နာဂျစ် ကံကြမ္မာအတွက် အရှေ့မျှော်ဝါဒ အရေးပါ

မလေးရှား အရှေ့ပိုင်းက ဆာရာဝပ်ပြည်နယ်ကို အလေးထားလာရတဲ့ ဝန်ကြီးချုပ် နာဂျစ် ရာဇတ်။ ဓာတ်ပုံ - အေအက်ဖ်ပီမလေးရှား အရှေ့ပိုင်းက ဆာရာဝပ်ပြည်နယ်ကို အလေးထားလာရတဲ့ ဝန်ကြီးချုပ် နာဂျစ် ရာဇတ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

မလေးရှားနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ဆာရာဝပ် ပြည်နယ်ဟာ မလေးရှားနိုင်ငံက တခြား ပြည်နယ်
တွေထက် အတော်လေးကို ကြီးမားတယ်။ မလေးယား ကျွန်းဆွယ်မှာရှိတဲ့ ပြည်နယ် ၁၁ ပြည်
နယ်စလုံး ပေါင်းစည်းထားတဲ့ ပမာဏ လောက်နီးပါးရှိတယ်။

အကြီးဆုံးပြည်နယ်လည်းဖြစ်၊ သယံဇာတ ပစ္စည်း ပေါကြွယ်ဝဆုံးလည်း ဖြစ်ပေမယ့် မလေးရှား
နိုင်ငံ ကွာလာလမ်ပူက မလေးရှား အစိုးရရဲ့ အရေးကြီး ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့ ထိပ်ပိုင်းက
လူတွေကို ပြည်သူလူထုကို မိတ်ဆွေအဖြစ်သဘောထားပြီး သြဇာညောင်းအောင် မလုပ်နိုင်ခဲ့ဘူး။

အမျိုးသားတပ်ဦးပါတီ (National Front) က ဗဟိုအစိုးရဟာ ဆာရာဝပ် ပါလီမန်အမတ် နေရာ
အားလုံးနီးပါးကို နိုင်လိမ့်မယ်လို့ပဲ ယူဆခဲ့တယ်။ ပြည်နယ်တစ်ခုချင်းမှာ အမတ် နေရာအမြင့်ဆုံး
ရှိတဲ့ ဆာရာဝပ်ပြည်နယ်မှာ အမြဲလိုပဲ နိုင်ခဲ့လို့ဖြစ်တယ်။

ဒီလိုအဖြစ်မျိုးကတော့ ပြောင်းလဲစပြုနေ ပါပြီ။ ၂ဝဝ၈ ခုနှစ်ကဆိုရင် ဆာရာဝပ်ပြည် နယ်ရဲ့
အမတ်နေရာ ၃၁ နေရာထဲက နှစ်နေရာကို အတိုက်အခံက အနိုင်ရသွားတယ်။ နောက်
ငါးနှစ်အကြာမှာတော့ နာဂျစ်ရာဇတ် ဝန်ကြီး ချုပ်ဖြစ်လာတဲ့အခါမှာ အတိုက်အခံဘက်က
ခုနစ်နေရာ ရသွားခဲ့တယ်။

နာဂျစ်အတွက်ကတော့ အသေးအမွှား ဖြစ်တဲ့ အရှေ့မလေးရှား ဆုတ်ဆိုင်းမှုဟာ မပြောပ
လောက်ဘူး။ ဘာကြောင့်လဲဆိုရင် ဆာရာဝပ်ပြည်နယ်ရဲ့ အမတ်နေရာ သုံးပုံတစ်ပုံကျော်ကို
သူ့ရဲ့ အမျိုးသားတပ်ဦးပါတီ ကိုယ်စားလှယ်လောင်းတွေက နိုင်ထားလို့ပဲ။

ရွေးကောက်ပွဲမတိုင်ခင်က ဆာရာဝပ် ပြည်နယ်က အမတ်နေရာတွေကို ရည်ညွှန်းပြီး သူ
အာဏာ ဆက်လက်ထိန်းထားနိုင်ဖို့ ဆာရာဝပ်ကို ပုံသေအပ်ငွေ (Fixed deposit)
လို့ပြောခဲ့တယ်။

အခုအချိန်မှာတော့ သူ ဒီလိုမလုပ်တော့ဘူး။ ဘာကြောင့်လဲဆိုရင် အမတ် ခုနစ်နေရာ
ဆုံးရှုံးသွားတာဟာ 'ပုံသေအပ်ငွေ'ကို မှန်တယ် လို့ ယူဆလို့မရတော့ဘူးဆိုတာကို
တစ်စိတ်တစ်ပိုင်းပြလိုက်တာပဲ ဖြစ်တယ်။ ဒါ့ပြင် ခြစားတယ်၊ ခိုးဝှက်တယ်ဆိုတဲ့ စွဲချက်
တွေကလည်း သူ့ရဲ့ မဲဆန္ဒရှင်အပေါ် ဆွဲဆောင်မှုကို လျော့ပါးစေခဲ့တယ်။

အရင်နှစ်ဆန်းပိုင်းကတည်းက နာဂျစ် ဥက္ကဋ္ဌဖြစ်တဲ့ 1MDB က ဒေါ်လာဘီလျံချီပြီး ဆုံးရှုံးခဲ့
တာကို သိလာခဲ့တဲ့နောက်ပိုင်း နာဂျစ် အပေါ် တိုက်ခိုက်မှုတွေ မရပ်မနားဖြစ်ခဲ့တယ်။

သူ့ကို တရားစွဲဖို့ ကြိုးပမ်းမှုတွေ၊ ပါတီ ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ရာထူးက ဖြုတ်ချဖို့
လုပ်ရပ်တွေနဲ့ ပါလီမန်မှာ နာဂျစ်အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတွေ တင်သွင်းဖို့
ကြိုးပမ်းမှုတွေလည်း ရှိနေတယ်။

ဒါတွေကို အခုအချိန်အထိ နာဂျစ်ဟာ ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ တစ်ခါတစ်ရံမှာတော့ ချိန်ခွင်လျှာ
ကစားခဲ့တဲ့အချိန်တွေလည်း ရှိခဲ့တယ်။ မကောင်းသတင်းဟာ ဆက်လက် တာရှည်လာတဲ့
အခါမှာတော့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မလေးရှားနိုင်ငံရဲ့ပုံရိပ်ဟာ အိုမဲအသုတ်ခံနေရ
တယ်။

နာဂျစ်ဟာ သူဆက်လက်ရှင်သန်ဖို့ သူ့ကို မယုံသင်္ကာရှိတဲ့လူတွေကို ရာထူးက ထုတ်ပယ်ခဲ့
တယ်။

ဒုတိယဝန်ကြီးချုပ် မူယစ်ဒင်ယာစင်နဲ့ တခြားထိပ်တန်းအရာရှိတွေအပြင် လွန်ခဲ့တဲ့ ရက်သတ္တပတ်
က ကီဒါးပြည်နယ်ဝန်ကြီး မူကရစ်ဇ် မဟာသီယာလည်း ထုတ်ပယ်ခံခဲ့ရတယ်။

နာဂျစ်ဟာ ဝေဖန်မှုတွေကို နှိမ်နင်းတယ်။ နိုင်ငံသား လူ့အဖွဲ့အစည်းနဲ့ လူ့အခွင့်အရေး အဖွဲ့တွေ
ကို လွတ်လပ်ခွင့် ပိုပေးမယ်ဆိုတဲ့ ကတိတွေကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့တယ်။

လွန်ခဲ့တဲ့ရက်သတ္တ နှစ်ပတ်လောက်က မကြာသေးခင်က ခန့်ထားခြင်းခံလိုက်ရတဲ့ နာဂျစ်လိုလား
သူ လက်ပါးစေ ရှေ့နေချုပ်ကလည်း နာဂျစ်အပေါ် တရားစွဲဆိုဖို့ အခြေအမြစ်မရှိဘူးဆိုကာ ပယ်ချ
လိုက်တယ်။ သူ့အရင် ရှေ့နေချုပ်က နာဂျစ်ကို တရားစွဲချက်တွေတင်ဖို့ အဆိုပြုခဲ့သေးတယ်။

1MDB ကို စုံစမ်းစစ်ဆေးရာက နာဂျစ်ရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းထဲ ဒေါ်လာ ၆၈၁ သန်း ရောက်
တာဟာလည်း အမည်မဖော်လိုတဲ့ ဆော်ဒီအာရေဗျ တော်ဝင်မင်းသားတစ်ပါးက ပေးတဲ့
ရိုးရိုးသားသားလက်ဆောင်ဖြစ်တယ် လို့ ရှေ့နေချုပ်က ပြောတယ်။

တစ်ရက်အကြာမှာ မလေးရှားနိုင်ငံရဲ့ ခြစားမှုဆန့်ကျင်တဲ့ ကော်မရှင်က ရှေ့နေချုပ် ရဲ့
အဆုံးအဖြတ်ကို အယူခံဝင်မယ်လို့ ပြောခဲ့တယ်။ နာဂျစ်ဟာ စင်ကာပူနဲ့ ဆွစ်ဇာ လန်နိုင်ငံ
တို့ကငွေကြေးဆိုင်ရာ အာဏာပိုင် တွေကို ခါးခါးသီးသီးငြင်းပယ်ခဲ့သလို ဒီစိန်ခေါ်မှုကိုလည်း
ရိုက်ချလိုက်မှာဖြစ်တယ်။ ဟုတ်ပါတယ်။

1MDB မှာ ဒေါ်လာလေးဘီလျံ ဆုံးရှုံးမှုအပေါ် ရာဇဝတ်မှု စုံစမ်း စစ်ဆေးမှုမှာ နာဂျစ်ဟာ
မသင်္ကာဖွယ်ဖြစ်သူ မဟုတ်ဘူးလို့ ဆွစ်ရှေ့နေချုပ်ရုံးက မလွှဲ မရှောင်သာ ထုတ်ပြန်ချက်ထုတ်
ခဲ့ရတယ်။ နာဂျစ်ဟာ စွဲချက်တွေတစ်ခုပြီးတစ်ခု ချေဖျက်နိုင်ခဲ့ပေမယ့် နေရာတစ်နေရာမှာတော့
အားနည်းချက်ရှိတယ်။ အဲဒါကတော့ မလေး ရှားနိုင်ငံရဲ့ မလေးလူမျိုးအများစုကြားမှာရှိတဲ့
သူ့အပေါ်ထောက်ခံမှုပဲဖြစ်တယ်။

နာဂျစ်ဟာ မပြောဘဲ သိသာစွာနဲ့ တရုတ် နဲ့အိန္ဒိယလူမျိုးတွေကို စွန့်လွှတ်ခဲ့တယ်။ ဒီ လူမျိုးနှစ်စု
ဟာ သူ့ရဲ့စိတ်ရင်းကို ဖုံးကွယ်ပြီး ငမ်းငမ်းတက် လိုချင်မက်မောတတ်တဲ့ အစိုးရ အပေါ်
တွန့်ဆုတ်ပေမယ့် သူ့ကိုဖြုတ်မချ နိုင်ဘူးဆိုတာကို နာဂျစ်သိတယ်။

ကံမကောင်းချင်တော့ မလေးလူမျိုးတွေ ဟာလည်း ယိမ်းယိုင်စပြုလာပြီဖြစ်တယ်။ မလေးယား
ကျွန်းဆွယ်ရဲ့ အချက်အချာ ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက နာဂျစ်ရဲ့  National
Front ပါတီရဲ့ ဆုတ်ယုတ်မှု တွေကိုကြည့်ရင် သိနိုင်ပါတယ်။

ကဲ... ဆာရာဝပ်ပြည်နယ်ကို ပြန်ကြည့် ရအောင်လား။ အဲဒီမှာ နာဂျစ်ဟာ နောက်တစ်ကြိမ်
မှာနိုင်ဖို့ ပုံသေအပ်ငွေကို အသည်း အသန်လိုနေတယ်။ မရရင်တော့ 1MDB ရဲ့ ပြိုကွဲမှု ဘယ်လိုပဲ
အဆုံးသတ်သတ် သူပြုတ်မှာ ဖြစ်တယ်။ အမှန်တကယ်ပြောရရင် ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ
ကံကြမ္မာဟာလည်း လာဖို့ သိပ်မကြာတော့ဘူး။

ဆာရာဝပ်ပြည်နယ်ဟာ ပြည်နယ်ရွေးကောက်ပွဲကို ဒီနှစ် စက်တင်ဘာ ၂ဝ ရက်မတိုင်ခင်
ကျင်းပရမှာဖြစ်တယ်။ ဝါရင့်ပြီး စိတ်ကြီးတဲ့ တာအစ်မာမွတ် ရာထူးက ဆင်းပေးပြီးနောက်မှာ
အာဒီနမ် ဆာတင်ဟာ လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်။

တစ်နှစ်အတွင်း ကောင်းမွန်စွာ အမှုထမ်းလာခဲ့တဲ့ ဆာတင်က သူ့ရဲ့ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို
ရရှိဖို့နဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲက တာအစ်မာမွတ်ရဲ့ အမွေဖြစ်တဲ့ အတိုက်အခံဘက်ကို ရှစ်ရာခိုင်နှုန်း
ပါသွားတာကို ပြန်လည်ရဖို့ ရှောင်တခင်ရွေးကောက်ပွဲကို လာမယ့်လမှာ ခေါ်ချင်ရင်ခေါ်မယ်လို့
ပြောထားတယ်။

စိတ်ဝင်စားဖို့ကောင်းတာက အံ့သြစရာ ကောင်းတဲ့လူတွေရဲ့ ထောက်ခံမှု ၇၈ ရာခိုင်နှုန်း
ရထားတဲ့ ဆာတင်ဟာ ကွာလာလမ်ပူ မြို့တော်က သိသိသာသာ နာမည်ပျက်နေတဲ့ ဝန်ကြီးချုပ်
အပါအဝင် National Front မဟာမိတ်တွေနဲ့ ခပ်ခွာခွာ နေနေတာပဲ ဖြစ်တယ်။

ဒီလိုနေတာဟာ မလေးရှားနိုင်ငံရဲ့ အကြီးဆုံးပြည်နယ်ရဲ့ ရွေးကောက်ပွဲမှာ သူ့ရဲ့ ကိုယ်ပိုင်
ဆောင်ရွက်မှုကို ပြချင်တဲ့အတွက်လို့ ဆိုရာမှာ အပေါ်ယံအားဖြင့် ကြည့်မယ်ဆိုရင် ညီညွတ်
မျှတပါတယ်။

ပြည်နယ်ဥပဒေပြုလွှတ်တော်မှာ ကြီးမားတဲ့ မဲအသာရှိတဲ့ ဆာတင်က ကွာလာလမ်ပူ အစိုးရနဲ့
ရင်ဆိုင်ဖို့နဲ့ ဆာရာဝပ်ရဲ့အကျိုးကို ကာကွယ်ဖို့လို့ပြောလာရင် နာဂျစ်ရဲ့လူတွေ တုန်လှုပ်ကြမှာဖြစ်
တယ်။

ဆာတင်ဟာ ကြီးကြီးမားမား အနိုင်မရဘူး လို့ ဘယ်သူမှ သံသယမဖြစ်ဘူး။ ဒါပေမဲ့
သူ့အပြောအရဆိုရင် သူ့ရဲ့လုပ်ပိုင်ခွင့်ကို နိုင်ငံရဲ့အစိုးရထဲမှာ ဆာရာဝပ်အတွက် အချိုးကျ
သြဇာအာဏာရရှိရေးအတွက် အသုံးပြုလိမ့်မယ်လို့ အများက မြင်ကြတယ်။

လွယ်လွယ်ရလို့ အလေးမမူတာမျိုး၊ ပုံသေ အပ်ငွေထားတာမျိုးတွေ မရှိတော့ဘူး။
ဒါဟာလည်း လက်တွေ့ကျပါတယ်။ ဒါပေမဲ့ နာဂျစ် အလျှော့ပေးလိုက်ရင်တော့ မလေးယား
ကျွန်းဆွယ်က မလေးလူမျိုး အတော်များများဟာ တရုတ်၊ အိန္ဒိယလူမျိုးတွေနဲ့ပေါင်းပြီး
သူ့ကို ဆန့်ကျင်လာတာမျိုး ဖြစ်လာနိုင်တယ်။

ဒီလိုသာဖြစ်ခဲ့ရင် သူ့ဘဏ်စာရင်းထဲမှာ ငွေတွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့ခမျာ
သွားရှာမှာပဲ။

(The Myanmar Times)
သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း