ကမ္ဘောဒီးယားဘုရင်ဟောင်း၏ ပုံအား ဆုတ်ဖြဲ၍ တရုတ်မန်နေဂျာကို အရေးယူ

တရုတ်အမျိုးသမီးမန်နေဂျာက တောင်းပန်ကန်တော့နေစဉ်။ ဓါတ်ပုံ - အေအက်ဖ်ပီတရုတ်အမျိုးသမီးမန်နေဂျာက တောင်းပန်ကန်တော့နေစဉ်။ ဓါတ်ပုံ - အေအက်ဖ်ပီ

ဖနွမ်းပင် - ကမ္ဘောဒီးယားနိုင်ငံရှိ စက်ရုံ တစ်ရုံ၌ အောက်တိုဘာလ ၂၂ ရက် နေ့တွင် တရုတ်
လူမျိုး မန်နေဂျာ အမျိုး သမီးတစ်ဦးက စက်ရုံအလုပ်သမား ၁,၀၀၀ ကို ဒေါသထွက်၍ မကြာ
သေးမီကမှ ကွယ်လွန်သွားသည့် ကမ္ဘော ဒီးယားနိုင်ငံ၏ ဘုရင်ဟောင်း သီဟာနု၏ ဓာတ်ပုံ
များကို ဆုတ်ဖြဲပစ်ခဲ့သောကြောင့် ထိုစက်ရုံ၌ အဓိကရုန်းဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ကထိန်းသိမ်း
ခဲ့ရသည်။

ဖနွမ်းပင်မြို့ရှိ တော့ပ်ဝေါလ် စက်ရုံ ၏မန်နေဂျာဝမ်ကျားချာကို ရဲများက သီဟာနုကိုဂုဏ်ပြုပြီး
ယာယီပြုလုပ် ထားသော အနီးဆုံးဗိမာန်တစ်ခုဆီသို့ အစောင့်အရှောက်များဖြင့် လက်ထိတ်
ခတ်ကာခေါ်သွားပြီး ထိုနေရာတွင် ၀မ်ကို ဒူးထောက်ကာ အမွှေးတိုင်များ ထွန်းညှိတောင်းပန်
စေရာ စက်ရုံ အလုပ်သမားများက ဘေးကစောင့် ကြည့်ခဲ့ကြသည်။

"အလုပ်သမားတွေက သူ့ကို အကြီး အကျယ် ဒေါသထွက်နေကြတာ။ တကယ်လို့ ကျွန်တော်
တို့က အချိန်မီ ကြားဝင်မဖျန်ဖြေခဲ့ရင် အခြေအနေက ပိုဆိုးသွားနိုင်ပါတယ်" ဟု ဖနွမ်းပင် ရဲအ
ရာရှိ ချွန်ဆိုဗန်းက ပြောခဲ့သည်။

၎င်းက ဥပဒေကို ချိုးဖောက်ခဲ့ခြင်း ရှိမရှိ အာဏာပိုင်များက စုံစမ်းစစ်ဆေး နေဆဲမှာ ၀မ်ကို
ဆက်လက်ထိန်းသိမ်း ထားမှာဖြစ်ကြောင်း ထိုရဲအရာရှိက ပြောကြားသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံ နှင့်မတူဘဲ ကမ္ဘောဒီးယားနိုင်ငံတွင် တော်ဝင်မျိုးနွယ်များကို စော်ကားခြင်း
မှကာကွယ်ရန် သီးသန့်ဥပဒေမရှိပေ။

ထိုစက်ရုံရှိ အလုပ်သမားအချို့သည် အလုပ်ကိုရပ်ထားပြီး သီဟာနု၏ ဓာတ်ပုံနှစ်ပုံနားတွင် သွား
ရောက်စုဝေး နေရာမှ ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"မန်နေဂျာက ဓာတ်ပုံတွေကိုလည်း တွေ့ရာဆွဲယူပြီး ဆုတ်ဖြဲဖို့လုပ်ပါတယ်။ ဒါပေမယ့် ဓာတ်ပုံ
တွေကိုဖြဲလို့မရလို့ ကတ်ကြေးနဲ့ညှပ်ပစ်ပါတယ်" ဟု အသက် ၄၂ နှစ်အရွယ် စက်ရုံအလုပ် သ
မားတစ်ဦးဖြစ်သူ ဆရွိုင်ဖာလာ အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်အပြီး စက်ရုံမှအလုပ် သမားများကို အလုပ်ပိတ်ရက်ပေးခဲ့ပြီး ၀မ်ကိုလည်း ၎င်း၏
ရာထူးမှဖယ်ရှား ခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း