သီရိလင်္ကာ အကျဉ်းထောင် အကြမ်းဖက်မှု ၂၇ ဦးသေဆုံးခဲ့

ကိုလံဘို- နှစ်ပေါင်း ၃၀ ခန့်အတွင်း သီရိလင်္ကာတွင် အဆိုးရွားဆုံးအကျဉ်း ထောင်အကြမ်းဖက်
မှုကြောင့် ၂၇ ဦး သေဆုံးကာ အခြား ၅၀ ကျော် ဒဏ်ရာ ဖြင့် လွတ်မြောက်သွားခဲ့သည်ဟု
အရာရှိ များက စနေနေ့တွင်ပြောခဲ့သည်။

အကြမ်းဖက် အကျဉ်းသားများနှင့် ကိုလံဘို ၀ဲလီကာဒါ အကျဉ်းထောင် လုံခြုံ ရေးဝန်ထမ်းများ
ပစ်ခတ်မှုများ ဖြစ်ပွား ပြီးနောက် ဒဏ်ရာကြောင့် နောက်ထပ် သုံးဦး သေဆုံးသွားခဲ့သည်ဟု
ကိုလံဘို အမျိုးသားဆေးရုံ ညွှန်ကြားရေးမှူး အာနီးလ်ဂျာဆင်ဟီးက ပြောသည်။

ရဲအထူးလုပ်ငန်းတပ်ဖွဲ့  (STF) ကွန်မန်ဒိုများက မူးယစ်ဆေးများနှင့် တိတ်တဆိတ် တင်သွင်း
လာခဲ့သည့် မိုဘိုင်းဖုန်းများကို အကျဉ်းထောင် အတွင်းရှာဖွေရာမှ အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့
သည်ဟု အခင်းဖြစ်ပွားရာ နေရာမှ စစ်တပ်အရာရှိက အေအက်ဖ် ပီသို့ သောကြာနေ့ညက
ပြောခဲ့သည်။

"တချို့အကျဉ်းသားတွေက လက်နက်တွေလုယူပြီး ပြန်ပစ်ခတ်ကြပါတယ်။ ဒါပေမယ့် အခု
တော့အခြေအနေကို လုံးဝထိန်းချုပ်နိုင်ပါပြီ"ဟု အမည် မဖော်လိုသူ အရာရှိကပြောသည်။

"၁၆ ဦးသေဆုံးပြီး ဒီမနက်ပဲ တခြားဒဏ်ရာရတဲ့သူ ၄၃ ဦးကို ကုသ နေရပါတယ်။ ဆေးရုံ
တက်တဲ့သူတွေမှာ ရဲအထူးလုပ်ငန်းတပ်ဖွဲ့မှ ၁၃ ဦး၊ စစ်သား လေးဦးနဲ့ ဘေးကရပ်ကြည့်တဲ့
ပြည်သူ တစ်ဦးတို့ဖြစ်ပါတယ်"ဟု ဆေးရုံမှ ညွှန်ကြားရေးမှူး ဂျာဆင်ဟီးက အေအက်ဖ်ပီကို
ပြောသည်။

အကြမ်းဖက်မှု ဖြစ်ပွားစဉ်အတွင်း အကျဉ်းသားအချို့သည် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသည်။
လုံခြုံရေးတပ်ဖွဲ့ များက ၎င်းတို့ကိုပစ်ခတ်ခဲ့ပြီး အကြမ်း ဖက် အကျဉ်းသာများအား မျက်ရည်ယို
ဗုံးများဖြင့် ပစ်ခဲ့သည်ဟု မျက်မြင် သက်သေများက ပြောသည်။

အကျဉ်းသားအချို့သည် ခေါင်မိုးပေါ် တက်ကာ မြေပြင်မှ စစ်တပ်နှင့်ရဲကို တိုက်ခိုက်ခဲ့သည်။
ရဲနှင့်စစ်တပ်က ပြန်လည်ပစ်ခတ်ခဲ့ရာ သုံးနာရီခန့် ကြာသည်အထိ သေနတ်သံများ
ကြိုးကြားကြိုးကြား ကြားနေရသည်ဟု မျက်မြင်သက်သေများက ပြောသည်။

အကျဉ်းသားများ ဆက်လက်ပစ်ခတ် နေသဖြင့် တပ်အင်အားဖြည့်သည့် အနေဖြင့် စစ်တပ်က
လက်နက်တပ်ဆင် ထားသော ယာဉ်များကို အသုံးပြုခဲ့ သည်ဟု ၎င်းတို့ကဆက်ပြောသည်။

အာဖဂန်နစ္စတန်၊ အိန္ဒိယနှင့် ပါကစ္စ တန်အကျဉ်းသားများသည်လည်း ယင်း အကျဉ်းထောင်
ထဲတွင် ရှိကြသော်လည်း ၎င်းတို့ ဆေးရုံသို့ရောက်ရှိခြင်း မရှိကြ သည်ကို တွေ့ရသည်။

နောက်ဆုံးသတင်းအရ သီရိလင်္ကာ စစ်တပ်က စနေနေ့က အကျဉ်းသား ခြောက်ဦး၏
အလောင်းကို တွေ့ခဲ့သဖြင့် တစ်ညတာ အကျဉ်းထောင်အကြမ်းဖက် မှုတွင် စုစုပေါင်း
၂၇ ဦးအထိ သေဆုံးခဲ့ သည်ဟု စစ်တပ်အရာရှိကပြောသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း