လာမယ့်ရွေးကောက်ပွဲမှာ သိတာတွေ မသိတာတွေ

မြစ်ကြီးနားမြို့သို့ မဲဆွယ်စည်းရုံးရေးခရီးရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်က လူထုကို နှုတ်ဆက်စကားပြောကြားစဉ်။ ဓာတ်ပုံ - အီးပီအေမြစ်ကြီးနားမြို့သို့ မဲဆွယ်စည်းရုံးရေးခရီးရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်က လူထုကို နှုတ်ဆက်စကားပြောကြားစဉ်။ ဓာတ်ပုံ - အီးပီအေ

ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကြား လမ်းလျှောက်ကာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ
အရေးအကြီးဆုံး အခမ်းအနားဖြစ်တဲ့ အချိန်တစ်လကျော်အကြာမှာ ကျင်းပတော့မယ့်
အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ခန့်မှန်းချက်တွေပေးဖို့ အချိန်ရောက်လာပြီ
ဖြစ်တယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်က ကျွန်တော် ရန်ကုန်ရောက်လာပြီးနောက် ကျွန်တော့် အနေနဲ့
အကဲခတ် လေ့လာမှုတွေကို စပြီး ပြောပါ့မယ်။ ကျွန်တော် ဒီကိုရောက်လာတုန်း
တွေ့ဆုံမေးမြန်းခဲ့တဲ့ လူတွေထဲမှာ အများစုက ပညာတတ် မြန်မာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး
မွတ်စလင်၊ ခရစ်ယာန်နဲ့ ပြည်ပြေးတချို့ လည်းပါပါတယ်။

ကျွန်တော့်ရဲ့ အဓိကသုံးသပ်ချက်ကတော့ ရွေးကောက်ပွဲဟာ နှိုင်းယှဉ်ချက်အားဖြင့် ပြောရမယ်
ဆိုရင် လွတ်လပ်ပြီး တရားမျှတကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န် အယ်လ်ဒီ
ပါတီဟာ ပါလီမန်မှာ စစ်ဘက် ဆိုင်ရာ အမတ်နေရာတွေမဟုတ်တဲ့ အမတ် နေရာအများစုကို
နိုင်လိမ့်မယ်ဆိုတာပါပဲ။ ခင်ဗျားပြောမှလားဆိုတဲ့ စောဒက တက် ချင်နေဦးမယ်။ ဒါပေမဲ့
ဆက်ပြီးပြောပါရ စေဦး။ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီဟာ ယှဉ်ပြိုင်မယ့်
အမတ်နေရာတွေရဲ့ ၈၀ ရာခိုင်နှုန်းအထိ နိုင်မယ်လို့ သံတမန်တွေကို သီးသန့်
အခိုင်အမာ ပြောဆိုချက်ကို လူတချို့ က ခါးခါးသီးသီး သဘောမတူကြဘဲ ပွင့်ပွင့်လင်းလင်း
သရော်ခဲ့ကြတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့ (မဘသ) က ဒေါ်အောင်ဆန်း စုကြည်ကို
အစ္စလာမ်ဘာသာလိုလားသူလို့ ပြောလာ တာကြောင့် သူ့ပါတီဟာ ဒီစွပ်စွဲချက်ကို ခါးခါး
သီးသီးငြင်းပယ်တဲ့အနေနဲ့ သူ့ရဲ့ ကိုယ်စားလှယ် လောင်းစာရင်းကနေ မွတ်စလင်တွေကို
ချန်ထားခဲ့တယ်။ လူမျိုးစုပါတီတွေအချင်းချင်း ယှဉ်ပြိုင် လာခြင်းက ရှောင်ကြဉ်နိုင်ဖို့ လူမျိုးစု
ပါတီအသီး သီးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်း စုကြည်က ငြင်းဆိုထားတဲ့
အတွက်ကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာ ဗုဒ္ဓ ဘာသာဝင်တွေရဲ့မဲကိုသာ
ဂရုစိုက်တယ်လို့ လူနည်းစုတွေက သံသယရှိနေကြတယ်။ အင်န်အယ်လ်ဒီ ပါတီအဖွဲ့ဝင်တွေ
ကြိုတင် ခွင့်ပြုချက်မရဘဲနဲ့ မီဒီယာနဲ့ စကားမပြောရ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမိန့် ပြန်တမ်းကလည်း ဒေသခံနဲ့ နိုင်ငံခြားသတင်း ထောက်တွေကို စိမ်းကားရာရောက်
ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အကြံပေး ဖြစ်တဲ့ ယူကေက ဂျိုးဗစ်ရှာက
ဒီအမိန့် ပြန်တမ်းကို အတည်ပြုခဲ့တယ်။

ဒါတွေကြောင့် အင်န်အယ်လ်ဒီဟာ ဘာသာရေးနဲ့ လူမျိုးစု လူနည်းစုတွေနဲ့ မီဒီယာ
တွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးခဲ့တာကြောင့် အမတ်နေရာ ၈၀ ရာခိုင်နှုန်းရရှိဖို့ မဖြစ်နိုင်
တော့ဘူးလို့ လူအများက ပြောဆိုကြတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော့်အဖြေ
ကတော့ လျှောက်ပြီးကြည့်လိုက်ပါလို့ ပြောချင်တယ်။ သင်တို့တွေ့ရတဲ့ ပိုစတာတွေ၊
တံဆိပ်တွေ၊ အလံတွေ၊ အငှားယာဉ်၊ ဘတ်စ် ကားနဲ့ အဆောက်အအုံတွေမှာ ကပ်ထားတဲ့
သင်္ကေတတွေ၊ စတစ်ကာတွေဟာ ဘယ်ပါတီကလဲ။

တွေ့သမျှနေရာတွေကနေ ဘယ်သူ့ မျက်နှာက သင့်ကို စိုက်ကြည့်နေသလဲ။ သင့်အဖြေကို
သိပါတယ်။ အဲဒါကြောင့် အင်န်အယ်လ်ဒီ အပြတ်အသတ်အနိုင်ရမှာ ပါ။ 'အောင်ဆန်း'ဆိုတဲ့
ခေါင်းဆောင်ရဲ့ နာမည်အပြင် ရာစုနှစ်ရဲ့ လေးပုံတစ်ပုံမှာ ဒီပါတီဟာ နိုင်ငံကို
စစ်အုပ်ချုပ်ရေးအောက် က လွတ်အောင် တိုက်ပွဲဝင်လာတဲ့အချက်ပဲ။ ဟုတ်တယ်၊
ကျွန်တော်သိတယ်။ တရားဝင် ဖြစ်တာဟာလည်း မကြာသေးတဲ့အချိန်ကစပြီး လျော့
လာတာကြောင့် လူအများဟာလည်း အမှန်တကယ် အင်န်အယ်လ်ဒီပါတီကို မဲထည့်
ဖို့အတွက် ပြန်စဉ်းစားကာ ထင်မြင်ချက် ပြောင်းလာကြပြီ ဖြစ်တယ်။ သင့်တင့်တဲ့
ကမ္ဘာတစ်ခုမှာ ရွေးကောက်တင်မြှောက်ဖို့ မခံသင့်ဘူး။ အထူးသဖြင့် မဲအများစုနဲ့ပေါ့။
ဒါပေမဲ့ ကျွန်တော်တို့တစ်တွေဟာ အကောင်းဆုံး ကမ္ဘာပေါ်မှာ နေနေကြတာ မဟုတ်တဲ့
အတွက် USDP အပြင် နိုင်ငံတစ်ဝန်း တခြားရွေးချယ်စရာ နည်းမရှိဘူး။

ဒါပေမဲ့လည်း နောက်ကျသွားပြီ၊ အလွန် နောက်ကျသွားပြီ၊ တော်တော်လေး ကရုဏာ
သက်စရာ ကောင်းပါတယ်။ အဖြစ်ကတော့ ဒီလိုပါပဲ။ ၀မ်းနည်းဖို့အကောင်းဆုံးကတော့
စစ်ဘက်မဟုတ်တဲ့ ဒီမိုကရက်တစ် အင်အားစု တွေကြား ယှဉ်ပြိုင်မှု တကယ်မရှိတာပဲဖြစ်တယ်။
ဟုတ်ပါတယ်။ လူမျိုးစုနဲ့ ဒေသပိုင်းဆိုင်ရာ ပါတီတွေတော့ ရှိကြပါတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့
အစဉ်အလာနဲ့ အင်န်အယ်လ်ဒီကလွဲရင် ဒီဒေသဆိုင်ရာပါတီတွေဟာ နိုင်လှရင် အမတ်
နေရာ တစ်ဒါဇင်၊ နှစ်ဒါဇင်ပေါ့။

ကဲ... သင့်အနေနဲ့ အမနာပ စကား တွေမပြောခင် သတိရဖို့က ကျွန်တော်ဟာ
တခြားလူတွေရဲ့အမြင်တွေကို အခြေခံကာ ဘာတွေဖြစ်မယ်၊ ကျွန်တော်က ဘာကို
ဖြစ်စေချင်တာကို မပါဘဲ ကျွန်တော်ထင်တာ တင်ပြရုံသက်သက်သာဖြစ်တယ်။
ကျွန်တော်သာ ကြိမ်စကြာနဲ့ ဝှေ့ယမ်းနိုင် ခဲ့ရင် ချီးမွမ်းဖွယ် ၈၈ မျိုးဆက်အဖွဲ့ကို အထူး
ဖြန့်ဝေခြင်းပြုပြီး ပါတီတစ်ခုအနေနဲ့ မှတ်ပုံ တင်ကာ ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခိုင်းမယ်။
အားလုံးပဲသိကြသလို ဒီမိုကရေစီလိုလား တဲ့ လှုပ်ရှားမှုကို တာရှည်ထောက်ခံပြီး မကြာ
ခဏဆိုသလို ရှည်ကြာပြီး လူမဆန်တဲ့ အကျဉ်းချထားမှုတွေကို ခံစားခဲ့ရတာဟာ
ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ခဲ့ရတာနဲ့ ပိုဆိုးခဲ့တယ်။ ဒီအဖွဲ့ခေါင်းဆောင်တွေ
ကလည်း အင်န်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ ၀င်မယ့်သူတွေ စာရင်းထဲမှာပါဝင်ပြီး
ယှဉ်ပြိုင်ခဲ့ဖို့ မျှော်လင့်ထားခဲ့တယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က သူတို့ ကို ခါးခါးသီးသီး ငြင်းပယ်ခဲ့တယ်။ ဗစ်ရှာနဲ့
ဗြိတိသျှနိုင်ငံခြား ဓနသဟာယရုံးတို့နဲ့ သဘော တူညီမှုရယူပြီး လုပ်ခဲ့တယ်လို့ ယူဆရ
တယ်။ ဒါဟာ ရှက်ဖွယ်ကောင်းပါတယ်။ နိုင်ငံ အတွက်လည်း အဖြစ်ဆိုးလို့ဆိုရမှာပဲ။
ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်နဲ့ တခြား ၈၈ မျိုးဆက်ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲ
မှာ ပါဝင်ယှဉ်ပြိုင်ကာ အင်န်အယ်လ်ဒီပါတီ အတွက် တကယ့်ယှဉ်ပြိုင်မှုကို ပေးနိုင်မှာပဲလို့
လူတွေက ဆုတောင်းပေးမှာ သေချာတယ်။ ဒါပေမဲ့ ဒီလိုဖြစ်လာမှာမဟုတ်ဘူး။ ဘာဖြစ်
လာမလဲဆိုရင် ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့ရဲ့ အင်န်အယ်လ်ဒီပါတီဟာ ပြတ်ပြတ်သတ်သတ်
အနိုင်ရလိမ့်မယ်၊ ဒါပြီး ရင် ဘာဖြစ်မလဲလို့ သင်မေးချင်မေးမယ်။ ဖြစ်နိုင်ခြေရှိတာကတော့
အောက်လွှတ် တော်မှာ အမတ်နေရာ လုံလောက်စွာရှိမှ သမ္မတရာထူးအတွက် အရွေးခံဖို့
ကိုယ်စား လှယ်တစ်ဦးသာ အဆိုပြုနိုင်မယ်။ အထက် လွှတ်တော်မှာသာ အမတ်နေရာ လုံလုံ
လောက်လောက် ရသွားခဲ့ရင် ကိုယ်စားလှယ် နှစ်ဦးကို အဆိုပြုနိုင်လိမ့်မယ်။ ဒါဆိုရင်
ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်သား တစ်ယောက်ရဲ့နာမည်ကို တင်သွင်းလိမ့်မယ်။
ဒီလိုမလုပ်ရင် မဆင်မခြင်လုပ်ရာရောက် မှာဖြစ်တယ်။ လူမျိုးစုနဲ့ ဘာသာရေးမတည်ငြိမ်မှုတွေကို
ရင်ဆိုင်တဲ့အခါ ဒေါ်အောင်ဆန်း စုကြည်ရဲ့အစိုးရဟာ တပ်မတော်ရဲ့ ပူးပေါင်း
ဆောင်ရွက်မှုကို လိုလိမ့်မယ်။ ဒါဆိုရင် ဘယ်သူ့ကို ဒေါ်အောင်ဆန်းစုကြည်ရွေးမလဲ။
ကျွန်တော့်ကို ရွေးကောက်ပွဲဝင်မယ့်ပါတီ တွေအကြား ဆက်လက်လမ်းလျှောက်စေကာ
အတွေ့အကြုံမရှိဘဲ ဆုံးဖြတ်ချက်လွဲမှားတဲ့ အန္တရာယ်ကျရောက်စေချင်လို့လား၊ မလို ပါဘူး။ ကျေးဇူးတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း မဖြစ်ဘူး။

ဒါဟာလည်း ကံကောင်းတယ်လို့ မှတ်ပါ။ အရင်က ဒီမိုကရေစီလိုလားတဲ့ စင်ကာပူက
လီကွမ်းယူနဲ့ ဇင်ဘာဘွေနိုင်ငံ က ရောဘတ်မူဂါဘေတို့လိုပါပဲ။ ဘာပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီပါတီ
ရွေးကောက်ပွဲမှာ နိုင်ပြီးနောက် သူဘယ်ရာထူး မှာပဲ တာဝန်ယူထမ်းဆောင်ထမ်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမြေမှာ ဩဇာ တိက္ကမအရှိဆုံး နိုင်ငံရေးသမားဖြစ်မယ်။
ဆံကေသာမှာ ပန်းပန်ထားတဲ့ မိန်းမချော လေးတစ်ယောက်နဲ့ အိပ်ရာအတူတူဝင်သွား
ပေမယ့် နောက်နေ့ နိုးလာတဲ့အခါမှာ ပုဆိုးဝတ် ထားတဲ့ မူဂါဘေဖြစ်နေတတ်တယ်ဆို
တာကို မဲဆန္ဒရှင်တို့အနေနဲ့ သိထားပြီး နိုးကြားနေဖို့လိုတယ်။ 


  သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း