တရုတ်နိုင်ငံ၏ မီးရထားဝန်ကြီးဟောင်း ပါတီမှအထုတ်ခံရ

ပေကျင်း- တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီသည် ယခင် မီးရထား ၀န်ကြီးဟောင်း
လျိုကျီကျင်းကို တနင်္ဂနွေ နေ့တွင် ပါတီမှ တရားဝင်ထုတ်ပယ်ခဲ့သည်။

လျိုကျီကျင်းသည် တရုတ်နိုင်ငံ ပေကျင်းနှင့် ရှန်ဟိုင်းကို ဆက်သွယ်သော မြန်နှုန်းမြင့် မီးရ
ထားလမ်းဖောက်ရေး စီမံကိန်းတွင် ယွမ်ငွေ သန်း ၈၀၀ ခန့် လာဘ်ယူမှုဖြင့် တရားစွဲခံရဖွယ်
ရှိသည်။

လျိုကျီကျင်းအား ပါတီမှ ထုတ်ပယ် သည့် သတင်းမှာ ကွန်မြူနစ်ပါတီ၏ အထက်တန်းအဖွဲ့
ဝင်များက လေးရက် ကြာ တံခါးပိတ်ဆွေးနွေးပွဲ ကျင်းပအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်း ဆွေးနွေးပွဲမှာ ယခုလအတွင်း ၁၀ နှစ် တစ်ကြိမ်ကျင်းပမည့် အာဏာလွှဲပြောင်းရေးမ
တိုင်မီ ပါတီခေါင်းဆောင် ရွေးချယ် ဆုံးဖြတ်မှုကို အပြီးသတ်နိုင်ရန် ကျင်းပခဲ့ ခြင်းဖြစ်
သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း