မှန်တာ မှားတာ အသာထား၊ အရှေ့တောင်အာရှဟာ ထရမ့်ကြောင့် ကယောက်ကယက် ဖြစ်လိမ့်မယ်

 

မက္ကဆီကိုစီးတီးတွင် စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သော ဒေါ်နယ်ထရမ့်ဆန့်ကျင်ရေးဆန္ဒပြပွဲ။ ဓာတ်ပုံ - အေအက်ဖ်ပီမက္ကဆီကိုစီးတီးတွင် စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သော ဒေါ်နယ်ထရမ့်ဆန့်ကျင်ရေးဆန္ဒပြပွဲ။ ဓာတ်ပုံ - အေအက်ဖ်ပီ

အမေရိကန်သမ္မတဖြစ်ဖို့ ယှဉ်ပြိုင်နေသူ ဒေါ်နယ်ထရမ့်နဲ့ပတ်သက်တဲ့ သဘောထားတွေကို
ဖော်ပြမယ်ဆိုရင် နာမည်ကျော် Beatlesအဖွဲ့ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ထဲက နားဝင်ချိုပြီး
မှတ်ရလွယ်တဲ့စာသားကို ပြန် သတိရလာအောင် ဆွဲဆောင်သလိုဖြစ်တယ်။ အင်္ဂလိပ်စာသား
"You say high, I say low, you say why and I say I don't know" တဲ့။
မြန်မာလိုပြန်လိုက်ရင် သင်က မြင့်တယ်လို့ ပြောတယ်၊ ကျွန်တော်က နိမ့်တယ်လို့ ပြောတယ်၊
ဘာကြောင့်လဲလို့ သင်ကမေးတော့ မသိဘူးလို့ ကျွန်တော်ကပြန်ဖြေတယ်။

ထရမ့်နိုင်မလား၊ ရှုံးမလားဆိုတာ ဘယ်သူ မှမပြောနိုင်ဘူး။ သူနိုင်သွားရင် ဘာဖြစ်မယ်
ဆိုတာကိုလည်း မပြောနိုင်ဘူး။ ဒါပေမဲ့ လူတိုင်းကတော့ ဒီလူ့အပေါ် အားကောင်းတဲ့
အူထဲအသည်းထဲက ထင်မြင်ချက်ရှိကြတယ်။

သူ့ကိုချစ်ပါ၊ သိုမဟုတ် မုန်းပါဆိုတဲ့ ရင်ကြားစေ့နိုင်တဲ့ ကွာဟချက်ကို မကြာသေး ခင်က
အမေရိကန်နိုင်ငံက ဂုဏ်သတင်းကြီးတဲ့စာနယ်ဇင်းနှစ်စောင်မှာပါလာတဲ့ ဆောင်းပါး နှစ်ပုဒ်က
ထင်ရှားပေါ်လွင်စွာ ဖော်ပြခဲ့တယ်။ ဆောင်းပါးနှစ်စောင်စလုံး တူညီတဲ့အချက်တစ်ခုကတော့
ထရမ့်နိုင်သွားရင် ဒီဒေသကိုအထိတ်တလန့် တုန်လှုပ်အံ့သြသွားစေမှာ ဖြစ်တယ်လို့ ဆိုထားတယ်။

ပထမတစ်ခုကတော့ သြဇာတိက္ကမရှိတဲ့ Foreign Affairs မဂ္ဂဇင်းထဲမှာ စက်တင်ဘာ ၁၂ ရက်
က Doug Bandow ရဲ့ အစီရင်ခံစာပဲ ဖြစ်တယ်။ Bandow ဟာ ဝါရှင်တန်အခြေစိုက်
Cato Institute က အဆင့်မြင့်အဖွဲ့ဝင်ဖြစ်ပြီး အမေရိကန်သမ္မတဟောင်း
ရော်နယ်ရေဂင်ရဲ့ အထူးလက်ထောက်ဟောင်း တစ်ဦးလည်း ဖြစ်ခဲ့တယ်။

သူ့အစီရင်ခံချက်ကို "What Donald Trump Gets Right About US Alliances (အမေရိကန်
မဟာမိတ်တွေအကြောင်း ဒေါ်နယ်ထရမ့် ဘာတွေမှန်ခဲ့သလဲ) လို့ ခေါင်းစဉ်ပေးထားကာ ထရမ့်ရဲ့
ကာကွယ်ရေးမူဝါဒကို အာရုံစူးစိုက် ထားပေမဲ့ ထရမ့်ရဲ့ ကာကွယ်ရေး၊ လူဝင်မှုနဲ့ အမှုအခင်းအပေါ်
ခိုင်မာတဲ့အနေအထား တို့နဲ့ပါ သက်ဆိုင်တယ်။

နောက် နာမည်ကြီးသတင်းစာ တစ်စောင်ဖြစ်တဲ့ The New Youk Times မှာလည်း စက်တင်ဘာ
၁၉ ရက်က Bandow ရဲ့ အစီရင်ခံချက်နဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဆောင်းပါးကို
လေးစားခံရတဲ့ ဆန်းစစ်သူ စီးပွားရေး ပါမောက္ခ Justin Wolfers က ရေးခဲ့ပြီး ထရမ့်ကို
ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။

Wolfers ရဲ့ "Why a President Trump Could Stant a Trade War With Surprising Ease"
(ကုန်သွယ်မှုစစ်ပွဲကို လွယ်လွယ်နဲ့ သမ္မတ ထရမ့် ဘယ်လိုစနိုင်တယ်) ခေါင်းစဉ်တပ်ထားတဲ့
ဆောင်းပါးက ကုန်သွယ်မှုအပေါ် အာရုံစူးစိုက်ထားပေမဲ့ သူ့ရဲ့ အကြောင်းပြချက်ဟာ ထရမ့်အနေနဲ့
ကာကွယ်ရေးနဲ့ လူဝင်မှုကိစ္စတွေမှာ ထရမ့် ဘယ်လိုလုပ်နိုင်တယ်ဆိုတာကို ချဲ့ထွင်ဖော်ပြထားတယ်။

နိုင်ငံခြားကုန်သွယ်ရေး မူဝါဒဟာ ထရမ့် အနေနဲ့ မဲဆွယ်တုန်းက ကတိပေးခဲ့တဲ့ ပြောင်းလဲမှုတွေကို
တစ်ဖက်သတ် အာဏာ တည်စေနိုင်တဲ့နေရာ ဖြစ်နိုင်တယ်လို့ Wolfers က မှတ်ချက်ပေးခဲ့တယ်။
အဲဒါကြောင့် လူ အတော်များများ၊ အထူးသဖြင့် အာဆီယံအဖွဲ့အတွက် အတော့်ကို
ကြောက်စရာကောင်းတဲ့ အလားအလာဖြစ်တယ်။ ဒီလိုဖြစ်လာဖို့ရှိသလား၊ ခုတင်အောက်
ဝင်ပုန်းသင့်သလား၊ ဒါမှမဟုတ် လက်ဖက်ရည်သောက်ရင်းနဲ့ သက်သောင့်သက်သာ နေမလား၊
ဘယ်သူမှ အသေအချာမသိနိုင်ဘူး။ ဒီအတွက်တော့ ကစားနည်းစာအုပ် မရှိပါဘူး။

ကမ္ဘာပေါ်မှာ ပေါတောတောနဲ့ ရယ်စရာ အကောင်းဆုံး ဒီမိုကရေစီနိုင်ငံက ရွေးကောက်ပွဲ
ဖြစ်ပါတယ်။ ဒါပေမဲ့ ခိုင်လုံတဲ့ စာနယ်ဇင်း နှစ်စောင်က တည်ငြိမ်အေးဆေးတဲ့ လေ့လာသူ
နှစ်ဦးဟာ အကြီးအကျယ် ကွဲပြားခြားနား တာကိုက ဘယ်လိုကြီးမှန်း မသိအောင် ထူးနေတယ်။
ပိုအရေးကြီးတာကတော့ လူထု သဘောထား စစ်တမ်းတွေဟာလည်း မဆုတ် သာ၊ မတိုးသာ
အခြေအနေမှာ ရှိနေတာကြောင့် ထရမ့်နိုင်ခြေရှိတာကြောင့် နိုဝင်ဘာ ၈ ရက်မှာ အိမ်ဖြူတော်ရဲ့
သော့တွေကို ထရမ့်ရသွားခဲ့ရင် ဒီဒေသအတွက် ဘယ်လို အဓိပ္ပာယ်ရှိလာနိုင်သလဲ။

ထရမ့်နဲ့သာ အတူသွားပါဆိုတဲ့ မစ္စတာ ညြေိသတ နဲ့ စလိုက်ရအောင်။ အမေရိကန် ကာကွယ်ရေး
မူဝါဒအပေါ် ထရမ့်ရဲ့ သုံးသပ် ချက်ကမှန်တယ်။ အထူးသဖြင့် အရှေ့အာရှ မှာ အမေရိကန်ဟာ
နှပ်ချတာခံနေရတယ်လို့ ထရမ့်က ပြောတယ်။

ဝါရှင်တန်အစိုးရဟာ ဝေးလံတဲ့ မဟာမိတ် တွေဖြစ်ကြတဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ အရှေ့တောင်
အာရှတို့ကို ကာကွယ်ဖို့ ဘာကြောင့် ပိုက်ဆံတွေ အရမ်းသုံး၊ စစ်သား တွေ အလုံးအရင်းနဲ့
ပို့နေတာလဲလို့ ထရမ့်က မေးခွန်းထုတ်တာကို Bandow က ချီးကျူး ထားတယ်။

ဒီနေရာတွေဟာ ကြွယ်ဝချမ်းသာပြီး သူတို့ကာကွယ်ရေးအတွက် ကိုယ်တိုင်လုပ်နိုင်ပြီး
လုပ်ခဲ့ရင် အမေရိကန်ဟာ သူ့ရဲ့ နိုင်ငံခြားစစ်ဘက်ဆိုင်ရာ လုပ်ငန်းတွေကို လျှော့ချနိုင်ပြီး
တစ်နှစ်ကို အမေရိကန် ဒေါ်လာ ဘီလျံ ၁၅ဝ သက်သာနိုင်တယ်လို့ ထရမ့်က ပြောတယ်။

''ထရမ့် ဒီလိုပြောတာကို တချို့ကျွမ်းကျင်သူတွေက လှောင်ခဲ့ပေမဲ့ Bandow က အဲဒီလို
မလုပ်ဘဲ ထရမ့်မှန်တယ်၊ မဟာမိတ်တွေအပေါ် အမေရိကန်ရဲ့ မူဝါဒဟာ ခေတ်နောက်ကျနေပြီ''လို့
Bandow က ရေးခဲ့တယ်။

ခေတ်နောက်ကျနေပြီဆိုလည်း ဆိုစရာ ပါပဲ။ ထရမ့်ရဲ့ အယူဝါဒကြောင့် နှစ်စဉ် ဒေသတွင်း
Cobra Gold စစ်ရေးလေ့ကျင့်မှုကို ဖျက်လိုက်ပြီး အမေရိကန် - ပစိဖိတ်ရေတပ်ကို
ရုပ်သိမ်းလိုက်ရင် စာချုပ်အရ အမေရိကန် မဟာမိတ်တွေဖြစ်ကြတဲ့ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ဟာ
ပျော်ရွှင်နိုင်ကြမှာ မဟုတ်ဘူး။

ဒါ့ပြင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အမေရိကန်တွေ ဖိလစ်ပိုင်နိုင်ငံက နှင်ထုတ် တာမျိုးကို
ပြန်လည်ရုပ်သိမ်းသွားနိုင်တယ်။

ထရမ့်ကို ဒီလိုခြိမ်းခြောက်တာမျိုး မလုပ် မိဖို့ ဒူတာတေး ပိုပြီး သတိထားဖို့လိုတယ်။ ဒီလိုမှ
မဟုတ်ရင် ထရမ့်အနေနဲ့ ချက်ချင်း အရေးယူလိုက်ဖို့များတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ထရမ့်ရဲ့အနေအထားကို မစ္စတာ Bandow က အပြတ် ထောက်ခံတာကို
သင့်အနေနဲ့ လက်ခံယုံကြည် သွားရင် ကျွန်တော့်ရဲ့ သတိပေးချက်၊ မှတ်ချက်ကို
ဖော်ပြလိုက်ပါရစေ။

ကျွန်တော် ဝါရှင်တန်မြို့မှာ တာဝန်ထမ်း ဆောင်ခဲ့စဉ်တုန်းက မစ္စတာ Bandow ဟာ ကိစ္စ
အမျိုးမျိုးနဲ့ပတ်သက်ပြီး ကိုးကားတဲ့မှတ်ချက် တွေကို တစ်ခါတစ်ရံ ကျွန်တော့်ကိုပေးခဲ့တယ်။
Cato Institute နဲ့ ကပ်လျက်ရှိတဲ့ Henley Park Hotel မှာ သူနဲ့ကျွန်တော်
နေ့လယ်စာတစ်ကြိမ် စားခဲ့ဖူးတယ်။

မစ္စတာ Bandow ဟာ ကရော်ကမည် လူစားမျိုးမဟုတ်သလို သူတော်စင်လည်း မဟုတ်ပါဘူး။
နောက်ပိုင်းမှာ သိခဲ့တာက တော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အမတ်တွေ လိုရာကိစ္စမှာ
ထောက်ခံပေးဖို့ ဆွယ်သူ တစ်ယောက်ဖြစ်တဲ့ Jack Abramoffကို ထောက်ခံတဲ့ ဆောင်းပါးတွေကို
ပိုက်ဆံယူ ရေးပေးခဲ့တာကြောင့် ဃအေသ ကနေ နုတ်ထွက် လိုက်ရတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ဖြစ်ခဲ့တဲ့ ကိစ္စပါ။ အခု သူ့ရေးသားချက်ကို Foreign Affairs မှာ
ဖော်ပြခြင်းခံရတာဟာ သူ့အတိတ်က အပြုအမူကို အလေးအနက်စဉ်းစားသင့် တယ်။
မစ္စတာ Wolfers ရဲ့ ဆန့်ကျင်ဘက် အမြင်ဖြစ်တဲ့ ထရမ့်နဲ့အတူ မသွားနဲ့ဆိုတာ ကတော့
ထရမ့်အနေနဲ့ ကပ်ဘေးဆိုက်နိုင်ပြီး ဘယ်သူမှ အကျိုးမရှိနိုင်တဲ့ ကုန်သွယ်ရေး စစ်ပွဲကို
စတင်နိုင်ဖွယ်ရှိတဲ့လူလို့ ပြောတယ်။

ထရမ့်က နိုင်ငံတကာကုန်သွယ်ရေး သဘောတူညီမှုတွေကို 'ဆုတ်ဖြဲ'ပစ်ဖို့ သန္နိဋ္ဌာန် ချခဲ့တယ်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က နုတ်ထွက်ကာ တရုတ်နဲ့ အခြားအာရှနိုင်ငံ တွေက သွင်းတဲ့ပစ္စည်းတွေ
အပေါ် ကောက်ခံ တဲ့အခွန်တွေကို မြှင့်တင်မယ်လို့ပြောထား တာတွေကို မစ္စတာ Wolfers က
မှတ်ချက်ပေး ထားတယ်။

အထူးသဖြင့် မြောက်အမေရိက လွတ်လပ် စွာကုန်သွယ်မှု သဘောတူညီချက်လို ကုန်သွယ်မှု
စာချုပ်တွေကို နှစ်သက်ခြင်းမရှိတဲ့ ထရမ့်ဟာ စင်ကာပူ - အမေရိကန် လွတ်လပ်စွာကုန်သွယ်မှု
သဘောတူညီချက် ဖြစ်မလာအောင် လုပ်နိုင်သလို မလေးရှား၊ ထိုင်းနဲ့ အာဆီယံအဖွဲ့
တစ်ဖွဲ့လုံးခြုံပြီး လွတ်လပ်စွာ ကုန်သွယ်မှုအစီအစဉ်တွေကို ဖျက်သိမ်းလိုက်နိုင်တယ်။

''သမ္မတတစ်ယောက်အနေနဲ့ ထရမ့် လုပ်လို့ရတယ်။ ရလဒ်က အကုန်အကျများတဲ့ ကုန်သွယ်မှု
စစ်ပွဲ ဖြစ်လာရင်တောင် ကွန်ဂရက်အနေနဲ့ သူ့ကိုရပ်တန့်သွားအောင်လုပ်ဖို့ မလွယ်ဘူး''လို့
မစ္စတာ Wolfers က ရေးခဲ့တယ်။

''တရုတ်နဲ့ အခြား အာရှနိုင်ငံတွေရဲ့ တစ်ခု တည်းသော အားကိုးအားထားစရာကတော့ သူတို့ရဲ့
သွင်းကုန်အပေါ် အခွန်တွေကိုမြှင့်တင်ကာ လက်တုံ့ပြန်နိုင်တာပဲရှိတယ်။ ဒီအလားအလာဟာ
ဘောဂဗေဒပညာရှင် အတော်များများကို ကြောက်ရွံ့စေပေမဲ့ထရမ့်ကတော့ စိုးရိမ်ပုံမရဘူး''လို့
မစ္စတာ Wolfers က ပြောတယ်။

အမေရိကန် မဲဆန္ဒရှင် အတော်များများ ကလည်း ဒီကိစ္စကို ပူပန်ပုံမရဘူး။ ''ပြဿနာ က
ယေဘုယျအားဖြင့် အမေရိကန်နိုင်ငံသား တွေဟာ နိုင်ငံခြားရေးမူဝါဒရဲ့ အသေးစိတ်
အချက်အလက်တွေကို အထူးတလည် သတိ မမူကြဘူး''လို့ Bandow က ကျွန်တော့်ကို
တစ်ချိန်က ပြောခဲ့ဖူးတယ်။

ထရမ့် သမ္မတဖြစ်မယ့် အလားအလာဟာ ဒီဒေသရဲ့ စီးပွားရေးကို ကြီးမားတဲ့ ကိုင်လှုပ်မှု
ဖြစ်ပေါ်လာကာ အမေရိကန်ရဲ့ ကာကွယ်ရေး လွှမ်းခြုံမှုကို လျော့ပါးသွားစေနိုင်တာကြောင့်
ဒီဒေသက လူတွေကတော့ တကယ်ပဲ စိုးရိမ်ပူပန်နေကြတယ်။

ဒီတော့ ကျွန်တော်က မြင့်တယ်၊ ဒါမှမဟုတ်နိမ့်တယ်လို့ ပြောလို့ရသလား။ ဒါမှမဟုတ်ရင်လည်း
အညိုရောင်စက္ကူအိတ်ထဲ ဖြည်းဖြည်းလေးအသက်ရှူသင့်ပါသလား။ အဆုံးမှာတော့
၄၆ ရက်ကြီးများတောင် လိုသေးတယ်။

ရယ်စရာအနေနဲ့ ပြောရရင်တော့ အဆင့်မြင့်တိုက်ပေါ်က ပြုတ်ကျလာတဲ့ လူတစ်ယောက်ဟာ
အထပ်တစ်ထပ်သို့ ကျလာတိုင်း ဓှသ်မေယှသွသသိဓ "So far, So Good" လို့ ပြောခဲ့တယ်။


 

ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာ ဖြစ်သည်။
(The Myanmar Times)
သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း