မြန်မာ ၄၆ ဦး ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ စိုင်ယုတ်ခ်ပြည်နယ်၌ တရားမ၀င် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသား ၄၆ ဦးကို
ထိုင်းရဲတပ်ဖွဲ့က မတ် ၇ ရက်တွင် ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးမှု နှစ်ကြိမ်အနက် ပထမအကြိမ်မှာ မတ် ၇ ရက် နံနက် ၁ နာရီ ၄၀ တွင် ပစ်ကပ်ကား နှစ်စီးကို
ဘွန်တီဝမ်ဖို လမ်းပေါ်၌ ရပ်တန့်ရှာဖွေရာတွင် ယာဉ်မောင်းတစ်ဦး အပါအ၀င်
မြန်မာရွှေ့ပြောင်းလုပ်ကိုင်သူ ၃၉ ဦး ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဒုတိယဖမ်းဆီးမှုမှာ ကမ်ချနာပူရီ၊
ဆန်ခါလာဘူရီလမ်း၌ ဘတ်စ်ကား တစ်စီးကို စစ်ဆေးစဉ် မြန်မာနိုင်ငံသား ခုနစ်ဦး
ထပ်မံဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

မြကေခိုင် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း