တရုတ် ရေဘေး လူ ၃ဝဝ နီးပါး သေဆုံး

 

ဓာတ်ပုံ - အေအက်ဖ်ပီဓာတ်ပုံ - အေအက်ဖ်ပီ

ပေကျင်း - တရုတ်နိုင်ငံ မြောက်ပိုင်း တွင် ဇူလိုင်လ စတုတ္ထပတ်အတွင်း မိုးသည်းထန်စွာ
ရွာသွန်းခဲ့မှုကြောင့် လူ ၃ဝဝ နီးပါး သေဆုံး၊ သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး ထောင်သောင်းချီ၍
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟုသိရသည်။

ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် သဘာဝဘေးဒဏ် အများဆုံး ခံခဲ့ရသည့် ဟေနန်နှင့်
ဟေပေ ပြည်နယ်တို့တွင် လူငါးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၁၂၅,ဝဝဝ မှာ အရေးပေါ်
အခြေခံအထောက်အကူ များ လိုအပ်ကြောင်း ရှင်ဟွာ သတင်းက ဖော်ပြခဲ့သည်။

မုန်တိုင်း ဒဏ်ကြောင့် ၁၆၄ ဦး သေဆုံးခဲ့ပြီး ၁၂၅ ဦးပျောက်ဆုံးနေသည်ဟုဆိုသည်။

တင်စိန် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း