မှောင်မိုက်တဲ့ တိမ်တိုက်ကို ဖယ်ရှားပစ်ကြရအောင်လား

ကမ္ဘောဒီးယား အတိုက်အခံ စီအင်န်အာရ်ပီခေါင်းဆောင် ဆမ်ရိန်ဆီကို ဖနွမ်းပင်မြို့သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်။အေအက်ဖ်ပီကမ္ဘောဒီးယား အတိုက်အခံ စီအင်န်အာရ်ပီခေါင်းဆောင် ဆမ်ရိန်ဆီကို ဖနွမ်းပင်မြို့သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်။အေအက်ဖ်ပီ

ကျီစယ်တဲ့သဘောနဲ့ နှိုင်းယှဉ်လိုက်တာကို ခွင့်ပြုပါ။ ဒါပေမဲ့ ဒီဒေသရဲ့ နိုင်ငံရေးတွေကို
နားလည်သဘောပေါက်ဖို့ ကြိုးစားတဲ့အခါမှာ စာရေးဆရာကြီး ဂျိုးဇက်ကွန်းရက်ဒ်ရဲ့ Heart
of Darkness (မှောင်မိုက်တဲ့နှလုံးသား) ၀တ္ထုကို သွားသတိရမိတယ်။

ဒီအံ့ဖွယ်ကောင်းတဲ့ ပုံဝတ္ထုလေးမှာ အခြေ အနေတစ်ခုရဲ့အဓိပ္ပာယ်ဟာ အခွံမာသီး တစ်လုံးရဲ့
အဆန်ကို အတွင်းသားထဲအထိ သေသေချာချာစိစစ်ပြီး ရှာဖွေသလို ခဲခဲ ယဉ်းယဉ်း ပင်ပင်ပန်း
ပန်း ဆန်းစစ်စရာ မလိုဘဲ မြူမှောင်ကိုခွင်းပြီး လင်းထိန်စေတဲ့ အပြင်ပန်းက တောက်ပမှုမှာတင်
တွေ့ရှိနိုင် တယ်လို့ ဇာတ်ကြောင်းပြန်သူက တွေးဆ ခဲ့တယ်။ ဒီလိုပြောရမယ်ဆိုရင်
အရှေ့တောင်အာရှ မှာ ဆို့နင့်စေတဲ့ ဖိနှိပ်မှုနဲ့ လက်အောက်ခံ ဘ၀သွတ်သွင်းတာတွေကို
သုံးသပ်ဖို့ကြိုးပမ်း တဲ့အခါမှာ ဒီလိုအသွင်ဆောင်နေတာကို တွေ့မြင်နိုင်တယ်။

ဆို့နင့်စေတယ်ဆိုတဲ့ အသုံးအနှုန်းဟာလည်း စီးပိုးတင်စီးတဲ့ စကားလုံးဖောင်းပွမှု တွေနဲ့
ရှုပ်ထွေးစေပြီး စိတ်ရင်းကိုဖုံးကွယ် ထားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးခေါင်း ဆောင်တွေ
သူတို့ကို အတိုက်အခံလုပ်သူတွေ ကို ဆုံးမတဲ့အဖြစ်မျိုးမှာဆိုရင် အင်မတန်ပဲ သင့်တော်
ပါတယ်။ ဒီလိုနည်းနဲ့ပဲ နိုင်ငံရေးခေါင်းဆောင်တွေ ဟာ အနွံအတာခံတဲ့လူထုကို စက်ဆုပ်တဲ့
အခြေအနေတွေ လက်ခံလာဖို့ တံတောင်ဆစ် နဲ့ တွန်းပို့ပေးပြီး သူတို့ကိုယ်သူတို့ အာဏာ
တည်မြဲအောင် လုပ်ကြရုံသာမက လူ့စိတ်ဓာတ် ကို ပျက်စီးပြောင်းလဲစေတဲ့ ရေပန်းစားမှု
အောက်မှာ ခိုလှုံနေကြတယ်။

ကဲ-တိတိကျကျ ပြောကြရအောင်လား၊ ဗြိတိသျှဝန်ကြီးချုပ်လည်းဖြစ်၊ ကွန်ဆာဗေး တစ်ပါတီ
ခေါင်းဆောင်လည်းဖြစ်တဲ့ သူဟာ လေဘာပါတီက အတိုက်အခံခေါင်းဆောင်ကို
အကျဉ်းထောင်ထဲထည့်ခဲ့တဲ့ နောက်ဆုံး အကြိမ်ကို သတိရမလားလို့ ကြိုးစားကြည့် လိုက်ပါ။
အမေရိကန်နိုင်ငံရဲ့ ရီပတ်ဘလီကန် သမ္မတတစ်ယောက်က ဒီမိုကရက်တစ်ပါတီက
သူ့ပြိုင်ဘက်ကို ဖမ်းဆီးစော်ကားတဲ့ အပြုအမူနဲ့ စွဲချက်တင်ဖို့ စီစဉ်ခဲ့တာကိုလည်း
သင်မှတ်မိသလားလို့ ကြိုးစားကြည့်ပါ။ နောက်ဆုံး လေဘာပါတီခေါင်းဆောင်ဟောင်း
ဘော့ဟော့ခ်လို၊ ဒါမှမဟုတ် ပေါလ် ကီးတင်းလိုလူက လစ်ဘရယ်ပါတီ အတိုက်အခံ
မယ်လ်ကွန်ဖရေဇာ၊ ဒါမှမဟုတ် ဂျွန် ဟူစန်လိုလူကို ထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့ဝင်တွေကို
စေလွှတ်ပေးခဲ့တဲ့အချိန်ကိုသိဖို့ သင့် မှတ်ဉာဏ်ထဲမှာ ရှာဖွေကြည့်လိုက်ပါ။

ဒါတွေကို သင်မလုပ်နိုင်ပါဘူး။ ဒီလိုအဖြစ် မျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ယူဆတာကိုကပဲ
ကိုးရိုးကားရားနိုင်ပြီး ရယ်စရာကြီးပါ။ ဒါပေမဲ့ ဒီဒေသမှာတော့ ဒီအတိုင်းပဲ တစ်ချိန်လုံး
ဖြစ်နေတာပဲ။ အရှေ့တောင်အာရှမှာရှိတဲ့ အစိုးရ ခေါင်း ဆောင်တွေဟာ သူတို့ရဲ့အတိုက်
အခံတွေကို ဆင်ခြင်တုံတရားအခြေခံတဲ့ အငြင်းအခုံနဲ့ သူတို့ရဲ့ အားကောင်းပြီး
ဆွဲဆောင်မှုရှိတဲ့ မူဝါဒတွေနဲ့ အနိုင်မရနိုင်တဲ့အကြောင်းရင်း ရှိနေသလား။ မရှိဘူး
လို့ဆိုရမယ်။

သူတို့တစ်တွေဟာ ဝေဖန်မှုကို လက်ခံဖို့ အရေမထူ၊ မလုံခြုံတာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်
သူတို့ကို ဝေဖန်သူတွေ မှားပြီး သူတို့သာ မှန်တယ်ဆိုပြီး လူတွေကိုဆွဲဆောင်နိုင်တဲ့
တန်ပြန်အငြင်းအခုံကို လုပ်နိုင်စွမ်းမရှိလို့ဘဲ ဖြစ်ရမယ်။ ဒီတော့ သူတို့အလွယ်နည်းကို
လိုက်ကာ တရားရုံးတွေ၊ ဒါမှမဟုတ် အခွန်ကောက်တဲ့ အေဂျင်စီတွေ၊ ဒါမှမဟုတ်
တခြားအာဏာပိုင် တွေကိုအသုံးပြုကာ သူတို့ရဲ့အတိုက်အခံ လူတွေကို ထောင်ကျအောင်
လုပ်ကြတယ်။ တစ်နှစ်ဝင် တစ်နှစ်ထွက်နဲ့ ဒါတွေကို မြင်တွေ့နေရတာ အလွန်စိတ်မချမ်း
သာစရာ ကောင်းတယ်။

ဒါ ဘာကိုပြသလဲဆိုရင် ကျွန်တော်တို့တစ်တွေဟာ ရှည်လျားပြီး ကွေ့ ကောက်တဲ့
မြစ်ကြောင်းတစ်ခုကနေ မှောင် မိုက်တဲ့ နိုင်ငံရေးနှလုံးဆီကို အပို့ခံနေရသလို လွတ်လမ်း
လည်းမရှိသလို ဖြစ်နေတယ်။ အဆိုးဆုံးတရားခံကတော့ စင်ကာပူနိုင်ငံ ပဲ။ ရာစုနှစ်တစ်ဝက်
လွတ်လပ်ရေးရခဲ့ပြီးတဲ့ အချိန်အတွင်းမှာ လီကွမ်းယူ၊ ဂိုချောက် တောင်နဲ့ အခု လီရဲ့သား
လီရှန်လွန်းတို့ ဦးဆောင်တဲ့ အစိုးရတွေဟာ နိုင်ငံရေးအတိုက် အခံသမားတွေကို ထောင်
ချနေကျဖြစ်တယ်။ ဂျေဘီဂျီယာရက်နမ်ကစပြီး ဖရန်စစ်ဆီ အိုးနဲ့ ချီစွန်ဂျွမ်းတို့အဆုံး တာရှည်အုပ်စိုး
နေတဲ့ ပြည်သူ့လှုပ်ရှားပါတီ (PAP) ဟာ သူ့ကို ဝေဖန်တဲ့လူတွေကို သိမ်းကျုံးပြီး ထောင်ထဲ
ထည့်ခဲ့တယ်။ လူတွေနှစ်ခြိုက်တဲ့ ဝေဖန်သူ ဖြစ်လေ ပြစ်ဒဏ်ကကြီးလေပဲ။ ဒါဟာ ရှက်စရာ
ပါပဲ။ အမေရိကန်သူဌေး ကြီး ဒေါ်နယ်ထရမ့်က သမ္မတအိုဘားမားကို မကောင်းတဲ့
နာမည်တွေခေါ်၊ မူဝါဒတွေကို ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချတဲ့အတွက် သမ္မတအို
ဘားမားက မိုက်မဲတဲ့ ဥပဒေချိုး ဖောက်မှုကို ထွင်လုံးလုပ်ပြီး ဒေါ်နယ်ထရမ့် ကိုဖမ်းဆီးဖို့ကြံစည်
တယ်လို့ စဉ်းစားကြည့် လိုက်ပါ။ ဒါဟာ လုံးဝမယုံကြည်နိုင်လောက် တဲ့ကိစ္စပဲ။

ဒါပေမဲ့ စင်ကာပူနိုင်ငံမှာတော့ လုပ်နေကျ အလေ့အထဖြစ်ကာ ယနေ့တိုင်အောင် စင်ကာပူ
အရှေ့ပိုင်း ဆင်ခြေဖုံး မဲဆန္ဒနယ်က အတိုက်အခံအမတ် လက်တစ်ဆုပ်စာမှာ စာရင်းလုပ်ငန်း
စဉ်တွေ မှားတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ပုံမှားအရိုက်ခံခဲ့ရတယ်။PAP ဟာ အကောင်းဆုံး
ကြိုးပမ်းခဲ့တဲ့ ကြားက ဥပဒေနဲ့ ငြိစွန်းတဲ့ အထောက်အထား ကို မတွေ့ခဲ့ရဘူး။ ဆင်ခြင်
ဆုံးဖြတ်နိုင်စွမ်း ရှိတဲ့ အချေအတင်ပြောဆိုမှုမှာ အတိုက် အခံတွေကို မနိုင်တာကြောင့်
လူမိုက်ဆန်ဆန် ခြိမ်းခြောက် အနှောင့်အယှက်ပေးတာပဲ ဖြစ်တယ်။ ခေါင်းဆောင်ပိုင်းနဲ့
နီးစပ်တဲ့ PAP အမတ်ဟောင်း ချန်ဒရာဒတ်စ်က တစ်ချိန်က ကျွန်တော့်ကို ဘာပြောခဲ့သလဲ
ဆိုရင် နိုင်ငံရေး အတိုက်အခံ ဘယ်သူပဲဖြစ်ဖြစ် သူ့ရဲ့ ငွေရေး ကြေးရေး၊ အချစ်ဘ၀၊
ဘာသာရေးယုံကြည်မှု တွေနဲ့ လူ့အချက်အလက်အားလုံး စစ်ဆေး တာဟာ ပုံမှန်အလေ့
အထပဲတဲ့။

ဒီလို ယုတ်မာတဲ့အလေ့အကျင့်ကို စင်ကာပူနိုင်ငံ တစ်နိုင်ငံတည်းကိုသာ အပြစ် ပြောလို့မရဘူး။
ဒီဒေသတွင်းမှာ နိုင်ငံအတော် များများဟာ ဒီလိုပဲလုပ်ကြတယ်။ အခုပဲကြည့်လေ၊
မလေးရှားနိုင်ငံက ထိပ်တန်းအတိုက်အခံသမား အန်ဝါအီဘရာ ဟင်ဟာ ဉာဏ်ဆင်ထားပြီး
နိုင်ငံရေးအရင်း ခံတဲ့ ဓမ္မတာဆန့်ကျင်တဲ့ ကာမစပ်ယှက်မှု စွဲချက်နဲ့ ထောင်ကျခံနေရတာဖြစ်
တယ်လို့ ကုလသမဂ္ဂရဲ့ Working Group on Arbitrary Detention က မကြာသေးခင်က
အတည်ပြု ပြောဆိုခဲ့တယ်။ နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ဒီအဖွဲ့က
အန်ဝါကိုအမြန်ဆုံး လွှတ်ပေးဖို့ အတိအလင်းတောင်းဆိုခဲ့ပေ မယ့် ပွင့်ပွင့်လင်းလင်းပြောရရင်
လွတ်လာဖို့ အကြောင်းမမြင်ဘူး။

အန်ဝါဟာ လူပုံအလယ်မှာ ထင်ထင် ပေါ်ပေါ် အထိန်းသိမ်းခံ နိုင်ငံရေးသမား တစ်ဦးသာဖြစ်ပေမယ့် လွတ်လပ်စွာထုတ် ဖော်ပြောဆိုမှုအပေါ် ကန့်သတ်မှုတွေဟာ တင်းကျပ်ထားကာ အစိုးရကိုဝေ
ဖန်တဲ့သူတွေ ဟာ မလေးရှားနိုင်ငံရဲ့ ကြမ်းတမ်းပြင်းထန်တဲ့ နိုင်ငံတော်ကို အကြည်ညို
ပျက်အောင်လုပ်တဲ့ ဥပဒေနဲ့ စွဲချက် ပုံမှန်အတင်ခံကြရတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာလည်း
ထူးမခြား နားပါပဲ။

အတိုက်အခံအမတ်တွေဟာ အရိုက် အနှက်ခံရတာအပြင် သူတို့ပါတီရဲ့ ဒုတိယ ခေါင်းဆောင်
ကမ်ဆိုခကို ပါလီမန် ဒုတိယ ဥက္ကဋ္ဌ ရာထူးက ဖယ်ရှားခံလိုက်ရတယ်။ ပြီးခဲ့တဲ့လက အတိုက်
အခံခေါင်းဆောင် ဆမ်ရိန်ဆီကို နိုင်ငံရေး အရင်းခံတဲ့ကိစ္စနဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီး ပါလီ
မန်အမတ်နေရာကို စွန့်လွှတ်လိုက်ရတယ်။ ကမ္ဘောဒီးယားနိုင်ငံက ဟွန်ဆန်၊ မလေး ရှားနိုင်ငံက
နာဂျစ်ရာဇတ်နဲ့ တခြားဒေသတွင်း ခေါင်းဆောင်တွေဟာ စင်ကာပူနိုင်ငံရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့
ဝန်ကြီးချုပ် လီကွမ်း ယူရဲ့ လူမိုက်ဆန်ဆန်နည်းတွေကို အတုယူ ကာ သူတို့ကို ဝေဖန်သူတွေနဲ့
နိုင်ငံရေး အတိုက်အခံသမားတွေကို ဖျက်ဆီးပစ်ကြ တယ်။ ဒီလုပ်ရပ်တွေဟာ အလွန်ရှက်စရာ
ကောင်းပြီး ဘယ်နေရာမှာပဲဖြစ်ဖြစ် လက်မခံသင့်ဘူး။

လေဘာခေါင်းဆောင် ဂျယ်ရမီကော် ဘင်ဟာ ဝေဖန်လွန်းတယ်ဆိုကာ့ု ၀န်ကြီးချုပ်
ဒေးဗစ်ကင်မရွန်က သူ့ကိုဖမ်းဆီးချင် တယ်လို့ပြောခဲ့ရင် ၀န်ကြီးချုပ်ဟာ လှောင် ပြောင်သရော်
ခံရမှာဖြစ်ပြီး ပါလီမန်တွင်းက တစ်ချက်လွှတ် ပယ်ချခံရမှာဖြစ်တယ်။ ဒါပေမဲ့ ဒီမှာကတော့
လျစ်လျူရှုထားပြီး အာဆီယံခေါင်းဆောင်တွေရဲ့ ပျက်ကွက်တဲ့ လုပ်ငန်းစဉ်ဖြစ်နေပြီ။ ထိုင်းနိုင်ငံ
မှာဆိုရင် အာဏာသိမ်း တစ်ဖက်အရာရှိတွေက ပြည်သူ့အခွင့်အရေး တွေကို တင်းတင်း
ကျပ်ကျပ် ကန့်သတ်ထား တယ်။ ဒီဇင်ဘာ ၁ ရက်ကဆိုရင် အင်တာနေ ရှင်နယ် နယူးယော့ခ်
တိုင်း(မ်)သတင်းစာမှာ ကွက်လပ်အဖြူတွေ ပါလာခဲ့တယ်။ အဲဒီ ကွက်လပ်တွေမှာ ထိုင်းနိုင်ငံရဲ့
စိတ်ဓာတ် ကျဆင်းတာနဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ် ပါဖို့ရှိခဲ့တယ်။ ပင်ကိုအားဖြင့်
ဗိုလ်ချုပ်တွေဟာ နိုင်ငံ ရေးအတိုက်အခံတွေနဲ့ တခြားဝေဖန်သူတွေ ကို ထိန်းသိမ်းတဲ့
စခန်းတွေထဲသွင်းကာ အစိုးရ အနေနဲ့ ပြည်သူ့စစ်တွေရဲ့ အပြုအမူနဲ့ အတွေးအခေါ်တွေ
အပေါ် လုံးဝထိန်းချုပ်နိုင် တဲ့သဘောတရားရေးရာတွေကို သွတ်သွင်းပေးတယ်။

ဒီမိုကရေစီစနစ်အရ ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ယင်လတ်ရှင်
နာဝပ်ကိုလည်း မယုံကြည်ရတဲ့ အကြောင်းပြချက်တွေနဲ့ တရားရုံးတွေမှာ အမှုရင်ဆိုင်နေရပေ
မယ့် စစ်တပ်အတွင်း မှာ ဖြစ်ပျက်နေတဲ့ ခြစားမှုတွေနဲ့ မသမာမှု တွေကတော့ အရေးယူ
မခံကြရဘူး။ ဗိယက်နမ်နိုင်ငံမှာဆိုရင် အွန်လိုင်းက လှုပ်ရှားပြောင်းလဲရေးဝါဒီတွေဆိုရင်
အနှောင့် အယှက်ပေးခံရတယ်၊ ဒါမှမဟုတ် သူတို့ရဲ့ သဘောထားအမြင်တွေကို ငြိမ်းချမ်းစွာထုတ် ဖော်ရင်လည်း ထောင်ထဲရောက်သွားရတယ်။ ဘာဖြစ်လို့လဲ၊ အာဏာရ
ကွန်မြူနစ်ပါတီ ဟာ အားပျော့လွန်းလို့ လူငယ်တွေ လူမှုရေး မီဒီယာမှာ သူတို့ရဲ့အတွင်း
သဘောထားတွေ ဖော်ပြတာကို ရင်မဆိုင်ရဲလို့ပါ။

ပွင့်လင်းရဲတင်းစွာပြောတာ၊ ဒါမှမဟုတ် သဘောထားဆန့်ကျင်ဖို့ စည်းရုံးတယ်လို့ အစိုးရက
ထင်တာကြောင့် လူတစ်ယောက်ကို ငါးနှစ်အထိ ထောင်ဒဏ်ပေးထားတာဟာ တိုတိုပြောရရင်
အဓိပ္ပာယ်မရှိဘူးလို့ Human watch ရဲ့ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဘရက်ဒ်အဒမ်စ်က
လွန်ခဲ့တဲ့ရက်သတ္တပတ်က ပြောခဲ့တယ်။

သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း