သီရိလင်္ကာ ကာတွန်းဆရာပျောက်ဆုံးနေမှု ဇနီးဖြစ်သူက ကုလသမဂ္ဂ အား မေတ္တာရပ်ခံ

ပရာဂီးသ် အက်ခ်နလီဂိုဒါစုံစမ်းပေးရေး ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီပရာဂီးသ် အက်ခ်နလီဂိုဒါစုံစမ်းပေးရေး ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ကိုလံဘို- ပရာဂီးသ် အက်ခ်နလီဂိုဒါ အမည်ရှိ သီရိလင်္ကာနိုင်ငံသား နိုင်ငံရေး ကာတွန်းဆရာ
ပျောက်ဆုံး သွားသည်မှာ ရက်ပေါင်း ၁,၀၀၀ ရှိသွား ပြီဖြစ်သောကြောင့် ယင်းကိစ္စအား ကု
လသမဂ္ဂ အထွေအထွေအတွင်းရေး မှူးချုပ် ဘန်ကီမွန်းမှ ကူညီဖြေရှင်း ပေးရန် ၎င်း၏ဇနီး
ဖြစ်သူက အောက်တို ဘာ ၂၂ ရက်နေ့တွင် မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

ဇနီးဖြစ်သူ ဆန်ဒါယာအက်ခ်နလီ ဂိုဒါသည် သူ၏ခင်ပွန်းနှင့် ပတ်သက် သည့် သတင်းရရှိရေး
အတွက် သီရိ လင်္ကာနိုင်ငံကို ကမ္ဘာ့နိုင်ငံအားလုံးက ဖိအားပေးကြရန် တိုက်တွန်းပြီး လူ့အခွင့်
အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ကို ဦးဆောင်ကာ ကိုလံဘိုရှိ ကုလသမဂ္ဂရုံး အပြင်ဘက်
တွင် ဆန္ဒပြခဲ့သည်။

ရွေးကောက်ပွဲ ပြန်လည်မကျင်းပမီ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီ ၂၄ ရက်နေ့မှ စ၍ နေအိမ်မှ
ထွက်သွားကာ ယနေ့အချိန် ထိ ပြန်မလာတော့ဘဲ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

"ကျွန်မခင်ပွန်းအကြောင်း စုံစမ်းနေခဲ့တာ ရက်ပေါင်း ၁,၀၀၀ ရှိခဲ့ပါပြီ။ ဖြေရှင်းချက်တစ်စုံတစ်
ရာပေးရမယ့် အစား ကျွန်မစုံစမ်းနေတာကို အစိုးရက အလေးအနက် မထားသလိုလုပ်နေ
တယ်" ဟု ဆန်ဒါယာအက်ခ်နလီဂိုဒါက ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း