အာရှ-ဥရောပခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ

အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များ။ ဓာတ်ပုံ - အေအက်ဖ်ပီအာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များ။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဗီယင်ကျန်း - အရှေ့တောင်အာရှသည် စီးပွားရေး အချိတ်အဆက်များ ကြီးမားလာသည်နှင့်အမျှ
အောင်မြင် မှုများအပေါ် တည်ဆောက်ရင်း ဥရောပ သမဂ္ဂ (အီးယူ) အမှားများကို သင်ခန်းစာ
ယူ၍ ကိုယ်ပိုင်လမ်းကြောင်းတစ်ခုကို ပုံဖော်သွားမည်ဖြစ်ကြောင်း မလေးရှား ၀န်ကြီးချုပ် နာဂျစ်
ရာဇတ်က နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြောသည်။

အာဆီယံအသင်းကြီးသည် ၂၀၁၅ ခုနှစ်အမီ စီးပွားရေးအသိုင်းအ၀ိုင်း တစ်ခုကို တည်ဆောက်
သွားရန် လမ်း ကြောင်းတစ်ခုပေါ်သို့ ရောက်ရှိခဲ့ပြီးဖြစ် ကြောင်း လာအိုနိုင်ငံတွင်ကျင်းပသည့်
အာရှနှင့် ဥရောပနိုင်ငံများ ထိပ်သီး ဆွေးနွေးပွဲ၌ နာဂျစ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"နယ်စည်းမခြားဘဲ စီးပွားရေး ပူးပေါင်း ဆောင်ရွက်သွားဖို့အတွက် ဒီကိစ္စကို ထပ်ပြောခွင့်ရ
တာဟာ ကျွန်တော်တို့အတွက် အခွင့်အရေးပါ။ သိတဲ့အတိုင်းပါပဲ။ အာရှဟာ ဥရောပမှ မ
ဟုတ်တာ။ ဒါပေမယ့် လွတ်လပ်တဲ့ ကုန်သွယ်ရေးရဲ့ အခြေခံသဘောတရား တွေကတော့
ကမ္ဘာ့ရဲ့ဘယ်နေရာမှာမဆို အတူတူချည်းပါ" ဟု ဥရောပဇုန် ကြွေးမြီ အကျပ်အတည်းကို
ရည်ညွှန်း၍ အာရှ- ဥရောပအစည်းအဝေး၏ ပထမနေ့တွင် ၀န်ကြီးချုပ်နာဂျစ်က ပြောသည်။

တစ်ချိန်တည်းမှာပင် ပြည်တွင်း လုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ အကာအကွယ်ပေးထား
ခြင်းမျိုး မပြုလုပ် ရန် အီးယူခေါင်းဆောင်များက အာရှကို တိုက်တွန်းလိုက်ကာ ကမ္ဘာ့စီးပွား
ရေး မြှင့်တင်ရေးကြိုးပမ်းရာတွင် တစ်တပ် တစ်အားပါဝင်ရန် အာရှဒေသကြီး၏ခေါင်းဆောင်
များကို အီးယူကပန်ကြားခဲ့သည်။

"ကုန်သွယ်ရေး တိုးမြှင့်မှုဆိုတာဟာ ပြည်တွင်းဝယ်လိုအားကို အားပေးအား မြှောက်ပြုရုံတင်
မဟုတ်ဘူး။ ပြည်ပနဲ့ ယှဉ်ပြိုင်ရာမှာ ပြည်တွင်းကို ပိုမျက်နှာ သာပေးတာမျိုးတွေကိုလည်း
ရှောင် ကြဉ်ရပါမယ်" ဟု အီးယူဥက္ကဋ္ဌ ဟာမန်းဗန်ရွမ်ပီက ပြောသည်။

"ကျွန်တော်တို့ရဲ့ အာရှကုန်သွယ်ဖက် တွေဟာ တံခါးဖွင့်စီးပွားရေးကိုပဲ လက်ကိုင်ထားကြပြီး
နိုင်ငံစုံကုန်သွယ် ရေးစည်းမျဉ်းတွေကို သဘောတူကြ မယ်လို့ ယုံကြည်ထားပါတယ်။ ဥရော
ပ မှာဖြစ်နေတဲ့ စီးပွားရေးနဲ့ဘဏ္ဍာရေး ဖိအားတွေဟာ ကမ္ဘာတစ်လွှားက အခြေအနေတွေရဲ့
တစ်စိတ်တစ်ပိုင်းပါ။ တိုးတက်မှုဟာ ကမ္ဘာနဲ့ဆိုင်တဲ့တာဝန် တစ်ခုပါ" ဟု ၎င်းက ဆိုသည်။

အလားတူပင် ဖိလစ်ပိုင်နိုင်ငံကလည်း အရေးပါသော ကမ္ဘာ့ကုန်သွယ်ရေး ရေလမ်းကြောင်း
များသည် ပဋိပက္ခ အခြေအနေများတွင် ရှိနေကြောင်း ပြောဆိုလျက် တောင်တရုတ်ပင်လယ်
ပြင်ရှိ နယ်မြေအငြင်းပွားမှုများကို နိုင်ငံ တကာကလည်း ပါဝင်ဖြေရှင်းပေးရန် ထိပ်သီးဆွေး
နွေးပွဲတွင် တောင်းဆိုခဲ့သည်။

"ရေကြောင်းလုံခြုံရေး တိုးမြှင့်ဆောင် ရွက်ရေးဟာ အရေးပါတယ်ဆိုတာကို ကျွန်တော်တို့
တိုက်တွန်းလိုပါတယ်။ ဒီရေလမ်းကြောင်းကနေ ကမ္ဘာ့ကုန်သွယ် ရေး အမြောက်အမြားဟာ
ဖြတ်သန်း သွားတာကြောင့် ဒါဟာနိုင်ငံတကာရဲ့ အကျိုးစီးပွား တစ်ခုဆိုတာကိုလည်း သ
ဘောတူညီထားပြီးဖြစ်ပါတယ်" ဟု ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနိုက ၀င်ရောက်ဆွေး
နွေးခဲ့သည်။

သဘာဝသယံဇာတများ ရှိမည်ဟု ယူဆရသည့် တောင်တရုတ်ပင်လယ် ပြင်တွင် တရုတ်နိုင်
ငံနှင့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ)၊ မလေးရှား နှင့် ဘရူနိုင်းနိုင်ငံတို့သည် နယ်မြေ
အငြင်းပွားမှုများရှိနေသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း