အာဆီယံက အိုဘားမားအား သမ္မတအဖြစ် ဆက်ပြီးရှိစေချင်ရတဲ့ အကြောင်းရင်း ၁၀ ချက်

နိုဝင်ဘာ ၂၀ ရက်က အရှေ့အာရှထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ငြိမ်းချမ်းရေးနန်းတော်သို့ရောက်ရှိလာသည့် သမ္မတအိုဘားမား။ (ဓာတ်ပုံ - အေအက်ဖ်ပီ)နိုဝင်ဘာ ၂၀ ရက်က အရှေ့အာရှထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ငြိမ်းချမ်းရေးနန်းတော်သို့ရောက်ရှိလာသည့် သမ္မတအိုဘားမား။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဘာရက်အိုဘားမားကို အားလုံးက ထပ်မံ ရွေးကောက်တင်မြှောက်ချင် ရတဲ့ အဓိက
အကြောင်းရင်း ၁၀ ချက် ရှိပါတယ်။

နံပါတ်တစ်ကတော့ ယေဘုယျအား ဖြင့် အာဆီယံ ခေါင်းဆောင်တွေဟာ ဖနွမ်းပင်မှာ နိုဝင်ဘာ
၁၅ ရက်နေ့က ကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးညီလာခံ (အီးအေအက်စ်) မှာ အိုဘားမားကို
ပါဝင် တက်ရောက်စေချင်တဲ့အတွက် လက်ရှိ အမေရိကန်သမ္မတ အိုဘားမားကိုပဲ အမေရိကန်
သမ္မတအဖြစ် ဆက်ပြီး ရွေးကောက်ခံရစေချင်ပါတယ်။

ခုနစ် ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး ညီလာခံမှာ နိုင်ငံတိုင်းဟာ သူတို့ရဲ့ ပြည်တွင်းပြည်ပ
မဟာဗျူဟာတွေအရ ပြုလုပ်မယ့် အပြောင်းအလဲတွေကို တင်ပြကြမှာဖြစ်တဲ့အတွက်
ဒီဆွေးနွေး ပွဲဟာ အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယအပါအ၀င် ကမ္ဘာ့အင်အား
အကြီးဆုံးနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံ တွေက ခေါင်းဆောင်ကြီးတွေအကြား အရေးအကြီးဆုံး
တွေ့ဆုံဆွေးနွေးခြင်းပဲ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေအတွက် ကတော့ အိုဘားမားဟာ အာရှတိုက် အပေါ်ထားရှိတဲ့ အမေရိကန်
နိုင်ငံရဲ့ ကတိက၀တ် ဆက်လက် အကောင် အထည်ဖော်ရေးကို ကိုယ်စားပြုပါတယ်။

ဒုတိယအချက်ကတော့ ရွေးကောက် ပွဲမှာ တကယ်လို့ အမတ်လောင်း မစ် ရွမ်းနေသာ သမ္မတ
အဖြစ် ရွေးကောက် တင်မြှောက်ခံရမယ်ဆိုရင် အရှေ့တောင် အာရှနိုင်ငံတွေဆီ လာရောက်ဖို့
အကြောင်းတစ်စုံတစ်ရာ မရှိတာပါ။ သူပထမဦးဆုံးလုပ်ရမှာကတော့ သူ့ရဲ့ အစိုးရအဖွဲ့သစ်ကို
ဖွဲ့စည်းရမှာဖြစ်သလို အရှေ့အလယ်ပိုင်းဒေသ၊ အထူးသဖြင့် အစ္စရေးနဲ့ အီရန်နိုင်ငံတွေအပေါ်
ထားမယ့် အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အာရှကို
အရေးတယူလုပ်မယ်ဆိုရင် လည်း တရုတ်နဲ့ ဂျပန်ကိုပဲ စိတ်ဝင်စား မှာပါ။ အာဆီယံဒေသ
ကတော့ သူ့ စာရင်းရဲ့ ဟိုးအောက်ဆုံးမှာပဲ ရှိမှာပါ။

တတိယအချက်ကတော့ အရှေ့ အာရှ ထိပ်သီးညီလာခံကို အိုဘားမား တက်ရောက်မှာ
ဖြစ်ကြောင်းနဲ့ ကမ္ဘောဒီး ယားကို ၀င်လည်ဖြစ်မယ်လို့ အိုဘားမား က အတည်ပြုပြော
ကြားထားကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က
ကြေညာထားတဲ့ အတွက် လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့
ကမ္ဘောဒီးယားနိုင်ငံ ဟာ စိတ်လှုပ်ရှားတက်ကြွနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အိုဘားမားရဲ့ သမ္မတ ရုံးက အခုလိုအခိုင်အမာ ပြောထား တာကို ကြည့်ခြင်းအားဖြင့် နိုဝင်ဘာ
၆ ရက် ရွေးကောက်ပွဲမှာ သူအနိုင်ရမယ် ဆိုတာကို အိုဘားမားက ယုံကြည်မှုရှိနေ ကြောင်း
ပြတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ဇူလိုင်လတုန်းက အာဆီယံနိုင်ငံများ နှစ်စဉ် ညီလာခံအပြီးမှာ
ပူးတွဲကြေညာ ချက် မထုတ်ပြန်နိုင်ခဲ့တဲ့အတွက်လည်း ကမ္ဘောဒီးယား နိုင်ငံဟာ အင်အားကြီး
နိုင်ငံတွေ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့နဲ့ပတ်သက်ပြီး သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ
ဟာ ကြားနေဖြစ် ကြောင်း ပြချင်နေပါတယ်။

စတုတ္ထအချက်ကတော့ အိုဘားမား ဖနွမ်းပင်ခရီးစဉ်မှာ မြန်မာနိုင်ငံနဲ့ ထိုင်း နိုင်ငံကို ၀င်ဖြစ်၊
မဖြစ် မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ သိချင်နေကြတာပဲဖြစ်ပါ တယ်။ အိုဘားမား အရှေ့အာရှ
ထိပ်သီး ညီလာခံကို မတက်ရောက်ခင်မှာ ဒီနိုင်ငံ တွေကို ၀င်လည်ဖြစ်တဲ့အခါ အဆင်ပြေ
စေဖို့အတွက် ရှေ့ပြေးလုံခြုံရေးအဖွဲ့ဝင် တွေ လာရောက်လေ့လာပြီးသွားပါပြီ။ အာဆီယံဒေသ
က ဒီနိုင်ငံ သုံးနိုင်ငံကို အိုဘားမားလာရောက်တဲ့ ခရီးစဉ်ဟာ သမိုင်းဝင်ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။
အထူး သဖြင့် မြန်မာနိုင်ငံခရီးစဉ်ပါ။

လူ့အခွင့် အရေး ချိုးဖောက်တဲ့ နိုင်ငံစာရင်းထဲမှာ အရင်ကပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ မကြာ
သေးခင်က ပြုပြင်ပြောင်းလဲမှုတွေကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြု ချီးကျူးလာကြတဲ့အခါ
အိုဘားမားကလည်း မြန်မာနိုင်ငံကို ဥပေက္ခာပြုထားလို့ မရတော့ပါဘူး။ အမှန်တကယ်တော့
အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ အပြောင်းအလဲမြန်တဲ့ အနေအထားမှာ ရှိနေပါတယ်။

အိုဘားမားက မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံကိုလာမယ်ဆိုရင် အမေရိကန်နဲ့ နှစ်ရှည်လများ
မဟာမိတ်ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံကို မ၀င်လို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ထိုင်းနိုင်ငံရဲ့ အချက်အချာ
ကျတဲ့ အခန်းကဏ္ဍကို ဆက်လက် ထိန်းသိမ်းသွားပေးဖို့ အတွက် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ
ဆီယမ်ရိဒ်ကို အိုဘားမား မ၀င်ခင်မှာ ဘန်ကောက်မှာ ခရီးတစ်ထောက်ဝင်နား ဖို့ အမေရိကန်
ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက စီစဉ်ပေးခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း သူ့ရဲ့ရာထူး သက်တမ်းအတွင်း
ဖနွမ်းပင်ကိုသွားမယ့် ခရီးစဉ်မှာ ဘန်ကောက်ကို နှစ်ရက် ၀င်ဖို့လည်း စီစဉ်ထားပါတယ်။

ပဉ္စမအချက်ကတော့ အာဆီယံ နိုင်ငံတွေအကြောင်း အသိဆုံးနဲ့ အာဆီယံနိုင်ငံတွေကို အသိ
အမှတ် အပြုဆုံး အမေရိကန်သမ္မတရှိတယ် ဆိုရင် အဲဒီသူဟာ အိုဘားမားပဲဖြစ်တယ် ဆိုတဲ့
အချက်ပါ။

ပြီးခဲ့တဲ့လေးနှစ်အတွင်း မှာ အိုဘားမားဟာ အာဆီယံနိုင်ငံ တွေက ခေါင်းဆောင်အများစုနဲ့
ဆက်ဆံ ရေးပိုအဆင်ပြေလာအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ အမှန်တကယ်တော့
အာဆီယံနိုင်ငံတွေဟာ သမ္မတ အိုဘား မားနဲ့ပဲ နောက်ထပ် ဆွေးနွေးမှုတွေလုပ်ဖို့ စဉ်းစား
ထားကြတာပါ။ အိုဘားမားနဲ့ အရင်က သုံးလေးကြိမ်လောက် ဆုံဖြစ်ခဲ့ ကြပြီး အဆင်ပြေခဲ့ကြ
ပါတယ်။

နောက်ဆုံးတော့ သူ့အပေါ် ယုံကြည်မှု ရှိသွားကြပါတယ်။ အာဆီယံနိုင်ငံ တွေနဲ့ အမေရိကန်
နိုင်ငံရဲ့ ဆက်ဆံရေး ခိုင်မာလာတာဟာ အိုဘားမားကြောင့်ပဲ လို့ပြောရင် မမှားပါဘူး။

ဆဋ္ဌမအချက်ကတော့ အမေရိကန် နိုင်ငံရဲ့ မူဝါဒအပြောင်းအလဲတွေကို အာဆီယံခေါင်းဆောင်
တွေရဲ့ အသိ အမှတ်ပြုမှုကို ရခဲ့တာပဲဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း