အမေရိကန်တပ်များ ဖိလစ်ပိုင်မှ ထွက်သွားရန် ဒူတာတေး ပြောကြား

ဒါဗာအို - ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ အမေရိကန်အထူးတပ်ဖွဲ့များ နိုင်ငံအတွင်းမှ ထွက်ခွာရန်
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက စက်တင်ဘာလ ၁၂ ရက်တွင် အမိန့်ပေးလိုက်ပြီးနောက်
ဖိလစ်ပိုင်နှင့် အမေရိကန်ကြားရှိ တင်းမာမှုပိုမိုမြင့်တက်လာခဲ့သည်။

ဖိလစ်ပိုင်ရှိ အမေရိကန်တပ်ဖွဲ့များမှာ ဖိလစ်ပိုင်တပ်များကို စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးရန်သာ
ဖြစ်သည်။ ယခင်က မင်ဒါနာအိုဒေသတစ်ဝိုက် အမေရိကန်စစ်ရေးအရာရှိ ၅ဝဝ မှ ၆ဝဝ ကြား
လှည့်လည်သွားလာနေခဲ့သော်လည်း ၂ဝ၁၄ တွင် ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဗိုလ်တဲရ်ဂတ်ဇ်မင်၏
ပြောကြားချက်ကြောင့် ၂ဝဝ သာချန်ထားပြီး လျှော့ချခဲ့သည်။

အမေရိကန်တပ်များ မည်သည့်အချိန်တွင် ထွက်ခွာရမည်နှင့် မည်သည်ကြောင့်ထွက်ခွာရမည်ကို
ဒူတာတေးက တိတိကျကျအဖြေမပေးခဲ့သော်လည်း ပြည်တွင်းသောင်းကျန်းမှု၏ အရင်းအမြစ်မှာ
ဖိလစ်ပိုင်နှင့် အနောက်နိုင်ငံများ ပူးပေါင်းမှုဖြစ်သည်ဟု အကြောင်းပြခဲ့သည်။

အမေရိကန်များကိုမြင်လျှင် ဒေသခံများမှာ ပိုမို ဒေါသထွက်လာမည်ဖြစ်ပြီး သတ်ပင်
သတ်ပစ်ကြလိမ့်မည်ဟု ဒူတာတေးက ဆိုသည်။

မေလတွင် သမ္မတရာထူးကို စတင်ရယူချိန်မှစ၍ မူးယစ်ဆေးမှောင်ခိုဂိုဏ်များကို တိုက်ဖျက်ရန်
ဒူတာတေး၏ တိုက်တွန်းချက်ဖြင့် လူသုံးထောင်ခန့် သေဆုံးခဲ့ပြီးဖြစ်သည်။ ဒူတာတေး၏
ပြောကြားချက်များကို ပင်တဂွန်က သတိပြုမိသော်လည်း ဖိလစ်ပိုင်အစိုးရကို ဆက်သွယ်
မေးမြန်းခဲ့ခြင်း မရှိကြောင်း မေရိကန်အစိုးရက ပြောကြားခဲ့သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း