အိန္ဒိယနိုင်ငံ၌ အွန်လိုင်းစီးပွားရေး ကျေးလက်အထိ တွင်ကျယ်လာ

နင်မ်ရာနာရွာရှိ စာတိုက်တွင် ပါဆယ်များဖြန့်ဝေရန် ဇန်နဝါရီ ၂၁ ရက်က အိန္ဒိယစာပို့သမား ရာတန်လားက စီစဉ်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီနင်မ်ရာနာရွာရှိ စာတိုက်တွင် ပါဆယ်များဖြန့်ဝေရန် ဇန်နဝါရီ ၂၁ ရက်က အိန္ဒိယစာပို့သမား ရာတန်လားက စီစဉ်နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အယ်လ်ဝါ(အိန္ဒိယ) - ပို့ရမယ့်စာတွေကိုပိတ်ကြမ်းသားနဲ့ချုပ်ထားတဲ့ အိတ်တစ်လုံးထဲထည့်ပြီး
စက်ဘီးအဟောင်းလေးတစ်စီးနဲ့လိုက်ပို့ပေးနေတဲ့ အသက် ၆၂ နှစ်အရွယ် အိန္ဒိယစာပို့သမား
ချက်ရမ်းမ်ဟာ မိုဘိုင်းဖုန်းကစပြီး နွားချေးမြေသြဇာအဆုံး ပစ္စည်းမျိုးစုံကို အိမ်အရောက်ပေးပို့
ဝန်ဆောင်ပေးတဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းက လုပ်သားတစ်ယောက်လို့တောင် မထင်ရပါဘူး။

သူက အိန္ဒိယကျေးလက် ရာဂျက်စ်သန်ပြည်နယ်မှာ တစ်နေ့တစ်နေ့ ရွာစဉ်တစ်လျှောက် စက်ဘီး
တစ်စီးနဲ့ မိုင်ပေါင်းများစွာ ခရီးနှင်ပြီး ပစ္စည်းတွေလိုက်လံပို့ဆောင်ပေးနေတဲ့သူပါ။ ဖောက်သည်
အများစုက အကြွေးဝယ်ကတ် မဆိုထားနဲ့ ဘဏ်စာရင်းတောင် မရှိသူတွေဖြစ်လို့ ကျသင့်ငွေကို
လည်း ငွေသားနဲ့ပဲ လက်ခံရရှိပါတယ်။အမေရိကန်ရဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းကုမ္ပဏီကြီး 
Amazon က ခေတ်မီတဲ့ ဒရုန်းခေါ်မောင်းသူမဲ့လေယာဉ်တွေ သုံးပြီး ကုန်ပစ္စည်းတွေပို့ဆောင်ပေး
တာ၊ အချိန်တစ်နာရီအတွင်းပို့ဆောင်ပေးတာ စတဲ့ဝန်ဆောင်မှုတွေနဲ့ရှေ့ကပြေးနေချိန်မှာ အိန္ဒိယ
ကျေးလက်ကအွန်လိုင်း စီးပွားရေးပုံစံကတော့ ခေတ်ဟောင်းပုံစံမျိုးနဲ့  ဆက်သွားနေပါတယ်။

အွန်လိုင်းကနေ ဈေးဝယ်လို့ရတာဟာ ကျေးလက်ဒေသနေ ပြည်သူတွေရဲ့ ဘဝတွေကို ပြောင်းလဲ
စေပြီး အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်းများစွာ အကြီးအကျယ် လိုငွေပြမှုနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံပိုင်စာပို့
လုပ်ငန်း (India Post) ကိုလည်း နိုးထရှင်သန်လာစေပါတယ်။အိန္ဒိယနိုင်ငံရဲ့ သက်တမ်း နှစ် ၁၆ဝ
ရှိပြီဖြစ်တဲ့ နိုင်ငံပိုင်စာပို့လုပ်ငန်းက အမျိုးမျိုးသော ကုန်ပစ္စည်းတွေကို ပို့ဆောင်ပေးဖို့အတွက် လွန်ခဲ့
တဲ့နှစ်နှစ်တာအတွင်း အွန်လိုင်းစီးပွားရေး (နခသာာနမခန) ကုမ္ပဏီ ၄ဝဝ နဲ့ပူးပေါင်းလုပ်ကိုင်ခဲ့ရာ
မှာ Amazon ကုမ္ပဏီနဲ့အိန္ဒိယထိပ်တန်း င်္ူငစု ဗမအ ကုမ္ပဏီစတဲ့ ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။

ရာဂျက်စ်သန်ခရိုင် နင်မ်ရာနာရွာက ဝယ်သူများထံ ပါဆယ်များပို့နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီရာဂျက်စ်သန်ခရိုင် နင်မ်ရာနာရွာက ဝယ်သူများထံ ပါဆယ်များပို့နေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

တစ်ခါတလေမှာ အနီးဆုံးမြို့ကနေ မိုင်များစွာဝေးတဲ့ ဝေးလံခေါင်းပါးလှတဲ့ နေရာတွေထိရောက်
အောင် ကုန်ပစ္စည်းတွေ ပို့ဆောင်ပေးဖို့အတွက် နိုင်ငံပိုင် စာပို့လုပ်ငန်းက အိန္ဒိယနိုင်ငံတစ်ဝန်းက
စာတိုက်ပေါင်း ၁၅၅,ဝဝဝမှာ ဝန်ထမ်းပေါင်း ၄၆ဝ,ဝဝဝ လောက်ကိုခန့်ထားပြီး လုပ်ကိုင်လျက်
ရှိပါတယ်။

နင်းမ်ရားနား ခရိုင်၊့ူေံနိင ကျေးရွာက အစိုးရဝန်ထမ်း စာရေး ဆူရင်ဒါ ဆင်းယာဒက်ဗ်က
အွန်လိုင်းစီးပွားရေး ပေါ်ပေါက်လာတာကြောင့် သူ့မိသားစုရဲ့ ဈေးဝယ်ပုံဝယ်နည်းလည်း ပြောင်း
လဲလာပြီး ရုပ်မြင်သံကြားမှာ ကြော်ငြာတဲ့ပစ္စည်းတွေကို မှာပေးဖို့ သူ့ကိုပြောလာတယ်လို့ ဆိုတယ်။''ဒီကုမ္ပဏီတွေဆီကနေ ဒေသတွင်းဈေးကွက်တွေမှာ မရတဲ့ ပစ္စည်းအမျိုးအစားမျိုးစုံကို
ပစ္စည်းအရည်အသွေးလည်း ကောင်းပြီး အိမ်အရောက်ပို့ပေးတဲ့စနစ်နဲ့  ဝယ်ယူနိုင်ပါတယ်'' လို့
အွန်လိုင်းကတစ်ဆင့် သူမှာထားတဲ့ ဆေးမှုတ်စက်တစ်လုံးကို လက်ခံယူရင်း ယာဒက်ဗ်က
ပြောပါတယ်။ 

India Post မြို့စွန်မြို့ဖျားနေရာတွေမှာ ကုန်ပစ္စည်းအိမ်တိုင်ရာရောက်ပို့ပေးတဲ့ စိတ်ချရတဲ့ပုဂ္ဂလိက
ကုမ္ပဏီတွေ မရှိတဲ့အတွက်ကြောင့်လည်း အိန္ဒိယစာပို့လုပ်ငန်းက ဒီကွက်လပ်ကို ကြားဝင်ဖြည့်ဆည်း
ပေးဖို့ဖြစ်လာရတာပါ။

''ကျေးလက်ဒေသနေ ပြည်သူတွေဟာ မကြာသေးခင်အချိန်အထိ အွန်လိုင်းဈေးကွက်နဲ့ မထိ
တွေ့နိုင်ခဲ့ပေမယ့် အခုဆိုရင် အမျိုးသမီးအဝတ်အထည်တွေနဲ့ နောက်ဆုံးပေါ် လျှပ်စစ်ပစ္စည်းတွေကို
 Leh နဲ့ Ladakh လို ဝေးလံခေါင်းပါးတဲ့ ဒေသတွေအထိတောင် ပို့ဆောင်ပေးနေပါတယ်'' လို့

 India Post က အထွေထွေစာရေး ကာဗရီ ဘာနာဂျီက ပြောပါတယ်။နေ့စဉ် ကုန်ပစ္စည်းပို့ဆောင်
ပေးရမှုကလွန်ခဲ့တဲ့နှစ်နှစ်အတွင်း ၁၅ ဆ တိုးလာပြီး ၇၅,ဝဝဝ ရှိလာတာဟာ ကြီးမားတဲ့အောင်မြင်
မှုကြီးပါပဲ။ ဒါပေမဲ့ အိန္ဒိယနိုင်ငံမှာ ကျေးလက်နယ်မြေ ကြီးမားကျယ်ဝန်းပြီး လမ်းပန်းဆက်သွယ်ရေး
လည်း မကောင်းတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပါတယ်။

နင်မ်ရာနာမှာရှိတဲ့ စာတိုက်လိုမျိုးကျေးလက်က စာတိုက်ငယ်လေးတွေအများစုဟာ ပိုကြီးတဲ့ စာတိုက်ရုံး
တွေကနေ သူတို့ပို့ဆောင်ပေးရမယ့်ပစ္စည်းတွေကို သယ်ယူလာရာမှာ အများပြည်သူသုံး သယ်ယူ
ပို့ဆောင်ရေးစနစ်ကိုပဲ အားကိုးနေရပါတယ်။ ဒါဟာကုန်ပစ္စည်းတွေအတွက် အပြည့်အဝ စိတ်ချရမှု
မရှိပါဘူး။

စာပို့သမားတွေက လုပ်ငန်းလုပ်ကိုင်ရာမှာစက်ဘီးတွေ၊ စာထည့်ဖို့ အဝတ်အိတ်တွေကိုသာ သုံးနေရ
တဲ့အတွက် အရွယ်အစားပိုကြီးပြီး အရေအတွက်များတဲ့ ပစ္စည်းတွေပို့ဖို့အတွက် အခက်အခဲဖြစ်စေပါ
တယ်။

ကျေးလက်နေသူတွေဟာ အင်တာနက်သုံးတာနဲ့ပတ်သက်လို့ အကျွမ်းတဝင်မရှိသေးဘဲ အွန်လိုင်း
ကနေ ပစ္စည်းရောင်းဝယ်တဲ့ဝက်ဘ်ဆိုက်တွေနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်စိတ်ရှိနေကြပါတယ်။
ဒါကြောင့် သူတို့က ပစ္စည်းလက်ခံရရှိပြီးမှ ငွေချေရတာကို ပိုပြီးနှစ်သက်ကြတာပါ။ ၁၈၅၄ ခုနှစ်
ကိုလိုနီခေတ်က စတင်တည်ထောင်ခဲ့တှဲု့ညိငေ ဏသျအ ဟာ အွန်လိုင်းစီးပွားရေးလုပ်ငန်းအကြီး
အကျယ် အောင်မြင်မှုက ယင်းတွေ့ကြုံနေရတဲ့ ဘဏ္ဍာရေးလိုငွေပြမှုကို ဖာထေးနိုင်မယ်လို့ မျှော်
လင့်ထားပါတယ်။ 

ဝင်းသော်တာ ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း