အာဆီယံအဖွဲ့ကြီး ပျက်အစဉ် ပြင်ခဏ အခြေအနေလား

အာဆီယံဟာ ဝေမျှခံယူတဲ့အုပ်ချုပ်မှု၊ စီးပွားရေးမူဝါဒ၊ သို့မဟုတ် ရှင်သန်ဖို့လက်ခံတဲ့
အတွေးအခေါ်ကို လိုက်လံရှာဖွေနေဆဲ၊အောင်မြင်မှုမရသေးတဲ့ ဝိုးတိုးဝါးတား
မပြတ်သားတဲ့
၁ဝ နိုင်ငံအဖွဲ့ ဖြစ်လာပြီလို့ သူတို့က ဝမ်းနည်းနေကြပြီး
ညည်းညူနေကြ ...

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် စက်တင်ဘာ ၈ ရက်က အာဆီယံအဖွဲ့ ၁၁ ကြိမ်မြောက် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ ကျင်းပစဉ်။ ဓာတ်ပုံ - အီးပီအေလာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် စက်တင်ဘာ ၈ ရက်က အာဆီယံအဖွဲ့ ၁၁ ကြိမ်မြောက် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ ကျင်းပစဉ်။ ဓာတ်ပုံ - အီးပီအေ

ဥရောပသမဂ္ဂက ဗြိတိန်နိုင်ငံထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးတဲ့နောက်မှာ အာဆီယံအဖွဲ့က
အဖွဲ့ဝင်နိုင်ငံတွေကလည်း အလားတူလုပ်ရပ်မျိုးလုပ်ဖို့ စဉ်းစားနေကြတယ်ဆိုတဲ့
သတင်းထွက်ပေါ်ခဲ့တယ်။

ပထမဆုံးထွက်မယ့် အဖွဲ့ဝင်နိုင်ငံကတော့ ချမ်းသာကြွယ်ဝတဲ့ စင်ကာပူနိုင်ငံဖြစ်နိုင်တယ်ဆိုတဲ့
ရည်ညွှန်းချက်တွေလည်း ရှိခဲ့ တယ်။ မိုနာကိုနိုင်ငံ ဥရောပသမဂ္ဂက အကျိုးအမြတ်ရရှိသလောက်
စင်ကာပူနိုင်ငံ ဟာလည်း ဆာဆီယံအဖွဲ့ကနေ အကျိုး အမြတ်ရရှိမှာဖြစ်တယ်။

ဒီလိုဖြစ်မလာပါဘူး။ မဖြစ်သေးဘူးလို့ လည်းပြောလို့ရတယ်။ ဒါပေမဲ့ အရာရှိ အတော်များများဟာ
တချို့လည်း အဆင့်မြင့်အစိုးရ ရာထူးတွေရထားကြတဲ့လူတွေက အာဆီယံ အနေနဲ့
ဆက်လက်ရှင်သန်ချင်ရင် ပြောင်းလဲရမယ်လို့ ဒေါသတကြီးနဲ့ တောင်းဆိုနေကြတယ်။

အာဆီယံဟာ ဝေမျှခံယူတဲ့အုပ်ချုပ်မှု၊ စီးပွားရေးမူဝါဒ၊ သို့မဟုတ် ရှင်သန်ဖို့လက်ခံတဲ့
အတွေးအခေါ်ကို လိုက်လံရှာဖွေနေဆဲ၊အောင်မြင်မှုမရသေးတဲ့ ဝိုးတိုးဝါးတား မပြတ်သားတဲ့
၁ဝ နိုင်ငံအဖွဲ့ ဖြစ်လာပြီလို့ သူတို့က ဝမ်းနည်းနေကြပြီး ညည်းညူနေကြတယ်။

သူတို့ဖြစ်ချင်တာတွေက သူတို့ကို ရှောင်တိမ်းနေတာကြောင့် အကျပ်ရိုက်နေကြတယ်။
မပြောင်းလဲဘဲ ဒီအတိုင်းသွားမယ်ဆိုရင်တော့ ပြိုကွဲပျက်စီးဖို့ပဲရှိတော့မယ် ဆိုတာကို ပိုပြီး
နပ်နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေက သိကြတယ်။ သူတို့ရဲ့ အဓိကကျတဲ့ အပေါင်းအသင်းတွေနဲ့
မဟာမိတ်တွေလည်း သိကြတယ်။

အာဆီယံနည်းက လမ်းဆုံးနေပြီလို့ ဝါရှင်တန် အခြေစိုက် အတ္တလန္တိတ်ကောင်စီရဲ့ ဒေသဆိုင်ရာ
ကျွမ်းကျင်သူ ရောဘတ်မန်းနင်းက စက်တင်ဘာ ၆ ရက်က ပြောခဲ့တယ်။

လိင်ကိစ္စတစ်ခုကို အဖွဲ့ဝင်တွေ အချိန်ယူ စဉ်းစားကြတဲ့အခါ ရေခဲမြစ်တွေဟာ ကီလိုမီတာ
အတော်များများ ရွေ့လျားရုံတင်မကဘူး။ ပြီးသွားတဲ့အခါမှာလည်း စည်းလုံးတဲ့ ဆုံးဖြတ်ချက်ဟာ
ရခဲတယ်။

အခုအချိန်မှာ ကိစ္စတွေကို ဟန်တလုံး ပန်တလုံးနဲ့ ပေါင်းဆုံလာခြင်းရဲ့ အဓိပ္ပာယ် ဟာ
အာဆီယံအဖွဲ့ကို အမြစ်ကစပြီး အကိုင်း တွေအထိချိုင်ပြီး ပြောင်းလဲအောင်လုပ်ဖို့ ဆိုတာ
ဖြစ်နိုင်ခြေမရှိတော့ဘူး။

၂ဝ၁၇ ခုနှစ်မှာ သက်တမ်း နှစ်ပေါင်း ၅ဝ ပြည့်တော့မယ့် အာဆီယံအဖွဲ့ရဲ့ အဓိက ကျတဲ့
ပဋိပက္ခတွေဟာ အဖွဲ့ဝင်တွေကြားမှာ ရှိရုံတင်မကဘူး တရုတ်နဲ့ အမေရိကန်နိုင်ငံ
တို့မှာလည်း ရှိနေကြတယ်။

အမေရိကန်နိုင်ငံကို အရင်စဉ်းစားကြည့် လိုက်ပါ။ အာဆီယံအဖွဲ့ဝင် လေးနိုင်ငံပါတဲ့ ပစိဖိတ်ဝန်းကျင်
နိုင်ငံတွေပါတဲ့ သင်္ကေတ အားဖြင့် သဘောတူညီမှုရှိတဲ့ ပစိဖိတ်ဖြတ် စီးပွားပေါင်းစည်းမှု (TPP) ဟာ
သမိုင်းရဲ့ ပြာပုံးထဲကို လွှဲအပ်ခြင်းခံရတော့မယ့် အခြေ အနေမှာ ရှိတယ်။

တကယ်ဖြစ်လာနိုင်တဲ့ TPP ကို လာမယ့် အမေရိကန် ကွန်ဂရက်လွှတ်တော် အစည်း အဝေးမှာ
အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းမရှိရင် နောင်တက်လာမယ့် သမ္မတ အတွက် ကျန်နေမှာဖြစ်တယ်။
ဟီလာရီ ကလင်တန်နဲ့ ဒေါ်နယ်ထရမ့်တို့ နှစ်ယောက် စလုံးကလည်း ဒီကိစ္စကို အပြင်းအထန်
ဆန့်ကျင်ကြတယ်။

အဲဒီတော့ ဒီကိစ္စဟာ အရေးနိမ့်သွားမှာ ဖြစ်တယ်။ ဒီလိုဖြစ်ခဲ့ရင် အာဆီယံအဖွဲ့ကို ပိုပြီး
စိတ်ဝမ်းကွဲသွားစေမှာ ဖြစ်တဲ့အပြင် အဖွဲ့ဝင်တွေဖြစ်ကြတဲ့ စင်ကာပူနဲ့ ဗီယက်နမ် နိုင်ငံတို့ကို
ဒေါသထွက်စေမှာ ဖြစ်တယ်။ ဝါရှင်တန်ရဲ့ အဆင့်မြင်တဲ့ သတ်မှတ်ချက် တွေအတွက် သူတို့ဟာ
နှစ်ပေါင်းအတော်ကြာ ဆွေးနွေးခဲ့ပြီး ဘာမှမပြိုင်နိုင်လို့ပဲ ဖြစ်တယ်။

ဘယ်လောက်အထိ ဆိုးသလဲဆိုရင် ဝါရှင်တန်ကွှဏဏ ကို အတည်ပြုလက်မှတ်ထိုးမပေးရင်
ဘာတွေဖြစ်မလဲလို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက စင်ကာပူဝန်ကြီးချုပ်ကို
စက်တင်ဘာ ၉ ရက်ကစိုးရိမ်တကြီးနဲ့ မေးခဲ့တယ်။ ''ခင်ဗျားတို့ အာရှ မှာ အရာမဝင်တော့ဘူး။
ကျွန်တော်ထပ်ပြီး ပြောမယ်၊ ခင်ဗျားတို့ အာရှမှာ အရာမဝင် တော့ဘူး''လို့ ဝန်ကြီးချုပ်
လီရှန်လွန်းက ဂျွန်မက်ကိန်းကို ပြောခဲ့တယ်။

သတိရဖို့က စင်ကာပူနိုင်ငံဟာ အာဆီယံ ရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့
အားအကိုးရဆုံး ထောက်ခံတဲ့နိုင်ငံဖြစ်တယ်။

အခုအတိုင်းဆိုရင် ဒီလိုဖြစ်ချင်မှဖြစ်တော့မယ်။ မှတ်ထားဖို့က စက်တင်ဘာ ၁၂ ရက်က အမေရိကန်
တပ်တွေကို နှင်ထုတ်မယ်လို့သမ္မတ ဒူတာတေးက သန္နိဋ္ဌာန်ချခဲ့ပြီးနောက် သူက ဒီလိုပြောခဲ့တယ်။
''ကျွန်တော် အမေရိ ကန်တွေကို မကြိုက်ဘူး။ ဒါဟာ ကျွန်တော့်ရဲ့ ရိုးရိုးလေး နိယာမပါပဲ။''

ဒါတွေဟာ အာဆီယံအဖွဲ့ကိုတည်ထောင် ခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံရဲ့ သဘောထားပါပဲ။
ကဲ... တရုတ်နိုင်ငံကတော့ အားရဝမ်းသာ နဲ့ ဒီဟာကွက်ကို ကုန်သွယ်မှုမြှင့်တင်ခြင်းနဲ့
ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖြည့်စွက်ခဲ့တယ်။ နောက်ပြီး သိမ်သိမ်မွေ့မွေ့မရှိလှတဲ့ ဒေသ ဆိုင်ရာ
ဇာတ်စီးအဖြစ်လည်း လုပ်ဆောင် နေတယ်။

အခုအချိန်မှာဆိုရင် အာဆီယံဟာ တရုတ်ပြုသမျှနုရတဲ့ အဖွဲ့ဖြစ်နေတယ်။ အာဆီယံ အဖွဲ့ရဲ့
ဝန်ကြီးတွေ အစည်းအဝေးတွေနဲ့ ခေါင်းဆောင်မှု ထိပ်သီးညီလာခံတွေမှာ ပေကျင်းအစိုးရက
အစည်းအဝေးအစီအစဉ်ကို ထိန်းချုပ်ထားတာနဲ့ တရားဝင် သတင်း ထုတ်ပြန်ချက်တွေကို
ဗီတိုအာဏာသုံးပြီး ပယ်ခဲ့တာတွေကိုကြည့်ရင် သိနိုင်ပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ ရိုးရိုးလေးပါပဲ။ တရုတ်နိုင်ငံဟာ ကြီးမားပြီး
အင်အားကြီးတာကလည်း တစ်ကြောင်းပေါ့။ ဒါပေမဲ့ အာဆီယံအဖွဲ့ရဲ့ အသေစွဲထားတဲ့
အများဆန္ဒအရဆိုတဲ့ စည်းမျဉ်းက ပေကျင်း အစိုးရရဲ့ အကြိုက်ဖြစ်သွားတာပဲ။

အများဆန္ဒအရဆိုတဲ့ အဓိပ္ပာယ်ကတော့ အာဆီယံအဖွဲ့မှာ အဖွဲ့ဝင် ၁ဝ ဦးစလုံး
သဘောမတူရင် ဘာမှလုပ်လို့မရဘူး။ အတွေးအမြင်ပဓာနကတော့ ပန်းတိုင်အနေနဲ့
ကောင်းသလိုရှိပေမယ့် လက်တွေ့မှာတော့ ဘေးအန္တရာယ် ဖြစ်လာနိုင်တယ်။

ဘယ်လောက်တောင် ဘေးအန္တရာယ် ရှိသလဲဆိုရင် ပေကျင်းအစိုးရအနေနဲ့ တောင်
တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ကျွန်း တွေကို တမင်တကာကျူးကျော်လာတဲ့အခါမှာ
အာဆီယံအဖွဲ့ထဲက ပိုင်ဆိုင်မှုတောင်းခံ တဲ့နိုင်ငံတွေဟာ တစ်ဦးချင်းသာ ကန့်ကွက် နိုင်ပြီး
အဖွဲ့အနေနဲ့ စုပေါင်းပြီး ဘာမှမလုပ် နိုင်ဘူး။

အာဆီယံ အဖွဲ့တစ်ဖွဲ့လုံးကကန့်ကွက်ရမယ့် အဆိုပြုချက်တွေ ပေါ်လာတဲ့အခါ ပေကျင်း
အစိုးရဟာ တရုတ်ကို အားထား နေရတဲ့နိုင်ငံတွေဖြစ်ကြတဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ သို့မဟုတ်
လာအိုနိုင်ငံတစ်ခုခုကို ကန့်ကွက်ဖို့ ခိုင်းလိုက်ရင် အများဆန္ဒအရဆိုတဲ့ စည်းမျဉ်းဟာ
ပျက်ပြယ်သွားကာ ဘာမှမဖြစ်လာဘူး။

အမေရိကန်နဲ့ ခပ်တန်းတန်းပိုဖြစ်လာကာ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးတဲ့ အာဆီယံဟာ
အရစ်ရှည်နိုင်ပေမဲ့ အချည်းနှီးပါပဲ။

ဒီလိုဖြစ်နေတာကြာပြီလို့ ယုံကြည်ကြတဲ့ အချို့အဖွဲ့ဝင်တွေဟာ ဒီနှစ်အတွင်း မျက်နှာ
ပြောင်တိုက်ကာ နိုင်ထက်စီးနင်းလုပ်ခဲ့တဲ့ ပေကျင်းအစိုးရရဲ့ ရှက်ဖွယ်ကောင်းတဲ့
ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ရဲ့ ဖော်လံဖားမှုတွေ ကြောင့် ပြန်လည်တွန်းလှန်စပြုလာပြီ
ဖြစ်တယ်။

ပထမဦးစွာ ဒီလစောစောပိုင်းက ဗီယင် ကျန်းမြို့မှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး ညီလာခံရဲ့
နောက်ဆုံးသတင်းထုတ်ပြန်ချက်ထဲမှာ ပါဝင်တဲ့ တရုတ်နိုင်ငံရဲ့ အပြုအမူအပေါ် မပြင်းထန်လှတဲ့
ဝေဖန်ချက်တွေကို ထည့်သွင်း ဖော်ပြနိုင်ခဲ့တယ်။

ပေကျင်းအစိုးရရဲ့ ကျွန်းများပိုင်ဆိုင်မှု အပေါ် ကုလသမဂ္ဂခုံရုံးက တရားမဝင်ဘူးလို့ပြောခဲ့တာကို
မဖော်ပြခဲ့ပေမဲ့ တောင်တရုတ်ပင်လယ်အတွင်း မကြာသေးခင်ကဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို
ခေါင်းဆောင်အချို့ဟာ အထူးစိုးရိမ်နေသေးကြောင်း သတင်းထုတ်ပြန်ချက်က မှတ်ချက်ချခဲ့တယ်။

ဟုတ်ပါတယ်။ အဖွဲ့တစ်ဖွဲ့လုံးဆိုတဲ့ စကားကိုမသုံးဘဲ 'အချို့ခေါင်းဆောင်တွေ'လို့
သုံးတာကိုကြည့်ရင် အာဆီယံအဖွဲ့အတွင်း နက်ရှိုင်းတဲ့ သဘောကွဲလွဲမှုတွေကို ရောင်ပြန်ဟပ်ပြီး
တချို့အဖွဲ့ဝင်တွေက တရုတ်နိုင်ငံကို ဝေဖန်ပြစ်တင်ချင်သလို တချို့ကလည်း မဝေဖန်လိုတာကို
ပြနေတယ်။

ဒါကြောင့်လည်း နောက်ပြောင်းလဲမှုတွေ ခြေပုန်းခုတ်နေတဲ့ အထဲမှာ "ASEAN Minus X"
ဖော်မြူလာလည်း ပါဝင်နေရာ ဒီဖော်မြူလာက ပဏာမခြေလှမ်းသစ်တွေကို လက်မှတ်ထိုးဖို့
အဆင်သင့်မဖြစ်သေးတဲ့ အဖွဲ့ဝင်တွေအတွက် ထွက်ပေါက်ရှိတဲ့ အပိုဒ်ငယ်ဖြစ်ပါတယ်။

ကံမကောင်းချင်တော့ ဒီဖော်မြူလာဟာ လတ်တလော လေးနက်တဲ့ကိစ္စတွေအတွက်
မှီငြမ်းထားတာမျိုး မရှိသေးတာကြောင့် အဖွဲ့ဝင်တစ်ဦးက ကိစ္စတစ်ခုကို ကန့်ကွက်ရင်
ဘာမှ အလုပ်မဖြစ်တော့ဘူး။

အာဆီယံရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့လို
နိုင်ငံတွေက 'လမ်းဆုံး'နေတဲ့ အခြေအနေကို စိတ်ကုန်နေတာကြောင့် ပြောင်းလဲ လာဖို့
အကြောင်းရှိနေတယ်။

လုံးဝ အများဆန္ဒအရ လိုအပ်ချက်ကို ဖျက်ပစ်ဖို့ အာဆီယံအဖွဲ့အတွင်း လုပ်ရပ်တွေ ရှိနေပြီး
အရည်အချင်းပြည့်မီတဲ့ အများစုက ဆုံးဖြတ်တဲ့ စနစ်ကို ပြောင်းဖို့ရှိတယ်။

ဒီလုပ်ငန်းစဉ်ကို ပထမအနေနဲ့ အဖွဲ့ရဲ့ အဆင့်မြင့်အရာရှိတွေအတွက် လုပ်ဆောင်မှာဖြစ်ပြီး
နောက်ပိုင်းမှာ ခေါင်းဆောင်တွေ ရဲ့ ထိပ်သီးညီလာခံတွေအထိ တိုးချဲ့မှာ ဖြစ်တယ်။

ဒီအတိုင်းဖြစ်လာခဲ့ရင် အလွန်အရေးပါတဲ့ ပြောင်းလဲမှုဖြစ်ကာ အာဆီယံအဖွဲ့ကို ခေတ်မီတဲ့
ကမ္ဘာထဲသို့ ခေါ်ဆောင်သွားမှာဖြစ်ပြီး ဆုံးဖြတ်ချက်တွေချတဲ့အခါ ရေခဲမြစ်တွေထက်
မဖြစ်စလောက် မြန်ဆန်လာမှာဖြစ်တယ်။


ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာ ဖြစ်သည်။
သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း