လူ့အခွင့်အရေးသမား အင်ဒီဟောလ် ထိုင်းနိုင်ငံက ထွက်ခွာ

စီရင်ချက်ကို ကြားနာပြီး မီဒီယာများနှင့်တွေ့ဆုံနေသည့် အင်ဒီဟောလ်ကို စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ်။အေအက်ဖ်ပီစီရင်ချက်ကို ကြားနာပြီး မီဒီယာများနှင့်တွေ့ဆုံနေသည့် အင်ဒီဟောလ်ကို စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ်။အေအက်ဖ်ပီ

ထိုင်းနိုင်ငံရှိ ကုမ္ပဏီအချို့က အသေရေဖျက်မှုဖြင့် တရားစွဲဆိုထားသော လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ
ဗြိတိသျှလူမျိုး အင်ဒီဟောလ်သည် ကုမ္ပဏီများ၏ အနှောင့်အယှက်ပေးမှု မြင့်တက်လာပြီး
ဥပဒေရေးရာပြဿနာ များကြောင့် သူ၏အသက်အန္တရာယ် စိုးရိမ်မှုဖြင့် ထိုင်းနိုင်ငံမှ နိုဝင်ဘာ ၇ ရက်
အစောပိုင်း က ထွက်ခွာခဲ့ကြောင်းသိရသည်။

အင်ဒီဟောလ်သည် ထိုင်းနိုင်ငံရှိ နာနတ်သီးထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သော
ကုမ္ပဏီများက အလုပ်သမားဥပဒေနှင့် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲခဲ့ ပြီးနောက်
ကုမ္ပဏီများက ၎င်းကို အသရေ ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသူဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် နိုင်ငံတော်တရားရုံးချုပ် ရှေ့နေချုပ်နှင့် သဘာဝသီးနှံ (natural fruit)
ကုမ္ပဏီတို့၏ အယူခံကို ပယ်ချခဲ့ပြီးနောက် အင်ဒီဟောလ်ကို အမှုမှ ကင်းလွတ်ခွင့်ပြုခဲ့သည်။

အင်ဒီဟောလ်က ၎င်း၏ ကြေညာချက် တွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မလွယ်ကူ
တော့ကြောင်း ထုတ်ပြန်ရေးသားခဲ့သည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို မုန်းတီးမှုများသည့် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း
လုပ်သား အခွင့်အရေးများကို ကာကွယ်ရ သည့် အခြေအနေသည် ပိုမိုဆိုးရွားလာကြောင်း
အင်ဒီဟောလ်က ပြောကြားခဲ့သည်။

"စီစဉ်ထားတဲ့အတိုင်း နိုဝင်ဘာ ၇ ရက် မှာ ထိုင်းနိုင်ငံကနေ ကျွန်တော် ထွက်သွားမှာဖြစ်ပြီး
ကျွန်တော့်အတွက်ရော ရွှေ့ပြောင်းလုပ်သားအခွင့်အရေး ကွန်ရက်အတွက်ပါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်"ဟု ရွှေ့ပြောင်းလုပ်သားအခွင့်အရေး ကွန်ရက်တွင်
နိုင်ငံတကာရေးရာ အကြံပေး အဖြစ် လုပ်ကိုင်ခဲ့သည့် အင်ဒီဟောလ်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ ခေါင်းပုံဖြတ်ခံနေရသော ရွှေ့ပြောင်းလုပ်သားများ၏ အလုပ်သမားအခွင့်အရေး
အပြည့်အ၀ရရှိစေရန်၊ အလုပ် နှင့်နေထိုင်မှု တိုးတက်စေရန် ရည်ရွယ် ချက်ဖြင့် ၁၁ နှစ်ကျော်ကြာ
လုပ်ကိုင်ခဲ့ပြီး ဖြစ်ကြောင်း အင်ဒီက ပြောကြားခဲ့သည်။

နောက်ဆုံးတွင် သူသည် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပြီး
ယင်းအကျပ်ကိုင်မှုများကို မကျော်လွှား နိုင်ခဲ့ပေ။ ဘန်ကောက်မြို့တောင်ဘက် ရာဇ၀တ်မှု
တရားရုံးက အင်ဒီဟောလ်ကို ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပြီး အသရေဖျက်မှုနှင့် အခြား
အမှုများအတွက် ဒဏ်ကြေးငွေ ထိုင်းဘတ်ငွေ ၁၅၀,၀၀၀ ချမှတ်ခဲ့သည်။

အဆိုပါ ဒဏ်ငွေကို ထိုင်းသမဂ္ဂအုပ်စု၊ ထိုင်း ငါးသေတ္တာလုပ်ငန်းအသင်းနှင့် ဖင်းဝက်ခ်ျက
ပေးဆောင်ခဲ့သည်။ ထို့နောက် အင်ဒီဟောလ်သည် ယာယီထိန်းသိမ်းခံထားရမှုမှ
လွတ်ငြိမ်းခွင့်ရရှိပြီး ၎င်း၏ နိုင်ငံကူးလက်မှတ်နှင့် လွတ်လပ်စွာ သွားလာခွင့် ပြန်လည်ရရှိခဲ့ကြောင်း
သိရသည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်မှုကို ကုလသမဂ္ဂ၊ အိုင်အယ်လ်အို၊ ဥရောပ ဥပဒေပြုအဖွဲ့ (ပါလီမန်) နှင့်
ဥရောပကုန်သွယ်ရေး ကော်မရှင်အဖွဲ့ဝင် စီစီလီယာ မေးလ်စတွန်းတို့က အဆိုပါ ပြစ်ဒဏ်
ချမှတ်မှုနှင့် ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ခဲ့ကြောင်းသိရသည်။ 

(ဘန်ကောက်ပို့စ်)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း