ကမ္ဘာ့ မြို့ပြများတွင် သက်ကြီး ရွယ်အိုအရေအတွက် တိုးပွား

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်ပွဲတွင် ဘိုးဘွားများ ကျန်းမာရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ • အေအက်ဖ်ပီဂျပန်နိုင်ငံ၊ တိုကျိုမြို့ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်ပွဲတွင် ဘိုးဘွားများ ကျန်းမာရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ • အေအက်ဖ်ပီ

တစ်ခါတုန်းက တိုကျိုမြို့မှာရှိတဲ့ သက်ကြီး တက္ကစီယာဉ်မောင်းတွေထဲက တစ်ယောက်က ကျွန်တော့်
ကို သူ့အသက် ဘယ်လောက်လဲလို့ခန့်မှန်းကြည့်ခိုင်းခဲ့ပါတယ်။ ကျွန်တော်က ၆၄ နှစ်လို့ ခန့်မှန်းပြီး
ပြောလိုက်တယ်။ အဲဒီအခါ သူကပြုံးပြီးတော့ သူ့အသက်က ၈၂ နှစ်ရှိပြီလို့ ပြန်ပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာတော့ အသက် ၆၅ နှစ်အထက် သက်ကြီးဦးရေက မြို့နေလူဦးရေရဲ့ လေးပုံတစ်ပုံ
နီးပါးရှိပြီး သက်ကြီးပိုင်းအထိအလုပ်လုပ်ကိုင်နေကြတာဟာ ဒီအသက်အရွယ်အထိ အလုပ်လုပ်နိုင်
တုန်းဆိုတဲ့ ကိုယ်ပိုင်ဂုဏ်အရည်အချင်းထက် လူမှုအသိုင်းအဝိုင်းရဲ့ လိုအပ်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။

မြို့ပြဖြစ်စဉ်မှာ အသက်အရွယ်ကြီးသူတွေပါ ပါဝင်ဆောင်ရွက်နေကြတဲ့ နိုင်ငံတွေထဲ ဂျပန်နိုင်ငံက
ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ မြို့တော်ဖြစ်တဲ့ တိုကျိုမြို့မှာဆိုရင်လည်း အသက်အရွယ်ကြီးသူတွေ
အတွက် သင့်တော်တဲ့ မြို့ပြပတ်ဝန်းကျင် ဥပမာကောင်းတစ်ခုကို တွေ့ရမှာဖြစ်တယ်။

အများပြည်သူဆိုင်ရာ အဆောက်အအုံတွေ၊ ဒါမှမဟုတ် ရထားဘူတာရုံတွေမှာဆိုရင် လှေကားတိုင်းမှာ
ဆင်ခြေလျှောလုပ်ထားတဲ့နေရာ၊ ဒါမှမဟုတ် စက်လှေကားဖြစ်ဖြစ်၊ ဓာတ်လှေကားဖြစ်ဖြစ်၊ တစ်ခု
မဟုတ်တစ်ခု တွဲပြီးတည်ဆောက်ထားပါတယ်။

မီးပွိုင့်တွေ၊ စက်လှေကားတွေနဲ့ အေတီအမ် စက်တွေပါမကျန် အရာအားလုံးမှာ အချက်ပေးသံ၊
လမ်းညွှန်သံတွေ ထည့်သွင်းထားတာဟာ ဒီအချက်ပြညွှန်ကြားချက်တွေကို အမြင်အာရုံ ချို့တဲ့သူတွေပါ
အသုံးပြုနိုင်အောင် ဖြစ်ပါတယ်။

အစဉ်အလာအရဆိုရင် မြို့ပြတွေမှာ ဖျတ်လတ်တက်ကြွတဲ့ စွမ်းအားအပြည့်နဲ့ လူငယ်တွေ ဦးဆောင်
လည်ပတ်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂ဝ ရာစုမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကောင်းလာတာ
နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာတွေကြောင့် ကမ္ဘာကြီးက မြို့ပြဖြစ်ထွန်းမှုတွေပိုများလာ၊
အသက်အရွယ်ကြီးသူတွေလည်း ပိုများလာခဲ့ပါတယ်။

ဒီပြောင်းလဲမှုတွေက ဖြစ်စဉ်သစ်တစ်ရပ်ကို ဖန်တီးလိုက်ပြီး ငွေရောင်မြို့တော်(silver cities) တွေ
အဖြစ် ပေါ်ထွန်းလာပါတယ်။၂ဝ၂ဝ ပြည့်နှစ်မှာ အသက် ၆ဝ နဲ့ ၆ဝ နှစ်အထက် ကမ္ဘာ့လူဦးရေဟာ
ငါးနှစ်အောက် ကလေးအရေအတွက်ကို ပထမဆုံးအကြိမ်အဖြစ် ကျော်တက်သွားမှာ ဖြစ်ပါတယ်။

၂ဝ၅ဝ ပြည့်နှစ်ရောက်ရင် အသက် ၆ဝ နဲ့ ၆ဝ အထက် လူဦးရေက အခုရှိနေတဲ့ ၈၄၁ သန်းထက်
ပိုများလာပြီး နှစ်ဘီလျံရှိလာမှာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ခန့်မှန်းထားပါတယ်။
ကမ္ဘာ့သက်ကြီးလူဦးရေ များလာတာဟာ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာတာကို သက်သေပြ
နေပါတယ်။

ပျမ်းမျှလူ့သက်တမ်းဟာ ၁၉၅ဝ ပြည့်လွန်နှစ်တွေက ၄၇ နှစ်ရှိရာကအခုဆို ၇ဝ ဖြစ်လာပါပြီ။
တစ်ချိန်တည်းမှာပဲ မွေးဖွားနှုန်းတွေ ကျဆင်းလာတာကြောင့် သက်ကြီး ကမ္ဘာ့လူဦးရေ တိုးပွား
လာခြင်းဖြစ်ပါတယ်။

တိုကျိုမြို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရှန်ဟိုင်း၊ ဆိုးလ်နဲ့ မော်စကိုမြို့တွေမှာ လူငယ်အရေအတွက်ပိုများပေမဲ့
လည်း ဒီမြို့တွေရဲ့ သက်ကြီးလူဦးရေဟာလည်း လျင်လျင်မြန်မြန် တိုးတက်လာနေပါတယ်။ အသက်
၂၅ နှစ်အောက် ၃၂ ရာခိုင်နှုန်းရှိတဲ့လန်ဒန်မြို့မှာ ၂ဝ၃၅ ခုနှစ်ရောက်ရင် အသက် ၆ဝ ကျော် အရေ
အတွက်၄၈ ရာခိုင်နှုန်းရှိလာမှာဖြစ်ပြီး အသက် ၆ဝ အောက်ဦးရေကတော့ ၁၂ ရာခိုင်နှုန်းပဲတိုးလာမှာ
ပါ။

အသက် ၂၅ နှစ်အောက် ၄၁ ရာခိုင်နှုန်းရှိတဲ့ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ အသက် ၆၅ နှစ်အထက်
လေးရာခိုင်နှုန်းပဲရှိပါတယ်။ ဒါပေမဲ့ အခုဆိုရင် သက်ကြီးဦးရေ တဖြည်းဖြည်း တိုးလာနေပါပြီ။ မြို့တစ်မြို့မှာ
သက်ကြီးရွယ်အိုတွေကို ကျန်းကျန်းမာမာနဲ့ လူမှုအသိုက်အဝန်းမှာပါဝင်ခွင့်ရအောင်၊ လုပ်ငန်းခွင်တွေမှာ
ဆက်လက် လုပ်ကိုင်နိုင်ခွင့်ရအောင် ထိထိရောက်ရောက် ထောက်ပံ့ပေးမယ်ဆိုရင် အကျိုးကျေးဇူးအနေနဲ့
သူတို့ရဲ့အတွေ့အကြုံတွေ၊ အသိပညာတွေ ရယူခွင့်ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ သက်ကြီးရွယ်အိုတွေ များလာတဲ့မြို့တော်တွေက အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့ဟာ
လုပ်သားအင်အား နည်းပါးမှုနဲ့ ကျန်းမာရေးနဲ့ လူမှုစောင့်ရှောက်မှုကုန်ကျစရိတ်တွေ တိုးလာမှုကို
ဟန်ချက်ညီအောင်လုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကနေဒါနိုင်ငံရဲ့ ကယ်လ်ဂရီမြို့မှာ အသက်ကြီး
သူတွေရဲ့ နှစ်ရာခိုင်နှုန်းပဲ လုပ်သားအင်အားထဲပါဝင်ပါတယ်။ အဲဒီမှာ ပင်စင်ယူသွားတဲ့ အသက်ကြီးသူ
တွေကို ကျွမ်းကျင်မှုအလိုက် အချိန်သတ်မှတ်ထားတဲ့ စီမံကိန်းတွေမှာ ပြန်လည်အလုပ်ခန့်တဲ့ အစီအစဉ်
ကို လုပ်ဆောင်နေပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေကြား ကွာခြားချက်ကို ဟန်ချက်ညီအောင်လုပ်ရာမှာလည်း
ခက်ခဲနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က တိုကျိုမြို့က နေ့ကလေးထိန်း ကျောင်းတစ်ကျောင်းအနီးနေထိုင်တဲ့
အသက်အရွယ်ကြီးသူတွေက ကလေးတွေရဲ့ ဆူညံသံတွေနဲ့ပတ်သက်ပြီး တိုင်ကြားခဲ့ကြပါတယ်။

နောက်တော့ မြို့ထဲမှာ နေ့ကလေးထိန်းကျောင်းတွေ ထပ်ဖွင့်တာကို တားမြစ်တဲ့ ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ မွေးဖွားနှုန်းကျဆင်းတာနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ များများစားစားမရှိတာကြောင့်
၂ဝ၂၂ ခုနှစ်မှာ အသက် ၆၅ နှစ်အထက် လူတစ်ဦးစီတိုင်းမှာ အလုပ်လုပ်နိုင်တဲ့အရွယ် လူနှစ်ဦးသာ
ရှိမှာပါ။

ဒါပေမဲ့ ဖွံ့ဖြိုးတဲ့ကမ္ဘာမှာ ဂျပန်နိုင်ငံဟာ သက်ကြီးရွယ်အိုတွေ လုပ်သားအင်အားထဲ ပါဝင်နှုန်းအများဆုံး
နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ သူ့မှာ ၆၅ နှစ်အထက် လုပ်သားအင်အားက ၂၉ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး
ဂျာမနီမှာ ၈ ဒသမ ၂ ရာခိုင်နှုန်း၊ ပြင်သစ်မှာ ၃ ဒသမ ၂ ရာခိုင်နှုန်းပဲရှိပါတယ်။

တချို့က ငွေကြေးလိုအပ်ချက်အတွက်လုပ်ကြတာပါ။ ဒါပေမဲ့ အများစုကတော့ ပင်ကို အလုပ်လုပ်လို
စိတ်ကြောင့် လုပ်ကြတာဖြစ်ပါတယ်။သူတို့တွေ အလုပ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ နောင်
အနာဂတ်ကာလမှာ မြို့ပြတွေမှာ သက်ကြီးရွယ်အိုအရေအတွက်တွေတိုးသထက် တိုးလာမှာဖြစ်ပါ
တယ်။

ဒီ သက်ကြီးလူဦးရေဟာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းရဲ့ ပံ့ပိုးမှုကောင်းရရှိရင် ကျွန်တော်တို့ရဲ့မြို့ပြတွေ
ကလည်း မီးခိုးရောင်မြို့တော်ကနေ ငွေရောင်မြို့တော်တွေ ဖြစ်လာမှာပဲဖြစ်ပါတယ်။

ဝင်းသော်တာ ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း