ဆင်းရဲမွဲတေမှုဒဏ်ကြောင့် မိဘနှင့်ဝေးနေရသည့် ထိုင်းကလေးများ

ရှစ်နှစ်သမီးလေး ချာယာနစ်နှင့် ငါးနှစ်အရွယ် သူ့မောင်လေး ကစ်တီပေါ့တို့ ဇန်နဝါရီ ၂ ရက်က အဘွားနှင့်အတူ နံနက်စာစားနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီရှစ်နှစ်သမီးလေး ချာယာနစ်နှင့် ငါးနှစ်အရွယ် သူ့မောင်လေး ကစ်တီပေါ့တို့ ဇန်နဝါရီ ၂ ရက်က အဘွားနှင့်အတူ နံနက်စာစားနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဘန်ဒွါ - ရှစ်နှစ်သမီးလေး ချာယာနစ်သည် ကံကောင်း၍ ယခုနှစ်တွင် မိခင်နှင့် နှစ်ကြိမ် တွေ့ရတော့
မည်ဖြစ်သည်။ ထိုင်းစီးပွားရေး ဗဟိုချက်ဒေသ ဘန်ကောက် မြို့သို့ အလုပ်လုပ်ရန် ရွာမှ မိခင်ထွက်ခွာ
သွား ချိန်မှစ၍ ချာယာနစ်မှာ အဘိုးအဘွားတို့၏ ပြုစုပျိုးထောင်မှုဖြင့် ကြီးပြင်းလာခဲ့သည်။

ပြည်တွင်းနိုင်ငံသားများ ရွှေ့ပြောင်း နေထိုင်သည့် ဂယက်ကြောင့် ထိုင်းနိုင်ငံတွင် ချာယာနစ်ကဲ့သို့
အခြေအနေသို့ရောက်နေ သော ကလေးဦးရေ သုံးသန်းဝန်းကျင်ရှိနေရာ လူမှုရေး ဘေးကျပ်နံကျပ်
ကာလတစ်ခု ပေါ်ပေါက်လာနိုင်ကြောင်း ကျွမ်းကျင်သူများ က သတိပေးသည်။

ဟက်ဟက်ပက်ပက်ပြုံးရယ်ရင်း သျှောင် ပေစူးကလေးကို ပွတ်သပ်ကစားနေသော ချာယာနစ်က
အိုင်ဆန်းဒေသကရွာမှာ အဘိုး အဘွားများနှင့်အတူ နေထိုင်ရတဲ့ဘဝကို ပျော်ပိုက်နှစ်သက်သော်
လည်း မိခင်ကို လွမ်းနေရကြောင်း၊ မိခင်ထံ မသွားရောက်နိုင်၊ မိခင်မှာလည်း ခြောက်လမှ တစ်ကြိမ်
သာ မိမိထံသို့ လာရောက်တွေ့ဆုံကြောင်း ပြောပြသည်။

ဘန်ကောက်ရှိ ရုံးတစ်ရုံးတွင် အလုပ်လုပ်နေသော မိခင်ထံမှ လစဉ်ပေးပို့ သော ဘတ်ငွေ ၃,ဝဝဝ မှ
၎,ဝဝဝ ဝန်းကျင် (၈၅ ဒေါ်လာမှ ၁၁ဝ ဝန်းကျင်) ကို ချာယာနစ် လစဉ်ရရှိနေသည်။ ဒေသခံများ
ဆင်းရဲနွမ်းပါးသော်လည်း ဒေသတွင် နေထိုင်သူ ပိုမိုများပြားသော အိုင်ဆန်းဒေသသည် ဒေသခံများ
ပြောင်းရွှေ့ ထွက်ခွာမှုများသောကြောင့် အဖွဲ့ဝင်များ ခွဲခွာနေထိုင်ကြရသည်။

ဆင်းရဲနွမ်းပါးသော်လည်း လူဦးရေ များပြားသော အိုင်ဆန်းဒေသတွင် ရွှေ့ပြောင်း နေထိုင်
သူများကြောင့် တကွဲတပြားဖြစ် နေသော မိသားစုဝင်များ ယခင် ဆယ်စုနှစ်များ ကတည်းက
ရှိနေခဲ့ကြသည်။

ဒေသတွင်းရှိ အသက် ၁၈ နှစ်အောက် ကလေး ၃ဝ ရာခိုင်နှုန်းသည် ရွှေ့ပြောင်း အလုပ်သမားများ၏
ရင်သွေးများဖြစ်ကြ သည်။ နှစ်အနည်းငယ်ကြာမှ ဒေသသို့ တစ်ကြိမ်ပြန်လာသူများ ရှိသကဲ့သို့ နှစ်စဉ်
တရားဝင်ရရှိသောခွင့်ဖြင့်သာ ဌာနေသို့ ပြန်လာသူများလည်းရှိသည်။

မိဘအုပ်ထိန်းသူများမရှိဘဲ နေထိုင်ကြရ သည့် ထိုင်းလူမျိုး ကလေးများသည် အာဟာရ
ဓာတ်ချို့တဲ့ခြင်း၊ ဖွံ့ဖြိုးမှုပြဿနာ၊ အမူအကျင့် ဆိုင်ရာ ပြဿနာများ ဖြစ်ပွားလေ့ရှိကြောင်း မာဟီဒေါတက္ကသိုလ်
လူဦးရေနှင့် လူမှုရေး သုတေသနဌာန (IPSR) မှ အေရီဂျမ်ပတ် ကလေက ဆိုသည်။

ဂျမ်ပတ်ကလေ ဦးဆောင်သော IPSR သည် ကုလသမဂ္ဂ၏ UNICEF အဖွဲ့နှင့် ပူးပေါင်း၍ အစုလိုက်
အပြုံလိုက် ပြောင်းရွှေ့ နေထိုင်မှုပြဿနာကို စတင်စမ်းသပ်သုတေသန ပြုလျက်ရှိသည်။ အိုင်ဆန်းဒေသ
တွင်ဖော်ပြပါ ဆိုးကျိုးများဖြစ်ပေါ်လျက်ရှိရာ ကျရောက်အံ့ဆဲ မိုးခေါင်မှုကြောင့် ဆင်းရဲမွဲတေမှု
ပိုမိုဆိုးရွားလာဖွယ်ရှိနေသည်။

ထိုင်းနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ် အချို့မှာ အိုင်ဆန်းဒေသတွင်း၌ ရှိနေပြီး စာသင်ကျောင်း
များတွင်လည်း အညံ့ဖျင်းဆုံး ကျောင်းသားများကို တွေ့ရှိနေရသည်။ ထို့ပြင် ဘန်ကောက်မြို့တော်မှ
လူ့မလိုင်ခေါ်အထက် တန်းလွှာများကို နိုင်ငံရေးဆန့်ကျင် ဆန္ဒပြသည့် ဗဟိုချက်ဒေသလည်း
ဖြစ်သည်။

အူဘုံချန်သနီပြည်နယ်မှ ဘန်ဒွါရွာသည်လည်း အိုင်ဆန်းရွာနှင့်တူသည်။ ဘန်ဒွါတွင် အလုပ်
လုပ်နိုင်သည့် လူရွယ်ဟူ၍ လုံးဝ မရှိတော့။ အများဆုံးမှာ လူဦးရေ ရှစ်သန်း ခန့်ရှိသည့်
ဘန်ကောက်မြို့တော်သို့ ရောက်နေကြသည်။ ဘန်ကောက်က တက္ကစီယာဉ်မောင်း တစ်ဦး၏
ဝင်ငွေသည် လယ်သမားတစ်ဦး၏ လစဉ်ဝင်ငွေထက် ခုနစ်ဆ ပိုများနေသည်။

ဘန်ဒွါရွာမှ အိမ်ထောင်စု ၈ဝ မှ ၉ဝ ရာခိုင် နှုန်းတွင် ကလေးများကို ပြုစုပျိုးထောင်ရန် အဘိုးအဘွား
တို့ ရှိနေကြသည်။ ကလေးများ နေထိုင်မကောင်းဖြစ်လျှင် သူတို့ ညလုံးပေါက် အိပ်ရေးပျက်ကြရတော့
သည်။ ထိုအခါ မိဘနှင့်အတူမနေရသော ကလေးများ၏ စာတတ်မြောက်မှု အခြေခံအဆင့်မှာလည်း
မြို့ပြ ဒေသနေ ရွယ်တူကလေးများ၏အောက်သို့ ရောက်ရပြန်သည်။

ငွေကြေးနှင့် နိုင်ငံရေးအာဏာတို့ စုပြုံရောက် ရှိနေသော ဘန်ကောက်မြို့သို့ ကျေးလက်ဒေသမှ
ဆင်းရဲသား ရွှေ့ပြောင်းနေထိုင်သူများ စုပြုံရောက်လာကြသော်လည်း ကျေးလက်တွင် ကျန်ရစ်ခဲ့သော
ကလေးများ၏ အရေးကိစ္စကိုမူ ကျယ်ပြန့်စွာ ဆွေးနွေးခြင်း မရှိခဲ့ကြ။ သုတေသနတွေ့ရှိချက်အရ
ယင်းအခြေအနေသည် ကလေးတို့၏ အနာဂတ်ဘဝကို အကျိုးသက်ရောက်လာမည့်အပြင် နိုင်ငံ၏
အနာဂတ်ကိုလည်း ထိခိုက်လာစေတော့မည်ဟု တက္ကသိုလ်ဆရာ အေရီးက ဆိုသည်။

အသက် ရှစ်နှစ်မှ ၁၅ နှစ်အတွင်း ကလေးများကို လေ့လာရာတွင် မိဘနှင့်အတူ နေထိုင်ခွင့်
မရသော ကလေးများတွင် မိဘနှင့်အတူ နေထိုင်ကြီးပြင်းခဲ့သော ကလေးများထက် ပျော်ရွှင်မှု
ပိုနည်းခြင်း၊ တာဝန်သိမှု ပိုနည်း ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုနည်းခြင်းများ သိသာထင်ရှား
စွာ ရှိနေကြောင်း တွေ့ရသည်။

ပို၍ဆိုးသည်မှာ ဘာသာစကား ကျွမ်းကျင်မှုနှင့် လူမှုရေးရာ လိမ္မာနှံ့စပ်မှု သိသာစွာ အားနည်း
သွားခြင်းဖြစ်သည်။ ထို့ပြင် မိခင်ရင်နို့ တိုက်ကျွေးမှုမရှိခြင်းနှင့် ကလေးအတွက် အာဟာရဓာတ်
သတ်မှတ် ကျွေးမွေးမှုစနစ် မရှိခြင်းကြောင့်လည်း ကလေး၏ ဖွံ့ဖြိုးမှုကို ထိခိုက်စေခဲ့သည်။

ဤနည်းဖြင့် ဆင်းရဲသူများ ပိုမိုဆင်းရဲ နွမ်းပါးလာကာ ဆိုးကျိုးသက်ရောက်မှုဖြစ်စဉ်မှာ ဆက်စပ်
လည်ပတ်နေကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ UNICEF ကိုယ်စားလှယ် သောမတ်စ် ဒါဗင်က ဆိုသည်။
၎င်းသည် ထိုင်းအစိုးရနှင့် ပူးပေါင်း၍ ကလေးငယ်များရှိသည့် ဆင်းရဲ သော မိသားစုများအား
လစဉ်ထောက်ပံ့ငွေများ ကူညီထောက်ပံ့ပေးလျက်ရှိသည်။

အောင်သာလင်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း