ခိုးထွက်ရန် ကြိုးစားသည့် ရွှေ့ပြောင်းအလုပ်သမားများကို မလေးရှားအစိုးရ ဖမ်းဆီး

ကလန်တန်နှင့် ထိုင်းနယ်စပ်မှ တစ်ဆင့် မလေးရှားနိုင်ငံအတွင်းမှ ခိုးထွက်ရန်ကြိုးစားသော
တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား ၁၀ ဦးမှာ ဧပြီ ၃ ရက်က ဖမ်းဆီးထိန်းသိမ်းခံရကြောင်း
မလေးမေးလ်အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။

ကလန်တန် လူဝင်မှုကြီးကြပ်ရေးဌာနက Tuan Hassan Tuan Abdullah က အဆိုပါ
ဖမ်းဆီးထားမိသူများမှာ မြန်မာအမျိုးသား ငါးဦး၊ ဗီယက်နမ်အမျိုးသမီး သုံးဦးနှင့် ကမ္ဘောဒီးယား
အမျိုးသမီး နှစ်ဦးတို့ဖြစ်ပြီး ၎င်းတို့တွင် တရားဝင် ခရီးသွားစာရွက် စာတမ်းများ မပါရှိကြောင်း
ပြောဆိုထားသည်။

"သူတို့က ကလန်တန်နဲ့ ထိုင်းနယ်စပ်ကတစ်ဆင့် သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေကို
ပြန်ဖို့ ကြိုးစားခဲ့ပုံပဲ"ဟု ၎င်းက ဧပြီ ၃ ရက်တွင် သတင်းထောက်များကို ပြောကြားသည်။

ဖမ်းဆီးထိန်းသိမ်းခံ ရွှေ့ပြောင်းအလုပ်သမားများမှာ အသက် ၁၉ နှစ်မှ ၄၅ နှစ်ကြားအရွယ်များဖြစ်ပြီး
လတ်တလောတွင် ၎င်းတို့ကို Tanah Merah လူဝင်မှု ကြီးကြပ်ရေးကုန်လှောင်ရုံထဲတွင်
ထိန်းသိမ်းထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း