တောင်တရုတ်ပင်လယ်အရေး ပြေလျော့စေရန် တရုတ်အား အာဆီယံတိုက်တွန်း

ဖနွမ်းပင်မြို့ အာရှထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံအကြီးအကဲများ။ (ဓာတ်ပုံ - အေအက်ဖ်ပီ)ဖနွမ်းပင်မြို့ အာရှထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံအကြီးအကဲများ။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဖနွမ်းပင် - ဒေသတွင်း မငြိမ်သက်မှု များနှင့် ကုန်သွယ်ရေး တိုးမြှင့်ရန် ကြိုးပမ်းမှုများကို အရိပ်
ပမာလွှမ်းမိုး နေသော ပင်လယ်ရေပိုင်နက် အငြင်းပွား မှုများ အခြေအနေ ပြေလျော့သွားစေ
မည့် ဆွေးနွေးမှုများ အလျင်အမြန်စတင်ရန် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အရှေ့ တောင်အာရှ
နိုင်ငံများက တရုတ်နိုင်ငံ အား တိုက်တွန်းပြောကြားလိုက်သည်။

အရှေ့တောင်အာရှ ဆယ်နိုင်ငံမှ ခေါင်းဆောင်များသည် ဖနွမ်းပင်မြို့တွင် ရောက်ရှိနေသော
တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ဆွေးနွေးပွဲတွင် ၎င်းတို့ အဆိုတင်သွင်းကြမည်ဖြစ်
သော အငြင်းပွားနေဆဲ တောင်တရုတ် ပင်လယ်ပြဿနာနှင့် ပတ်သက်ပြီး စိတ်ပျက်နေကြ
ပြီဖြစ်သည်။

အာဆီယံနိုင်ငံများအပါအ၀င် တရုတ်၊ အမေရိကန်၊ ဂျပန်၊ ရုရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊
ဩစတြေးလျနှင့် နယူး ဇီလန်နိုင်ငံများပါဝင်သော အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ ဖွင့်ပွဲနေ့
တွင် အဓိက စီစဉ်ထားသည့် အစီအစဉ်များထဲမှ တစ်ခုတွင် ၎င်းတို့၏ ဆွေးနွေးမှုလည်း
ပါဝင်သည်။

တောင်တရုတ်ပင်လယ် ပြဿနာကို မြန်နိုင်သမျှ မြန်မြန် ဖြေရှင်းနိုင်ရေး အတွက် စည်းမျဉ်း
ဥပဒေများ တရားဝင် ချမှတ်ရေးကို တရားဝင် ဆွေးနွေးကြရန် အကျိုးတူပူးပေါင်းထားသည့်
နိုင်ငံများ က တရုတ်နိုင်ငံကို တောင်းဆိုကြလိမ့် မည်ဟု အာဆီယံအတွင်းရေးမှူးချုပ်
ဆူရင်ပစ်ဆူဝမ်က နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် ဖနွမ်းပင်ရှိဆွေးနွေးပွဲတွင် ကမ္ဘော ဒီးယားဝန်ကြီးချုပ်
ဟွန်ဆန်က တရုတ် ၀န်ကြီးချုပ်ဝမ်အား ယင်းကိစ္စနှင့် ပတ်သက်ပြီးမေးမြန်းရာ အစောပိုင်း
တွင် ဖြေရှင်းချက်မပေးခဲ့ပေ။

လွန်ခဲ့သည့်ဆယ်စုနှစ်က သဘောတူ ထားခဲ့သည့် ပဏာမ ညှိနှိုင်းဆွေးနွေး မှုများမှ အများ
လက်ခံထားသော ကန့်သတ်ချက်များကို တရုတ်နိုင်ငံက ဆက်လက် လုပ်ဆောင်သွား
လိုကြောင်း ဆွေးနွေးပွဲအပြီးတွင် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ
ချင်းကန်က သတင်းထောက်များအား ပြောကြားခဲ့သည်။

"အကျိုးရှိပြီး အများ လက်ခံနိုင်မယ့် ဆွေးနွေးချက်တွေကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့
ဆွေးနွေး ထားပါတယ်" ဟု ချင်းကန်က ပြောကြား ခဲ့သည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း