာနသို့
ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံမှ အခြား အမျိုးသမီးသုံးဦး ဒဏ်ရာရရှိပြီး ဆေးရုံတွင် ကုသခံယူနေ
သည်ဟုလည်း ၎င်းက ဆိုသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း