ဗြိတိန်နိုင်ငံက အိန္ဒိယပြည်နယ်ဝန်ကြီးချုပ် မိုဒီကို ပိတ်ပင်ထားခြင်းအား ဖျက်သိမ်း

အိန္ဒိယပြည်နယ် ၀န်ကြီးချုပ် မိုဒီကို ဗြိတိသျှသံအမတ်ကြီး ဂျိမ်းစ်ဘီဘန်နှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီအိန္ဒိယပြည်နယ် ၀န်ကြီးချုပ် မိုဒီကို ဗြိတိသျှသံအမတ်ကြီး ဂျိမ်းစ်ဘီဘန်နှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အမီဒါဘတ် - အိန္ဒိယပြည်နယ် ၀န်ကြီး ချုပ် နာရမ်ဒရာမိုဒီကို အဆက်အဆံဖြတ် ထားခြင်းကို
အဆုံးသတ်ပြီး ဗြိတိန်နိုင်ငံ က အောက်တိုဘာလ ၂၂ ရက်နေ့တွင် ၎င်းနှင့် ဆွေးနွေးပွဲတစ်ရပ်
ပြုလုပ်ခဲ့သည်။

ဗြိတိန်နိုင်ငံသား သုံးဦးအပါအ၀င် လူ ၂,၀၀၀ ကျော် သေဆုံးခဲ့သော ၂၀၀၂ ခုနှစ်က ဂူဂျာရတ်
ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့် လူမျိုးရေး အဓိကရုဏ်းနှင့်ပတ်သက်ပြီး ဗြိတိန် နိုင်ငံ
က မိုဒီကို ဆယ်နှစ်ကြာ အဆက် အဆံ မလုပ်ဘဲထားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ၂၀၁၄ ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင် ၀န်ကြီးချုပ် တစ်ဦးဖြစ်လာရန် အ
လားအလာရှိသော ဟိန္ဒူအမျိုးသားရေးဝါဒီတစ်ဦး ဖြစ်သူ မိုဒီသည် ၂၀၀၂ ခုနှစ်က ဖြစ်ပွား
သော အဓိကရုဏ်းမတိုင်မီတွင် ဂူဂျာရတ်ပြည်နယ်၌ အာဏာရလာ ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က
၎င်းက ယင်း အဓိကရုဏ်းကို ထိထိရောက်ရောက် မတားဆီးခဲ့ခြင်းကြောင့် ဗြိတိန်နိုင်ငံက
၎င်းအား ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဗြိတိန်အစိုးရက ယခုလ၌ ၎င်း၏မူဝါဒကို ပြောင်းလဲကာ အိန္ဒိယ နိုင်ငံဆိုင်ရာ ဗြိတိန်
သံအမတ် ဂျိမ်းစ် ဘီဘန်က ဂူဂျာရတ်ပြည်နယ်သို့ လာရောက်မည်ဟု ကြေညာခဲ့သည်။ ဘီ
ဘန်က ပြည်နယ်ဝန်ကြီးချုပ် မိုဒီ နှင့် အခြား ထိပ်တန်းနိုင်ငံရေးသမား များနှင့် ဆွေးနွေးပွဲပြု
လုပ်ခဲ့ပြီး အိန္ဒိယ နိုင်ငံတွင် အခြေခံအဆောက်အအုံ စီမံကိန်းများ

ကို ဆောင်ရွက်နေသော ဗြိတိသျှကုမ္ပဏီများနှင့်လည်း တွေ့ဆုံခဲ့ ကြောင်း ဗြိတိသျှသံရုံးမှ ပြော
ရေး ဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း