စစ်ကျန် အာရ်ပီဂျီ - ၇ ဒုံးကျည်ဟောင်း ထိုင်းတွင်ပေါက်ကွဲ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးသေဆုံး

ထိုင်းနိုင်ငံ-မူအမ်းခရိုင်အတွင်းရှိ ရော်ဘာခြံ တစ်ခု၌ အာရ်ပီဂျီ - ၇ ဒုံးကျည် အဟောင်းတစ်ခု
ပေါက်ကွဲသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး သေဆုံးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်း၌
ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖော်ပြထားသည်။

အဆိုပါခြံသည် ဆွစ်ဟွမ်ဗစ်လမ်းမကြီးနှင့် ၄ ကီလိုမီတာအကွာ အနည်းငယ် မတ်စောက်သည့်
တောင်ကုန်း တစ်ခုပေါ် ၌ တည်ရှိပြီး တာဝန်ရှိသူများ ရောက်ရှိချိန်တွင် ရော်ဘာစုဆောင်းရန်
ငှားရမ်းထားသည့် မြန်မာလူမျိုး အသက် ၂၅ နှစ်အရွယ် အမျိုးသားနှင့် အသက် ၂ဝ အရွယ် အမျိုးသား
တို့၏ အပိုင်းပိုင်းပြတ်နေသည့် ခန္ခာကိုယ် အစိတ်အပိုင်းများကို တွေ့ကြရသည်။

၎င်းတို့နှစ်ဦးအနက် အသက် ၂ဝ အရွယ် အမျိုးသားမှာ ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးခြင်း
ဖြစ်ကာ အခြားတစ်ဦးမှာ အခင်း ဖြစ်နေရာတွင် သေဆုံးခြင်းဖြစ်ကြောင်း၊ အဆိုပါဒုံးကျည်သည်
ကမ္ဘောဒီးယားနိုင်ငံ၌ စစ်ဖြစ်ပွားစဉ်က ကမ္ဘောဒီးယားနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံနယ်စပ်သို့
ကျရောက်ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

မြကေခိုင် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း