နီပေါ ခရီးသည်တင်လေယာဉ် ခတ္တမန္ဒူမြို့အနောက်ဘက် မိုင် ၁၆ဝ အကွာ၌ပျက်ကျ လိုက်ပါသူ ၂၃ ဦးသေဆုံး

ခတ္တမန္ဒူ  - နီပေါနိုင်ငံ၏ ဝေးလံခေါင်သီသည့် တောင်ထူထပ်ရာနေရာတစ်ခု၌ ဖေဖော်ဝါရီ ၂၄ ရက်
က ပျောက်ဆုံးခဲ့သော လူ ၂၃ ဦးလိုက်ပါသွားသည့် ခရီးသည်တင်လေယာဉ်တစ်စင်း၏ အပိုင်းအစ
များကို ကယ်ဆယ်ရေးအဖွဲ့များက ရှာတွေ့ခဲ့ကြောင်း  နီပေါလေကြောင်းဝန်ကြီးက ပြောကြားခဲ့သည်။

''မီးကျွမ်းနေတဲ့ လေယာဉ်အပျက်အစီးအပိုင်းအစတွေကို အနောက်ပိုင်းခရိုင် Myagdi u Solighopte
ဒေသမှာ ရှာတွေ့ခဲ့ပါတယ်'' ဟု ယဉ်ကျေးမှု၊ ခရီးသွားနှင့် အရပ်ဘက် လေကြောင်းဝန်ကြီး အာနန်ဒါ
ပရာဆက် ပိုခါရဲလ်က အေအက်ဖီသို့ ပြောကြားခဲ့သည်။

ထို့ပြင် အပျက်အစီးများအကြား အလောင်းများကိုလည်း တွေ့ရသည်ဟု ¤င်းကဆိုသည်။အခင်းဖြစ်ပွား
သည့်နေရာသို့ ရောက်ရှိနေသော ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများကြား အလောင်းများ
ပြန့်ကျဲနေသည်ကို တွေ့ရကြောင်း၊ မည်သူမည်ဝါဆိုသည်ကို မသိနိုင်သေးကြောင်း ဆိုသည်။

ဒေသခံများက ပျောက်ဆုံးလေယာဉ်၏အပိုင်းအစ ဖြစ်ဖွယ်ရှိသည့်အရာများကို တွေ့ရှိရကြောင်း
အကြောင်းကြားခဲ့ပြီးနောက် ခတ္တမန္ဒူမြို့၏အနောက်ဘက် မိုင် ၁၆ဝ ခန့်အကွာ တောင်ထူထပ်သော
ခရိုင်ဖြစ်သည့် ပြေိါင ၌ ရှာဖွေရန် စစ်ရဟတ်ယာဉ်များ၊ စစ်သားများ စေလွှတ်ခဲ့သည်။

လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းသုံးဦးနှင့် ခရီးသည် ၂ဝ ပါရှိကြောင်း Tara Air လေ
ကြောင်းလိုင်းက ပြောကြားခဲ့သည်။

ကနဦးက ခရီးသည် ၁၈ ဦးဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင် ပြောဆိုခဲ့ပြီး
ခရီးသည်များထဲတွင် တရုတ်နိုင်ငံသား တစ်ဦးနှင့် ကူဝိတ်နိုင်ငံသားတစ်ဦးတို့လည်း ပါဝင်ကြောင်း
သိရသည်။

ကျန်ခရီးသည် အားလုံးမှာနီပေါနိုင်ငံကဖြစ်ပြီး ¤င်းတို့ထဲတွင် ကလေးနှစ်ဦးလည်း ပါဝင်သည်။
အဆိုပါလေယာဉ်သည် ကမ္ဘာလှည့်ခရီးသွားများလာရောက်ရာ ဏသု့မေေ မြို့မှ ဖေဖော်ဝါရီ ၂၄ ရက်
နံနက်စောစောပိုင်းက ထွက်ခွာခဲ့ပြီးနောက် ရှစ်မိနစ် အကြာတွင် ထိန်းချုပ်ရေးစင်တာနှင့် အဆက်
အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ဝင်းသော်တာ ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း