မီဒီယာကို အပြစ်ဖို့တာဟာ ကောင်းတဲ့နည်းလမ်း မဟုတ်ဘူး

အမှန်တရားဟာ ဘယ်နိုင်ငံကိုမဆို ဘယ်တော့မှ မထိခိုက်ဘူး။ လိမ်လည်မှုတွေနဲ့ လှည့်စားမှုတွေကသာ ထိခိုက်စေတယ်။အီးပီအေအမှန်တရားဟာ ဘယ်နိုင်ငံကိုမဆို ဘယ်တော့မှ မထိခိုက်ဘူး။ လိမ်လည်မှုတွေနဲ့ လှည့်စားမှုတွေကသာ ထိခိုက်စေတယ်။အီးပီအေ

ချစ်ခြင်းဆိုတာဟာ လှပတဲ့အရာတစ်ခု ဖြစ်ပါတယ်။ နှစ်ဦးသဘောတူလို့ကတော့
ဒါထက်ကောင်းတာ မရှိဘူး။ ဒီတော့ လာမယ့် ရက်သတ္တပတ် ရွေးကောက်ပွဲမှာ
ဟီလာရီကလင်တန်နိုင်ခဲ့ရင် အားတက် ဖွယ်ကောင်းတာကတော့ သမိုင်းမှာ ဘ၀ခရီး
အတူတူလျှောက်လှမ်းခဲ့ကြတဲ့ အမေရိကန် သမ္မတနှစ်ယောက် ရှိလာမှာပဲ။

ဘီလ်ကလင်တန်ဟာ သူ့ရဲ့ဇနီးနဲ့သာ မကဘဲ တခြားအမျိုးသမီးတွေနဲ့ ဆက်နွှယ်
ပတ်သက်ခဲ့တဲ့အပြင် အိမ်ဖြူတော်က ဘဲဥပုံ ရုံးခန်းထဲမှာတောင် မိန်းကလေးတစ်ယောက်ကို
အလွတ်မပေးခဲ့တဲ့ကိစ္စကို ထုတ်ဖော် ပြောပြလို့ကတော့ ဒီ မြူးထူးရွှင်ပြတဲ့ လေ့လာ ချက်ပျက်ပြယ်သွားမှာ
စိုးရတယ်။ ဒါဟာ ဘ၀ပဲ။ တစ်လောကလုံးကို မကျေနပ်တဲ့ လူတစ်ယောက်က ချက်ကျ လက်ကျ
သုံးသပ်တာကတော့ ဘ၀မှာ ပျော်စရာ ကောင်းတဲ့ကိစ္စတွေမှာ ကပျက်ယပျက် လုပ်သူကတော့
အမြဲရှိနေမှာပဲတဲ့။ အရိုးတွေ လို့လည်း ဒီလိုလူမျိုးကို ခေါ်နိုင်ပါတယ်။

သမ္မတတွေနဲ့ သူတို့လိုလူမျိုးတွေရဲ့ အရိုးတွေ ကို နိုင်ငံရေးအပေါ် သက်ရောက်မှုရှိကြတဲ့
သတင်းစာတွေ၊ သတင်းစာဆရာတွေကတော့ မှုခင်းဆိုင်ရာဆေးပညာအရပါ အစဉ်အမြဲ
တွေ့ရှိဆန်းစစ်ကြမှာဖြစ်တယ်။ သူတို့ တစ်တွေဟာ အမြဲပဲ အခြားလူတွေရဲ့ကိစ္စ တွေကို
စပ်စုကြတယ်၊ ပူဆွေးသောကရောက် စေတယ်၊ တရားမျှတတာရှိသလို၊ မမျှတတာ ကများတယ်။

ဒါကြောင့်လည်း ပြိုင်ဘက်ကင်းတဲ့ အင်္ဂလန်က ဂါးဒီးယန်းသတင်းစာ ပင်တိုင် ဆောင်းပါးရှင်
 Nancy Banks-Smith က တစ်ခါ တုန်းက ဒီလိုရေးခဲ့တယ်။ "ကျွန်မနားလည် တာကတော့
သတင်းစာဆရာတွေကို ယုံကြည် စိတ်ချရတဲ့အဆင့်ဟာ အိမ်ခြံမြေ အကျိုး ဆောင်တွေ
အဆင့်ထက် အနည်းငယ်သာ မြင့်တယ်"တဲ့။

အခုအချိန်မှာ သတင်းစာတွေနဲ့ သတင်း စာဆရာတွေဟာ မစ္စကလင်တန်နဲ့ သူ့ပြိုင်ဘက်
မစ္စတာ ထရမ့်တို့ နှစ်ယောက်တို့ကို ပူဆွေး သောကရောက်အောင် ဘယ်လောက်အထိ
လုပ်နေသလဲဆိုရင် ပြိုင်ဘက်နှစ်ယောက် စလုံး (သို့) တစ်ယောက်ယောက်က တက်ကြွ
နေကြတဲ့ သတင်းထောက်တွေအတွက် ရှားရီး ယားပုံစံမျိုးလို ဥပဒေပြဋ္ဌာန်းဖို့ မခြိမ်းခြောက်
သေးတာကိုက အံ့ဩစရာပဲ။ ဥပမာ ဆက်ဆံရခက်ပြီး ငြီးငွေ့စရာ ကောင်းတဲ့ သတင်းစာ
ဆရာတွေဟာ တင်းကျပ်တဲ့ သတိပေးမှုတွေကြားထဲက ရှက်ဖွယ်ကောင်း ပြီး မဲဆွယ်မှုကို
တန့်သွားအောင်လုပ်တဲ့ သတင်းတွေကို ဆက်ပြီးရေးနေရင် လက်နှိပ် စက်မရိုက်နိုင်အောင်
သူတို့ရဲ့ လက်တွေကို ကြိုးချည်ထားလိုက်ရင် တခြားလူတွေကို လည်း သင်ခန်းစာပေးရာ
ရောက်လိမ့်မယ်။

ဟန့်တားတာတွေကို မမှုဘဲ ယှဉ်ပြိုင် အရွေးခံသူရဲ့ အချစ်ရေးကိစ္စတွေနဲ့ သီးသန့် အီးမေးလ်တွေ
ဆက်လက်စူးစမ်းဖော်ထုတ် သူတွေအတွက် အံဝှက်တံခါးပါတဲ့ လျှို့ဝှက် မြေအောက်အကျဉ်းတိုက်ထဲ
ထည့်တဲ့စနစ်ကို ပြန်လည်ပြဋ္ဌာန်းမှသာ သူတို့ရဲ့ ထိခိုက်စေတဲ့ အုတ်အော်သောင်းတင်းဖြစ်စေတဲ့
ဖော်ထုတ် ချက်တွေ ပြီးဆုံးသွားမှပဲ စိတ်သက်သာရာ ရမှာဖြစ်တယ်။ ကျွန်တော်တို့
ရိုးရိုးသားသားပြောရင်တော့ ဒီခေတ် ယှဉ်ပြိုင်အရွေးခံသူ ထရမ့်နဲ့ ရွေးချယ် တင်မြှောက်ခြင်းခံရတဲ့
ဖိလစ်ပိုင်နိုင်ငံက ဒူတာတေး၊ ကမ္ဘောဒီးယားက ဟွန်ဆန်နဲ့ ရုရှားက ဗလာဒီမာပူတင်တို့
အတွက်ကတော့ ဝေဖန်တဲ့ သတင်းစာဆရာတွေကို ရှင်းပစ်တဲ့ အလုပ်ဟာ သိပ်စဉ်းစားပြီး
လုပ်ရတဲ့ အလုပ်မျိုး မဟုတ်ဘူး။ ဒါပေါ့။ ပိုပြီးတော့ ယဉ်ကျေးတဲ့ မလေးရှား၊ မြန်မာနဲ့
စင်ကာပူတို့လိုနိုင်ငံတွေမှာ စာကူး၍ မူပွားပေးသူတွေကို သတိပေးတာမျိုးလုပ်တတ်ပြီး
ဒီလူတွေကလည်း သူတို့ရဲ့ လစဉ်ရရှိတဲ့ တန်ဖိုးမများလှတဲ့ လစာကိုမှုရင် သူတို့ရဲ့ ဝေဖန်မှုကို
ထိန်းထားကြမှာပဲ။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုယ်ပိုင် အတွေ့အကြုံကိုပြောရရင် ထင်ပေါ်ကျော် ကြားမှုနောက်ကို
လိုက်ကြတဲ့ စူးစမ်းလေ့လာ တဲ့သတင်းစာဆရာတွေအနေနဲ့ အသိရှိနေ ရမှာက အာရှက
အချုပ်ခန်းထဲမှာ နေရတာ ဟာ အင်မတန်ကျဉ်းမြောင်းလှတဲ့ သွားအမြစ် အတွင်းကနေရာမျိုးလေးမှာ
ကျင့်သုံးတဲ့ လုပ်ထုံးလုပ်နည်းတွေကထက် နှစ်လိုဖွယ် မရှိတာကတော့ အမှန်ပဲ။ ရဲအရာရှိတွေရဲ့
ရိုင်းပြစွာ ပြောဆို ခြိမ်းခြောက်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ကလည်း သိပ်မကွာလှပါဘူး။

ဒီဒေသမှာ သတင်းစာဆရာတွေဟာ အာဏာပိုင်တွေရဲ့ ဆက်ဆံမှုတွေကို ပုံမှန် အားဖြင့် ဒီလိုပဲ
ဆက်ဆံတာမျိုးခံခဲ့ကြရတယ်။ အထင်သေးတာမျိုး၊ အများပြည်သူတွေနဲ့ ဆိုင်တဲ့ သာမန်စည်းကမ်းမျိုးတွေကို
ဥပေက္ခာ ပြုကြတာဟာ တုန်လှုပ်စရာပဲ။ သတင်းစာဆရာအလုပ်နဲ့ အသက်မွေး
ဝမ်းကျောင်းပြုလုပ်ကြသူတွေ ဒီအကြောင်း တွေကို ကောင်းကောင်းသိကြတယ်။

သူတို့ရဲ့ ၀န်ဆောင်မှုတွေကို မလိုအပ်တော့ဘူးဆိုတဲ့ အထက်က ယဉ်ယဉ်ကျေးကျေးနဲ့ ရေးလိုက်တဲ့
တရားဝင်စာ၊ သို့မဟုတ် သူတို့ရဲ့ အလုပ် ဗီဇာကို ပယ်ဖျက်လိုက်တာမျိုးပေါ့။ ဒါမှမဟုတ်ရင်လည်း
တနင်္ဂနွေတစ်ရက် ညနေခင်းမှာ နေအိမ်တံခါးလာခေါက်ကာ ရပ်စဲပြီး စွန့်လိုက်တယ်ဆိုတဲ့အမိန့်ကို
နှုတ်က ရွတ်ဆိုရင်း အဲဒီအခွင့်အရေးကိုယူကာ ၀ရမ်းမပါဘဲ နေအိမ်ဥပစာအတွင်း ရှာဖွေ တာမျိုးတွေပေါ့။ အဲဒီအဆင့် ရောက်လာပြီဆိုရင်တော့ ရွေးချယ်စရာမရှိသလောက်ဖြစ်ကာ ထွက်ပြေး ဖို့သာ ဆုံးဖြတ်
လိုက်တော့။ ကျွန်တော်ဆိုရင် ပထမ မလေးရှား၊ ပြီးတော့ ဗီယက်နမ်နိုင်ငံ တို့က ညတွင်းချင်း
ကြောက်ကြောက်နဲ့ အထုပ် အပိုးပြင်ကာ အရုဏ်တက်မှာ လေဆိပ်ဆီ တစ်ချိုးတည်းလစ်ခဲ့ရတယ်။
ဒီလိုအဖြစ်မျိုး ကျွန်တော့်အတွက် အဆုံးသတ်သွားပြီလို့ မထင်ပါဘူး။

ဒါပေမဲ့ အာဏာပိုင်တွေဟာ ဆင်ခြင်တုံတရားတွေရလာကာ သူတို့ရဲ့ မိုက်မဲ မှုတွေကို မြင်လာပါစေလို့သာ
မျှော်လင့်ရမှာပဲ။ ဒီလိုဆုံးဖြတ်ချက် လွဲမှားတဲ့ လူမဆန်မှုတွေ ခံရတဲ့ သတင်းစာဆရာတွေကတော့
ပြောင်း လဲသွားမှာမဟုတ်ဘူး။ သူတို့ဟာ အမှန်တရား ထွက်ပေါ်လာရေးအတွက် အလျှော့ပေးကြ
မှာမဟုတ်ဘူး။ ဒါကြောင့်လည်း သမ္မတရာထူးအတွက် ယှဉ်ပြိုင်သူ နိုင်ငံရေးခေါင်းဆောင်၊ သို့မဟုတ်
အာဏာလက်ဝယ်ရှိနေသူ မည်သူမဆို သတင်းထောက်တစ်ဦးရဲ့ ရေးသားဖော်ပြချက်ကို သဘောမတူလို့ဆိုပြီး
သူ့ကိုဖယ်ရှား တယ်ဆိုတာ ဘယ်တော့မှ မှန်ကန်တဲ့လုပ်ရပ် မဟုတ်ဘူး။

ဒီအရှုံးသာပေါ်တဲ့နည်းဟာ မြောက်ကိုရီးယား၊ ရုရှားနဲ့ ဇင်ဘာဘွေတို့လို နိုင်ငံတွေမှာ ဖြစ်နိုင်စရာမရှိဘူးလို့
ပြောနိုင်ပေမဲ့ ဒီဒေသ မှာတော့ ကမ္ဘာ့ တခြားနေရာတွေထက်စာရင် ပိုအဖြစ်များတယ်လို့ ဆိုရမယ်။
အများအားဖြင့်တော့ သတင်းစာဆရာ အရေးမှားတာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်ဖြစ် တဲ့အမှန်က
ထိထိမိမိရှိလွန်းတာကြောင့် ဩဇာ ရှိ ရှေးရိုးဝါဒီတွေရဲ့ တစ်ခုတည်းသော တုံ့ပြန်မှုမှာ ဖြုတ်ထုတ်ရပ်
လို့သာ ယူဆကြတယ်။

ဒါကြောင့်လည်း ကလင်တန်နဲ့ ထရမ့်တို့ ဒုက္ခရောက်နေကြတာပေါ့။ ပထမအနေနဲ့ သူတို့ဟာ
လောကထုံးတမ်း၊ သို့မဟုတ် ဥပဒေ ကိုကျူးကျော်ခဲ့ကြတယ်။ ဒုတိယအနေနဲ့ သူတို့ရဲ့ လောကထုံးတမ်း၊
သို့မဟုတ် ဥပဒေ ကျူးကျော်ခဲ့တာတွေကို မီဒီယာက အစီရင်ခံ ခဲ့ပြီး တတိယကတော့
သတင်းထောက်တွေကို သူတို့ အလုပ်မဖြုတ်နိုင်လို့ပဲ။ မြန်မာနိုင်ငံဆီ ၂၀၁၄ ခုနှစ်က သမ္မတ
အိုဘားမား ရောက်လာခဲ့တုန်းက အစိုးရကို ဝေဖန်လို့ သတင်းစာဆရာတွေကို ထောင်မချ ရဘူး။
မချသင့်ဘူးလို့ သမ္မတဦးသိန်းစိန်ကို ပြောခဲ့တယ်။ သတင်းစာဆရာတွေကို ဖိနှိပ်တဲ့ လူ့အဖွဲ့
အစည်းတွေဟာနောက်ဆုံးမှာ လူထုကို လည်းဖိနှိပ်ချုပ်ချယ်လာတယ်။

သင့်အနေနဲ့ လွတ်လပ်တက်ကြွပြီး အောင်မြင်တဲ့ လူ့အဖွဲ့ အစည်းတစ်ခုကိုလိုချင်ရင် အဲဒီဖော်မြူလာရဲ့
တစ်စိတ်တစ်ပိုင်ကတော့ သတင်းအချက် အလက် လွတ်လပ်စွာသွားလာမှုရှိရမယ်။ ဒီလိုဖြစ်ဖို့
လွတ်လပ်တဲ့ စာနယ်ဇင်းရှိဖို့ လိုအပ်တယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့တယ်။ ကံဆိုးချင်တော့
ဒီဒေသ ခေါင်းဆောင် အတော်များများတို့ဟာ ဒါကို အခုအထိ သဘောမပေါက်ဘဲ သူတို့အမြင်နဲ့
ကွဲလွဲ ဆန့်ကျင်တဲ့ သတင်းကိုဖတ်ရရင် ဒေါသ တကြီးနဲ့ရမ်းကြတယ်။ သူတို့ဟာ George Orwell ရဲ့
အယူဝါဒ ကိုမေ့နေကြတယ်။ ဒီအယူ ၀ါဒရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ လွတ်လပ်မှုဆိုတာဟာ
လူတွေမကြားချင်တာ ကို ပြောနိုင်တဲ့အခွင့်အရေးပဲလို့ ဆိုထားတယ်။ အော်ဂလီအဆန်ဆုံးကတော့
ကလင်တန် နဲ့ ထရမ့်တို့မဟုတ်ကြဘူး။ ဒူတာတေး၊ ဟွန်ဆန်နဲ့ ပူတင်တို့လည်းမဟုတ်ကြဘူး။
ကျွန်တော်တို့ကို စိတ်ပျက်စေတဲ့ ဒီမိုကရေစီရဲ့ လမ်းပြတွေလို့ဆိုတဲ့ လူတွေပဲဖြစ်ကြတယ်။
သူတို့တစ်တွေဟာ ကတိတွေ အလွန် အမင်းပေးခဲ့တာကြောင့် ကျွန်တော်တို့ သူတို့ ကို
ရွေးချယ်တင်မြှောက်ခဲ့ကြတယ်။

နောက်ပိုင်းမှာတော့ သူတို့ကို အားကိုးမရ ဖြစ်ခဲ့ရတယ်။ တိုင်းပြည်အတွက် မကောင်းဘူး
လို့အကြောင်းပြကာ သူတို့က ဟိုဟာ မရေးနဲ့ ဒီဟာမရေးနဲ့ ပြောရင် လိုက်နာမှ ကြိုက်ကြတယ်။
ဒါတွေဟာ မဟုတ်တရုတ်စကားတွေပါ။ အမှန်တရားဟာ ဘယ်နိုင်ငံကိုမဆို ဘယ်တော့မှ
မထိခိုက်ဘူး။ လိမ်လည်မှုတွေနဲ့ လှည့်စားမှုတွေကသာ ထိခိုက်စေတယ်။ ပိုလန်နိုင်ငံက
ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားပြောင်းလဲရေးဝါဒီဖြစ်တဲ့ Wladyslaw Bortoszewski ဟာ
တစ်ချိန်တုန်းက ဆုတံဆိပ် တစ်ခုရခဲ့ဖူးရာ အဲဒီတံဆိပ်ပေါ်မှာ 'နာခံမှုကို ဆန့်ကျင်ရဲတဲ့လူအတွက်'လို့
ရေးသားထား တယ်။ ကောင်းတဲ့သတင်းစာဆရာတိုင်းဟာ ဒီလိုဆုတံဆိပ်မျိုးကို လိုချင်ကြတယ်။

(The Myanmar Times)

သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း