ကမ္ဘောဒီးယား မြေအောက်ရေ အဆိပ်သင့်မှု

ကမ္ဘောဒီးယားနိုင်ငံ ခိုသွန်ခရိုင်က အာဆင်းနစ်အဆိပ်သင့်ခံရသူတစ်ဦး။အေအက်ဖ်ပီကမ္ဘောဒီးယားနိုင်ငံ ခိုသွန်ခရိုင်က အာဆင်းနစ်အဆိပ်သင့်ခံရသူတစ်ဦး။အေအက်ဖ်ပီ

ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သည့် စတင်း ဖို့ဒ်တက္ကသိုလ်၏ သုတေသနတစ်ခုအရ
ကမ္ဘောဒီးယားမြေအောက်ရေ (Groundwater) တွင် အာဆင်းနစ်အဆိပ်ဓာတ်များ
သဘာဝ အလျောက် တိုးပွားလာပုံနှင့် အထူးသဖြင့် ရေကာတာများ တည်ဆောက်ခြင်းကြောင့်
မြေအောက်ရေ၌ အာဆင်းနစ်အဆိပ်ပမာဏ ပိုများလာနိုင်သည့် အန္တရာယ်ကို ပို၍ ထင်သာ
မြင်သာလာသည်။

Nature Geoscience ဂျာနယ်တွင် ဖော်ပြ သည့် ယင်းသုတေသနလုပ်ငန်းကို ကန်ဒေါ် ပြည်နယ်၊
ကီယန်ဆဗေခရိုင်အတွင်းက စိမ့်မြေ ဒေသများတွင် ပြုလုပ်ခဲ့သည်။ ယင်းဒေသများ နှင့်
အာရှတောင်ပိုင်းနှင့် အရှေ့တောင်အာရှ ဒေသများက ရေများ မည်ကဲ့သို့ အာဆင်းနစ်
အဆိပ်သင့်ရပုံကို ပိုမို သိရှိရန် သုတေသီတို့ ကွင်းဆင်း လေ့လာခဲ့သည်ဟုဆိုသည်။
စိုစွတ်ရာသီနှင့် ခြောက်သွေ့ သဘာဝ ရာသီခွင်များရှိသည့် ဒေသတွင်းမှ စိမ့်မြေများတွင်
အာဆင်းနစ်ပမာဏ လုံးဝ မရှိဘဲသော် လည်းကောင်း၊ အလွန်နည်းပါးစွာ ရှိလျက်သော်
လည်းကောင်း လေ့လာတွေ့ရှိကြရသည်။

သို့သော် တစ်နှစ်ပတ်လုံး စိုစွတ်နေပြီး ခြောက်သွေ့ကာလမရှိသော စိမ့်မြေဒေသ များတွင်
အဆိပ်ဓာတ်ထုတ်နိုင်သော အလွန် သေးငယ်သည့် 'မိုက်ခရုပ်'ခေါ် ဘက်တီးရီးယား ပိုးများက
မြေအောက်ရေထဲသို့ အာဆင်းနစ် အဆိပ်ပမာဏ အလွန်များပြားစွာ ထုတ်ပေး ကြောင်း
တွေ့ရသည်။ ယင်းတွေ့ရှိချက်ဖြင့် ဖွံ့ဖြိုးမှုလုပ်ငန်းများက အာဆင်းနစ်ပမာဏ အပေါ်
သက်ရောက်ပုံကို ခန့်မှန်းနိုင်ကြောင်း၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ ၏
မြေအောက်ရေထဲတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သတ်မှတ်ထားသည့် အန္တရာယ်
ကင်းအဆင့်ပမာဏထက် အဆပေါင်း ၂၀ မှ ၁၀၀ အထိ မကြာခဏ ပါဝင်နေကြောင်း
စတင်းဖို့ဒ်တက္ကသိုလ် မြေကမ္ဘာ၊ စွမ်းအင်နှင့် ပတ်ဝန်းကျင်သိပံ္ပဌာန ပါမောက္ခ စကော့ဖင်
ဒေါ့ဖ်က ဆိုသည်။

ကမ္ဘောဒီးယား၏ မြေအောက်ရေထဲမှ အာဆင်းနစ်အဆိပ်ဓာတ် အခြေအနေကို ကုလ
သမဂ္ဂ၏ ယူနီဆက်ဖ် (UNICEF) အဖွဲ့က လည်း ခန့်မှန်းခဲ့ဖူးရာ ထိုစဉ်က ကမ္ဘောဒီးယား
တစ်နိုင်ငံတည်းတွင်ပင် 'အာဆီနီကော့စစ်' (Arsenicosis) ခေါ် အာဆင်းနစ်အဆိပ်သင့်
ရောဂါ ဖြစ်ပွားနိုင်ခြေရှိသူပေါင်း ၂ ဒသမ ၂၅ သန်း ရှိနေကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်တွင်
ကမ္ဘောဒီးယားနိုင်ငံ၌ ကုသ၍ မရနိုင် သော အာဆင်းနစ်အဆိပ်သင့်သူပေါင်း ၅၀၀ ကျော်
ရှိလာကြောင်းနှင့် အဆိပ်သင့်သူများ ခြေလက်ဖြတ်တောက်ကုသမှု ခံယူခဲ့ကြသော်လည်း
သေဆုံးခဲ့ကြကြောင်း UNICEF ဆန်းစစ်ချက်က ဆိုသည်။ စတင်းဖို့ဒ် တက္ကသိုလ်၏ ထုတ်ပြန်
ချက်အရ အာရှတောင်ပိုင်းနှင့် အရှေ့တောင်အာရှဒေသ များတွင် အာဆင်းနစ်အဆိပ်ပါဝင်သည့်
ရေသောက်မိ၍ အဆိပ်သင့်သူပေါင်း သန်း ၁၀၀ ကျော် ရှိနေသည်။ အာဆင်းနစ်သည် ဟိမ၀န္တာတောင်ပေါ် ဒေသ ကျောက်သားများတွင် သံအောက်ဆိုက် ဓာတ်ပေါင်း (iron oxide
compounds) အဖြစ် ပါဝင်နေပြီး ဟိမ၀န္တာတောင်ကြောက ရေစီးနှင့် အတူ ကမ္ဘောဒီးယားနိုင်ငံ
မြစ်ချောင်း အင်းအိုင်များသို့ ရောက်ရှိလာရာမှ ယင်း ဓာတ်ပေါင်းများသည် မြေနိမ့်ပိုင်းချိုင့်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် နုန်းနှစ်များ အဖြစ်
အနည်ထိုင်သွားကြသည်။ နုန်းအဖြစ် အနည်ထိုင်စဉ် ဓာတ်ပေါင်း တွင် အောက်ဆီဂျင်ကုန်ခန်း
သွားပါက နုန်းနစ် ထဲရှိ ဘက်တီးရီးယားပိုးတို့က အသက်ရှူရန် အတွက် အာဆင်းနစ်နှင့်
သံအောက်ဆိုက်များ ကို ခွဲထုတ်လိုက်သည်။

ဤနည်းဖြင့် အာဆင်းနစ် သံအောက်ဆိုက်မှ ကွဲထွက်သွားပြီးနောက် မြေအောက်ရေထဲသို့
ရောက်ရှိသွားသည်။ ဤတွင် ခြောက်သွေ့ရာသီ တစ်ကြိမ် ကျရောက်လာသောအခါ
စိမ့်မြေဒေသများ တွင် ဘက်တီးရီးယားတို့က ရှိသမျှ အစာရိက္ခာ (အထူးသဖြင့် ကြေညက်
လွယ်သည့် အသီး အရွက်များ)အားလုံးကို ခြောက်သွေ့ရာသီ ကာလအတွင်း စားပစ်
လိုက်ကြသည်။ ယင်း ကာလများတွင် ဘက်တီးရီးယားများသည် အောက်ဆီဂျင်ကိုလည်း
လုံလောက်စွာ ရရှိနေ ၍ အာဆင်းနစ်ပါဝင်သော သံအောက်ဆိုက် ကိုမခွဲဘဲ နေလိုက်သည့်
အခြေအနေကို စတင်း ဖို့ဒ် သုတေသီများက တွေ့ရှိလာကြသည်။ စိုစွတ်ရာသီကာလ
ပြန်ရောက်လာသော အခါ ဘက်တီးရီးယားများအတွက် စားရန် အစာမရှိသည့်အပြင်
အာဆင်းနစ်ကို သံ အောက်ဆိုက်မှ ခွဲထုတ်ရန်လိုအပ်သည့် လောင်စာလည်းမရှိဘဲ
ဖြစ်နေသည်။

ယင်းအခြေအနေအရ ပုံမှန်ရာသီခွင်ရှိ သော စိမ့်မြေဒေသက ဘက်တီးရီးယားများ ကြောင့်
မြေအောက်ရေထဲတွင် အာဆင်းနစ် များ စို့စို့ပို့ပို့ တိုးပွားမလာနိုင်ကြတော့ကြောင်း သတင်း
ထုတ်ပြန်ချက်တစ်ရပ်တွင် စတင်းဖို့ဒ် တက္ကသိုလ်သုတေသနအဖွဲ့က ရှင်းပြသည်။ ယင်းအချက်ကို
သာဓကပြရန် ဒုတိယ စမ်းသပ်မှုအဖြစ် ပုံမှန် စိမ့်မြေဒေသတွင် စိမ့်မြေဒေသအတုတစ်ခု
ဖန်တီးလျက် တစ် ရာသီလုံးလေ့လာကြပြန်သည်။ ၎င်းတို့ ကြိုတင်မျှော်လင့်ထားသည့်
အတိုင်းပင် အာဆင်းနစ်များ ဆက်လက်တိုးပွားလာသည်ကို တွေ့မြင်ကြရတော့သည်။

ထို့ကြောင့် ကမ္ဘောဒီးယားရောက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ သုတေသနအဖွဲ့ ခေါင်းဆောင်
စတီဗင်အစ်ဒင်းက မဲခေါင်မြစ် နှင့် ယင်းမြစ်လက်တက်များပေါ်တွင် ရေကာတာများ
တည်ဆောက်ခြင်းနှင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် မြေအောက်ရေ၌ အာဆင်းနစ်
ပမာဏ ပိုမိုတိုးပွားစေခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ သဘာဝ ရေသယံဇာတများ
ဆုံးရှုံးပျက်စီးတော့မည်ဖြစ်ကြောင်း သတိပေးပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း