Friday, April 28, 2017

သေရွာပြန် မလေးရှားဝန်ကြီးချုပ် နာဂျစ်ကို လေ့လာကြည့်ကြပါဦး

အာဆီယံထိပ်သီးညီလာခံ၌တွေ့ရသော မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်။အေအက်ဖ်ပီအာဆီယံထိပ်သီးညီလာခံ၌တွေ့ရသော မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်။အေအက်ဖ်ပီ

ဂျူးလိယက်ဆီဇာရဲ့ဇနီးလိုပဲ နိုင်ငံရေးခေါင်း ဆောင်တွေဟာ လုံးဝယုံကြည်မှုရရှိထားပြီး
သံသယမရှိတဲ့သူတွေ ဖြစ်သင့်တယ်။ ကံမကောင်းချင်တော့ ဒီဆိုရိုးကို ဒီဒေသ မှာတော့
လူတွေကို ရယ်သွမ်းသွေးစေတယ်။

မလေးရှားနိုင်ငံကိုသာကြည့်ရင် သိနိုင်လောက် ပါတယ်။ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်အပေါ်
သံသယတွေ ဘယ်လောက်များသလဲဆိုရင် သူဝန်ကြီးချုပ် ဖြစ်နေတာကိုကပင် အံ့ဩစရာ
ကောင်းနေတယ်။ ပြီးခဲ့တဲ့လကဆိုရင် နာဂျစ် အသက် (၆၂ နှစ်)အပေါ် အယုံအကြည်မရှိ
အဆိုကို တင်သွင်းဖို့ ပါလီမန်တွင်း အတိုက်အခံအဖွဲ့ ၀င်တွေက လုပ်ခဲ့ချင်ကြတယ်။
1 Malaysia Development Berhad လို့ခေါ်တဲ့ အစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှာ
နာဂျစ် ပါဝင်ပတ်သက်ပြီး ကြွေးမြီထူပြောနေတာ ကြောင့်ပဲ ဖြစ်တယ်။

ဒီနှစ်ဆန်းပိုင်းက ဒီရန်ပုံငွေအဖွဲ့ရဲ့ အလွန် ကြီးမားတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ
၁၁ ဒသမ ၄ ဘီလျံရှိနေတာကို သိလာခဲ့ပြီး နောက်ပိုင်း မလေးရှားနိုင်ငံရဲ့ အင်အားကြီး
နိုင်ငံရေးပါတီဖြစ်တဲ့ United Malays National Organization (UMNO) က ၀န်ကြီးချုပ်ကို
ထောက်ခံအားပေးဖို့ ရိုင်းပင်း လှုံ့ဆော်စည်းရုံးခဲ့တယ်။ ဒါကို လူတွေက အံ့ဩကြကာ
မယုံနိုင် သလိုခံစားခဲ့ကြတယ်။ တချို့ကလည်းပါးစပ်က ထုတ်ဖော်ပြောဆိုကြတယ်။

ဝါရင့်ဝန်ကြီး ချုပ်ဟောင်း မဟာသီယာမိုဟာမက်နဲ့ သူ့ရဲ့ အလားအလာရှိတဲ့သား
မူကရဇ်တို့က ကြွေး မြီအရှုပ်တော်ပုံအတွက် နာဂျစ်ကို ပြင်းပြင်း ထန်ထန် ဝေဖန်
ခဲ့တယ်။ ဒီကိစ္စဟာ နာဂျစ်တာဝန်ယူထားတဲ့အချိန် မှာဖြစ်လာတာကိုး။ နာဂျစ်ဟာ
1MDB ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး သူ့ရဲ့ မယားပါသား ရီဇာအဇစ် ကလည်း တစ်စိတ်တစ်ပိုင်း
တာဝန်ယူ ထားတယ်။ ပြဿနာကတော့ ဒီကြွေးမြီတစ်ခုတည်း မဟုတ်ဘူး။ ဇူလိုင်လက
1MDB ကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ ဒေါ်လာ သန်း ၇၀၀ ကို နာဂျစ်နာမည်နဲ့
ပုဂ္ဂလိကဘဏ် တစ်ခုဆီ လွှဲပြောင်းခဲ့တယ်ဆိုတဲ့အချက် ပေါ်လာခဲ့ပြန်တယ်။ နိုင်ငံရဲ့
ဘဏ္ဍာတွေကို ၀န်ကြီးချုပ်က နှံနေတာလား၊ သံသယအကြောင်းပြောရရင် တော့
အတော်ကလေး စိတ်ရှုပ်ထွေးစရာ ကောင်းပါတယ်။ ဒီ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ဟာ
အမည်မဖော်တဲ့ အရှေ့အလယ်ပိုင်း အရင်း အမြစ်တစ်ခုဆီက လက်ဆောင်လို့ နာဂျစ်က
ပြောထားတယ်။

အလွန်များတဲ့ ဘဏ်စာရင်းနဲ့ သူ့ဇနီး ရော့စ်မာရဲ့ တန်ဖိုးများ ဈေးဝယ် ထွက်တဲ့ အလေ့
အကျင့်တွေဟာလည်း မိသားစုအမွေက ရလာတာတွေလို့ နာဂျစ်က ဆက်ပြီးပြောတယ်။
ဒီလိုထုတ်ပြောလိုက်တဲ့အခါမှာ သူ့ မိခင်နဲ့ ညီအစ်ကိုလေးယောက်တို့က အမွေ မရှိဘူးလို့
တစ်လေသံတည်း ထွက်ခဲ့ကြကာ အလွန်ကြီးမားတဲ့ CIMB ဘဏ်လုပ်ငန်းစုရဲ့ အကြီး
အကဲဖြစ်တဲ့ အငယ်ဆုံးညီ နာဇာက နာဂျစ်ကို ခါးခါးသီးသီး ဝေဖန်ပြစ်တင်ခဲ့တယ်။

UMNO က လက်ထောက်တွေကလည်း သူတို့ရဲ့ဘဏ်စာရင်းတွေကို ဘယ်သူ
အထောက်အကူပြုနေတာ သိတာကြောင့် မလေးရှားဗဟိုဘဏ်က 1MDB ရဲလုပ်ငန်း
တွေကို ရာဇ၀တ် စုံစမ်းစစ်ဆေးဖို့ တောင်းဆို ခဲ့တာတောင် ၀န်ကြီးချုပ်ဘက်ကပဲ
ရပ်တည် ခဲ့ကြတယ်။ မလေးရှားဘဏ်ရဲ့တောင်းဆိုမှုကို ရှေ့နေ ချုပ်က ပယ်ချခဲ့ပေမယ့်
ရင်းနှီးမြှုပ်နှံသူတွေ ဟာ စိုးရိမ်ကြောက်ရွံ့နေကြရာ မလေးရှား နိုင်ငံရဲ့ငွေ ရင်းဂစ်ရဲ့တန်ဖိုးဟာ
ဒီနှစ-် ဒေါ်လာ နဲ့ယှဉ်ရင် ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွား ခဲ့တယ်။ ဇူလိုင်လနှောင်းပိုင်းမှာ
UMNO ရဲ့ နံပါတ် (၂) အကြီးအကဲ ဒုတိယ၀န်ကြီးချုပ် မူရစ်ဒင် ယာစင်က နာဂျစ်ဘဏ်
စာရင်းထဲ ဒေါ်လာ သန်း ၇၀၀ ဘယ်လိုရောက်ခဲ့တာကို ရှင်းလင်း ဖို့ လူသိရှင်ကြားတောင်း
ဆိုခဲ့တယ်။

ဒုတိယ၀န်ကြီးချုပ်နောက်မှာ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ရှာဖီအက်ပ်ဒါလ်၊ ၀န်ကြီးနဲ့
ဒုတိယ၀န်ကြီးတချို့တို့ ပါဝင် ကြတယ်။ ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် နာဂျစ်ကို
ခြစားမှုနဲ့ တာဝန်ဝတ္တရား တမင် ပျက်ကွက်တဲ့ စွဲချက်တွေ လုပ်သင့်တယ်လို့ ရှေ့နေချုပ်က
ဆုံးဖြတ်ခဲ့တာကြောင့် ဒုတိယ ၀န်ကြီးချုပ်နဲ့ အဖွဲ့တို့ရဲ့ကိစ္စမှာ ထောက်ခံ အားပေးမှု
ရရှိခဲ့တယ်။ ဒါပေမဲ့လည်း ရှေ့နေချုပ် ဘာလုပ် တော့မယ်ဆိုတာကို ၀န်ကြီးချုပ်သိသွားတဲ့
အခါမှာတော့ နာဂျစ်ဟာ ရှေ့နေချုပ်ကို မစဉ်းမစား ရာထူးက ထုတ်ပယ်လိုက်ကာ အဲဒီ
ရာထူးနေရာမှာ လိုက်လျောလွန်းတဲ့ လက်ပါးစေတစ်ယောက်ကို ခန့်ထားလိုက်ရာ
အဲဒီလူက ချက်ချင်းပဲ စွဲချက်တွေမတင်ဖို့ ဆုံးဖြတ်ခဲ့တယ်။

တစ်ချိန်တည်းမှာပဲ နာဂျစ်ဟာ ဒီအခွင့် အရေးကို ယူကာ ဒုတိယ၀န်ကြီးချုပ် မူယစ်ဒင်၊
ရှာဖီနဲ့ ပါတီတွင်း လက်တစ်ဆုပ်စာရှိတဲ့ ရာထူးဂုဏ်အဆင့်ဆင့်က စွက်ဖက်တတ်တဲ့
ဝေဖန်သူ တွေကို ရာထူးက ထုတ်ပယ်ခဲ့တယ်။ အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်
ဆင်ရဲ့ ၀ါးတားဂိတ်မုန်တိုင်းကို အရှက်မရှိ မျက်နှာပြောင်တိုက်ကာ လူတွေကို သတိ
လက်လွတ်ဖြစ်သွားစေခဲ့တဲ့ ကြိုးပမ်းမှုနဲ့ နာဂျစ်ရဲ့လုပ်ရပ်တို့ဟာ မနီးယိုးစွဲရှိခဲ့တယ်။
လူအများဟာ မူယစ်ဒင်၊ ရှာဖီ၊ မဟာသီ ယာတို့နဲ့လက်တွဲပြီး ၀န်ကြီးချုပ်ကိုဖြုတ်ချကာ
၁၉၈၇ ခုနှစ်က တစ်ကြိမ်ဖြစ်ခဲ့သလို UMNO ကို နှစ်ခြမ်းကွဲသွားစေနိုင်တဲ့ စိုးရိမ်မှုတွေ
ပေါ်ပေါက်ခဲ့တယ်။

နာဂျစ်ဟာ 1MDB ကို ကြွေးမြီတင်အောင် လုပ်ခဲ့တာရယ်၊ ငွေကြေးပွပေါက်ရခဲ့တာ
တွေကို ပြည့်စုံစွာမရှင်းနိုင်ခဲ့တာတွေကြောင့် မလေးရှားနိုင်ငံရဲ့ စူလ်တန်တွေက
နာဂျစ်ကို ပြစ်တင်တဲ့စာ ထုတ်ခဲ့တဲ့အတွက် ဒီလိုစိုးရိမ် မှုတွေဟာ ပိုတိုးလာခဲ့တယ်။
ဒါပေမဲ့လည်း ၀န်ကြီးချုပ်ဟာ သူ့ရာထူး ကို မစွန့်ရုံတင်မကဘဲ မိမိကိုယ်မိမိယုံကြည်
လွန်းတဲ့အသွင် ပြလာခဲ့ပြီး အတိုက်အခံ ဘက်က တင်လာတဲ့ အယုံအကြည်မရှိအဆိုကို
ပယ်ချအောင် ပါလီမန်ဥက္ကဋ္ဌကို လွှမ်းမိုး ခြယ်လှယ်နိုင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ပဲ
သိသာထင်ရှားလာတာ ကတော့ ပုန်ကန်လိုတဲ့ မူယစ်ဒင်၊ ရှာဖီနဲ့အဖွဲ့ ဟာ
အရေးအကြီးဆုံးစည်းမျဉ်းကို မေ့သွား ခဲ့တယ်။ အဲဒါဘာလဲဆိုရင် ယာဉ်မောင်းနေတဲ့
လူနဲ့ ရန်မဖြစ်ဖို့ အနည်းဆုံးတော့ ယာဉ်မရပ် သေးတဲ့အခါမှာပေါ့။ နာဂျစ်ဟာလည်း
ယာဉ်မောင်းနေရာမှာ နေတုန်းပဲဆိုတာ ပိုရှင်းလာကာ ကြီးမားတဲ့ ပါတီတွင်းပုန်ကန်မှု
မဖြစ်သေးသရွေ့ သူ့ကို ဖယ်ရှားပစ်ဖို့ခက်မယ်ဆိုတာ ပိုပြီးထင်ရှား လာတယ်။ UMNO ဟာ
မလေးရှားနိုင်ငံရေးမှာ အင်အားရှိပြီး အဓိကကျတဲ့ အခြေခံအင်အား နေရာသုံးခုရှိတယ်၊
နိုင်ငံရေးဗျူရို၊ ဗဟို ကောင်စီနဲ့ နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်တွေက အကြီးအကဲတွေ
ဖြစ်ကြတယ်။

ဒီသုံးခုထဲမှာ နိုင်ငံရေးဗျူရိုဟာ ပဓာန အကျဆုံးဖြစ်ကာ အခုအချိန်မှာ နာဂျစ် နောက်တွင်
မားမားမတ်မတ်ရှိနေတယ်။ ဒီ အချက်ကပဲ နာဂျစ်ကို အင်အားများစွာရှိစေတယ်။ မူယစ်ဒင်၊
ရှာဖီနဲ့ လူတချို့ကလွဲရင် ဗဟိုကောင်စီထဲက ဘယ်သူမှ နာဂျစ်ကို ဆန့်ကျင်ပြောဆိုကြတာ
မရှိကြဘဲ မဲဆန္ဒနယ် အကြီးအကဲအများစုကလည်း နာဂျစ် နောက်မှာ ရှိနေကြတယ်။
အခုအချိန်မှာတော့ နာဂျစ်ဟာ အန္တရာယ် မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က
အာဆီယံထိပ်သီးညီလာခံ တက်ရောက်ဖို့ မလေးရှားနိုင်ငံကို ရောက်နေတဲ့ အမေရိကန်
သမ္မတ ဘာရက်အိုဘားမားကတောင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမပြောဘဲ မေးခွန်းတွေကို
သိသာစွာ လွှဲဖယ်လိုက်တယ်။

ပြည်ပနိုင်ငံတစ်နိုင်ငံမှာ ဧည့်သည် အဖြစ်ရောက်နေတဲ့သူတစ်ယောက် အနေနဲ
ဘယ်လို စုံစမ်းစစ်ဆေးမှုတွေ၊ ဒါမှမဟုတ် တရားစွဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ
မပြောလိုကြောင်း သမ္မတ အိုဘားမားက ပြောဆိုခဲ့တယ်။ ဒါပေမဲ့ နာဂျစ်ကို ပွင့်လင်းမြင်
သာမှု၊ တာဝန်ခံမှုနဲ့ ခြစားမှုနှိမ်နင်းမှုရဲ့ အရေးကြီး ပုံကို အလေးအနက်ပြောခဲ့တယ်လို့
သမ္မတ အိုဘားမားက ပြောတယ်။ ဒါပေမဲ့လည်း နာဂျစ်ကတော့ တခြား ကိစ္စတစ်ခုကို
ဖယ်ရှားပစ်ဖို့ ချိန်ဆနေတယ်။ မူယစ်ဒင်၊ ရှာဖီ၊ မူကရဇ်နဲ့ တခြား နာဂျစ် ဆန့်ကျင်တဲ့
လူတွေကို UMNO က အမြန်ဆုံး ဖယ်ရှားပစ်ခံရနိုင်တယ်လို့ ပါတီတွင်းလူတွေက
တီးတိုးပြောနေကြတယ်။ ဒီဇင်ဘာ ၈ ရက်မှာ ပါတီရဲ့ နှစ်စဉ် ကျင်းပတဲ့ညီလာခံမတိုင်မီ
နာဂျစ်က ဒီလူ တွေကို သွားစေချင်တယ်။ အဲဒီညီလာခံမှာ မူယစ်ဒင်ဟာ အဖွင့်နဲ့နိဂုံးချုပ်
မိန့်ခွန်းပြောဖို့ ရွေးချယ်ခံထားရပြီး ရှာဖီလည်း စကားပြော မှာဖြစ်တယ်။ ရုပ်မြင်သံကြားက
ပုံမှန် တိုက်ရိုက်ထုတ် လွှင့်မယ့် သူတို့နှစ်ဦးရဲ့ ရည်ညွှန်းပြောဆိုမှု တွေဟာ လူထုဆူပူ
အုံကြွစေဖို့ လှုံ့ဆော်မှု တွေဖြစ်နိုင်သလို 1MDB နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်
အလက်တွေနဲ့ နာဂျစ်ရဲ့ ပါဝင်လှုပ်ရှားတဲ့ကဏ္ဍကိုလည်း ပေါ်လွင်လာ စေနိုင်တယ်။
ဖြစ်နိုင်တာကတော့ လျှို့ဝှက်ဆွေးနွေးခန်းမှာ သဘောတူမှုရယူနိုင်တယ်။

1MDB အကြောင်း မဆွေးနွေးရင် မိန့်ခွန်းပြောနိုင် တယ်။ ၀န်ကြီးချုပ်ကို လက်ညှိုးထိုး
အပြစ်ရှာဖို့ ဆိုရင်တော့ စင်မြင့်ပေါ်ကနေ ဖယ်ရှားခံရရုံ တင်မကဘူး၊ UMNO ကပါ
တစ်ပါတည်း ထွက်သွားရလိမ့်မယ်။ အခုအချိန်မှာတော့ သံသယတွေဟာ ပျစ်နေတဲ့
တင်လဲရည်လို နာဂျစ်အပေါ်မှာ ကပ်နေပေမယ့် နာဂျစ်ကတော့ ရှင်သန်နေ ဦးမှာပဲ။

သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း