တရုတ်ကို ရန်စရင် အထီးကျန်ဖြစ်သွားမယ်လို့ ထရမ့်ကို သတိပေး

ထရမ့် အိမ်ဖြူတော်ရောက်တဲ့အခါ သမ္မတတစ်ဦးအဖြစ် လိုအပ်ချက်တွေနဲ့ ခက်ခဲနက်နဲမှုတွေကို
နားလည်သဘောပေါက်လာမှာဖြစ်တယ်။ အထူးသဖြင့် အမေရိကန်နဲ့ နောက်အင်အားကြီး
နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ဆက်ဆံရေးပဲဖြစ် ...

ဂျပန်၊ ထိုင်ဝမ်၊ အမေရိကန်နှင့် နယ်သာလန် အလံများကို တိုင်ပေမြို့ အဆောက်အအုံတစ်ခုတွင် လွှင့်ထူထားစဉ်။ ဓာတ်ပုံ - အီးပီအေဂျပန်၊ ထိုင်ဝမ်၊ အမေရိကန်နှင့် နယ်သာလန် အလံများကို တိုင်ပေမြို့ အဆောက်အအုံတစ်ခုတွင် လွှင့်ထူထားစဉ်။ ဓာတ်ပုံ - အီးပီအေ

လာမယ့်သီတင်းပတ်မှာ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့သမ္မတ ဖြစ်လာတဲ့အခါ
တစ်နည်းအားဖြင့် ကမ္ဘာကြီး ဟာ အရင်ကလိုမဟုတ်ဘဲ အသစ်အဆန်း သဖွယ် ဖြစ်လာလိမ့်မယ်။

ကျွန်တော်ဟာ သမ္မတ ဂျော့ဒဗ္ဗလျူ ဘွတ်ရှ်ကို အိမ်ဖြူတော်မှာ ၂ဝဝ၃ ခုနှစ်က
တွေ့ဆုံမေးမြန်းခဲ့ရာ ကမ္ဘာပေါ်မှာ သြဇာ တိက္ကမအကြီးဆုံးလူ ဖြစ်လာတာ ဘယ်လို ခံစားရသလဲလို့
မေးခဲ့တယ်။ ''မာန်စွယ်တော်တော်ကျိုးခဲ့ရပါတယ်''လို့ သမ္မတ ဘွတ်ရှ်က ပြန်လည်ဖြေခဲ့တယ်။

ဘယ်လိုပဲပြောပြော ကိုယ့်ကိုယ်ကိုယ် အလွန်ယုံကြည်မှုရှိတဲ့ ထရမ့်ကတော့ နှိမ့်ချတဲ့
အမျိုးအစားထဲမှာ ပါမယ်မထင်ဘူး။

ထရမ့် ဘဲဥပုံရုံးခန်းထဲ ရောက်တဲ့အခါ သမ္မတတစ်ဦးအဖြစ် လိုအပ်ချက်တွေနဲ့ ခက်ခဲနက်နဲမှုတွေကို
နားလည်သဘောပေါက် လာမှာဖြစ်တယ်။ အထူးသဖြင့် အမေရိကန်နဲ့ နောက်အင်အားကြီး
နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ဆက်ဆံရေးပဲ ဖြစ်တယ်။

ဒါပေမဲ့ ကျွန်တော်တို့ဟာ ရှေ့ကို သိပ်ပြီး ကြိုတွေးလွန်းနေတယ်။ အခုအချိန်မှာ
ကျွန်တော်တို့ပြောနိုင်တာကတော့ ထရမ့်ရဲ့ အယူဝါဒလမ်းညွှန်မှုဟာ သဘောတူညီမှု
ရအောင်လုပ်တာမှာ အခြေအမြစ်တွယ်နေ တယ်။ ဒီနည်းနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်းနဲ့
နိုင်ငံတကာကိစ္စတွေကို ဒီလို အမြင်နဲ့ပဲကြည့်တယ်။

အခုရက်သတ္တပတ် စောစောပိုင်းက ဝါရှင်တန်မှာရှိတဲ့ အတ္တလန္တိတ်ကောင်စီက
အမေရိကန် - တရုတ် ဆက်ဆံရေးကျွမ်းကျင် သူတစ်ဦးဖြစ်တဲ့ Robert Manning က
ကမ္ဘာ တစ်ခုလုံးဟာ အိမ်နဲ့မြေယာရောင်းတဲ့ လုပ်ငန်းမှာ ဆက်ဆံသလို အလုပ်လုပ်တယ်၊
ကိစ္စအားလုံးကို ပေးသိလို့ရတယ်လို့ ထရမ့်က ယုံကြည်တယ်ဆိုပြီး ရေးခဲ့တယ်။

တခြားလူတွေလိုပဲ Manning ဟာ ဒီအဖြစ် မျိုးကို စိုးရိမ်တယ်။ လွယ်သယောင်လို့
ထင်ရ ပေမဲ့ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်လို အဓိကကျတဲ့ကိစ္စတွေမှာ ထရမ့်အနေနဲ့
ကစားကွက်က သိပ်များများ မရှိလှဘူး။

ဟုတ်ပါတယ်။ Manning ရဲ့အမြင်မှာ ထရမ့်ဟာ အဆီအငေါ်မတည့်တဲ့ အရှိန်အဝါ၊ သြဇာဖောင်းပွမှု
ရှိနေတယ်။ ဒါကိုသိနေတဲ့ တရုတ်က ခိုင်မြဲစွာရပ်တည်မှာဖြစ်တာ ကြောင့် ဒီဒေသမှာ
ရုတ်တရက်ဖြစ်ပွားတဲ့ ကပ်ဘေးနဲ့ ကြုံလာနိုင်တယ်။

ကျွန်တော်တို့ကို အန္တရာယ်ရှိအောင် လုပ်မယ်ဆိုပြီး ထရမ့်က ဒေါသတကြီး ဝေဖန် မပြောဆိုခင်
သူဟာ ခိုင်မာပြီး အသာရတဲ့ ပမာဏနဲ့ ရွေးကောက်ခံခဲ့ရတယ်ဆိုတာကို ကျွန်တော်တို့
ပြန်ပြောင်းသတိရဖို့လိုတယ်။ (ထရမ့်ဟာ ပြည်ထောင်စုကိုယ်စားလှယ်များအဖွဲ့ မဲ ၃ဝ၆
မဲရခဲ့ပြီး ဟီလာရီက ၂၃၂ မဲသာ ရခဲ့တယ်။) ဒီတော့ သူသင့်တော်သလို အုပ်ချုပ်နိုင်ဖို့
ခိုင်မာတဲ့ အခြေအမြစ်ရှိထားတယ်။

ထရမ့် မဲဆွယ်တုန်းကလည်း တရုတ်ကို ပြတ်ပြတ်သားသား ဆက်ဆံမယ်လို့ ကတိပေး ခဲ့တယ်။
ဒီအတိုင်းပဲ ဆောင်ရွက်မယ်ဆိုတာ ရှင်းနေတာကြောင့် ဒီဒေသအနေနဲ့ အန္တရာယ် များတဲ့
အကျိုးဆက်တွေရှိလာနိုင်တဲ့အပေါ် အထိုက်အလျောက် နေတတ်ဖို့လိုတယ်။

တရုတ်ပြည်မကြီးကို ၁၉၇၉ ခုနှစ်ကတည်း က အမေရိကန် အသိအမှတ်ပြုပြီးခဲ့တဲ့ နောက်မှာ
ဘယ်အမေရိကန်သမ္မတမှ ထိုင်ဝမ်ကျွန်းက ခေါင်းဆောင်နဲ့ လူသိရှင်ကြား အဆက်အသွယ်မရှိခဲ့ဘူး။
ပေကျင်းအစိုးရ ကလည်း တရုတ်တစ်နိုင်ငံတည်း မူဝါဒအရ ထိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်မကြီးရဲ့
တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောထားတယ်။

ဒီဇင်ဘာ ၂ ရက်က ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က တယ်လီဖုန်းနဲ့ ဆက်သွယ်တာ ကို ထရမ့်က
လက်ခံခဲ့တာကြောင့် ထရမ့်ဟာ ရှောင်ကြဉ်ဖို့ အများသဘောတူထားတဲ့ကိစ္စ ကို ပယ်ဖျက်ခဲ့တယ်။ ဒီ
အံ့သြစရာကောင်းတဲ့ တစ်ခုတည်းသော အပြုအမူဟာ အမေရိကန် - တရုတ် ဆက်ဆံရေးကို
အရေးကြီးလာ စေခဲ့တယ်။

အတွေ့အကြုံမရှိတဲ့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ထားခြင်း ခံရသူဟာ သူလုပ်ခဲ့တဲ့ကိစ္စရဲ့
ကြီးလေးမှုကို မသိတာကို အခွင့်ကောင်းယူကာ တယ်လီဖုန်းဆက် လိုက်တဲ့ ဆိုင်အင်ဝမ်ကို
ဒေါသဖြစ်နေတဲ့ ပေကျင်းအစိုးရက အပြစ်တင်ခဲ့တယ်။

ဒါကိုသိပ်သိတဲ့ ထရမ့်က တရုတ်တစ်နိုင်ငံ တည်းမူဝါဒကြောင့် ရေငုံနှုတ်ပိတ်နေဖို့
အကြောင်းမရှိဘူးဆိုပြီး ပြောလိုက်တယ်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒဆိုတဲ့အဓိပ္ပာယ်က ထိုင်ဝမ်ကျွန်းနဲ့ တောင်တရုတ်ပင်လယ်
တစ်ခုလုံးနီးပါးဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ် ဆိုတဲ့အချက်ကို တရုတ်က
အထိမခံဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ သဘောတူ လက်ခံမှုတွေ လုံးဝမရှိနိုင်ဘူး ဆိုတဲ့သဘောပဲ။

ဒီတော့ တရုတ်က အတော်အသင့် ခပ်ပျော့ပျော့ပဲ တုံ့ပြန်ခဲ့တယ်။ ဒီဇင်ဘာ ၁၅ ရက်က
တောင်တရုတ်ပင်လယ်တွင်းမြေပုံ အသွင်အပြင်တွေကို အသုံးပြုနေတဲ့ အမေရိ ကန်ရေတပ်ပိုင်
ရေအောက် ဒရုန်းကို ထိန်းသိမ်းခဲ့တယ်။

ဒီ ဒရုန်းကို ရက်သတ္တပတ်အတွင်း ပြန်လည်ပေးခဲ့ပေမဲ့ နောင်မှာ ပေကျင်း အစိုးရရဲ့
တုံ့ပြန်မှုဟာ ပိုပြီး ပြင်းထန်နိုင်တယ် ဆိုတာ ထရမ့်ကို ပညာပေးလိုက်တဲ့ သဘောပဲ ဖြစ်တယ်။

တရုတ်အစိုးရဟာ လွတ်လပ်တဲ့ အချုပ် အခြာအာဏာကိစ္စတွေအပေါ် သဘောတူညီ မှုရဖို့
စိတ်မဝင်စားဘူးဆိုတာကို ဒီဒေသတွင်းမှာ အသိပေးလိုက်တဲ့ သဘောဖြစ်တယ်။
စင်ကာပူကတော့ ဒါကို သိသွားခဲ့ပြီဖြစ်တယ်။

စက်တင်ဘာလအတွင်းက တောင်တရုတ် ပင်လယ်အတွင်း အချုပ်အခြာအာဏာ
အငြင်းပွားတာတွေနဲ့ ပတ်သက်ပြီး တရုတ် အစိုးရအပေါ် ပိုပြီး ခိုင်မာစွာရပ်တည်ဖို့ အာဆီယံအဖွဲ့ဝင်
တချို့ကို အားပေး အားမြှောက်သလို လုပ်ခဲ့တာကြောင့် တရုတ် က ဒေါသဖြစ်ခဲ့တယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စင်ကာပူကို နှုတ်နဲ့ သတိပေးခဲ့ပြီး နောက်မှာ တရုတ်အစိုးရဟာ
စိတ်မရှည်နိုင်တော့ဘဲ နိုဝင်ဘာ ၂၃ ရက်မှာ စင်ကာပူပိုင် စစ်သားတင်တဲ့ သံချပ်ကာယာဉ်
ကိုးစီးကို ထိုင်ဝမ်ကအပြန် ဟောင်ကောင်မှာ တရားဝင် သိမ်းယူလိုက်တယ်။

ထိုင်ဝမ်ကျွန်းမှာ စင်ကာပူစစ်တပ်က စစ်လေ့ကျင့်ခန်းလုပ်တော့ ဒီစစ်ယာဉ်တွေ ပါဝင်ခဲ့တယ်။
စင်ကာပူကို အရင်ကတည်းက မလုပ်ဖို့ပြောခဲ့ပြီးနောက် တရုတ်ပြည်မကြီး စိတ်ရှုပ်ခဲ့ရတယ်။

မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်တွေ အတွက် ဒီကိစ္စဟာ ဘယ်လိုအဓိပ္ပာယ် ဆောင်သလဲ။
အလွန်ပဲရိုးစင်းပါတယ်။ ထရမ့် အနေနဲ့ ထိုင်ဝမ်ကျွန်းကို ဆက်လက်ကပ်နေပြီး
တရုတ်တစ်နိုင်ငံတည်း မူဝါဒကို မေးခွန်းထုတ် ခဲ့ရင် သူတို့အနေနဲ့ ရွေးချယ်စရာရှိတယ်။

ဝါရှင်တန်နဲ့ခွာ၊ သို့မဟုတ် အမှားလုပ်ခဲ့ တာကို ဝန်ခံကာ ထရမ့်နဲ့ ပူးပေါင်း။ ထရမ့်နဲ့
ပူးပေါင်းမယ်ဆိုတဲ့ နိုင်ငံတွေကတော့ အလွန် အန္တရာယ်ရှိနိုင်တဲ့ တုံ့ပြန်မှုအတွက် ပြင်ဆင်
ထားဖို့ လိုအပ်လိမ့်မယ်။

ပြောရရင်တော့ ထိုင်ဝမ်ကျွန်းရဲ့ လွတ်လပ်ရေးကို ထရမ့်က ဘာပဲလုပ်လုပ် တရုတ်
ကွန်မြူနစ်ပါတီကို အရှက်ခွဲသလိုဖြစ်စေလို့ တရုတ်အစိုးရ ပြုတ်ကျသွားနိုင်ပြီး တရုတ်
နိုင်ငံကို ဝရုန်းသုန်းကား အခြေအနေ ရောက်သွားစေနိုင်တယ်။

အရှေ့တောင်အာရှ နိုင်ငံတွေအတွက် ဒါဟာ ထိတ်လန့်ဖို့ကောင်းတဲ့ စိတ်မှန်း
အနာဂတ်ဖြစ်နိုင်ခြေပဲ။

အာရှနိုင်ငံ အတော်များများက အာရှမှာ အမေရိကန်ရှိနေတာကို လိုလားကြပေမဲ့
ဝါရှင်တန်အစိုးရအနေနဲ့ အတွက်မှားကာ ထိုင်ဝမ်နဲ့ပတ်သက်လို့ ပေကျင်းအစိုးရကို
ဆွပေးသလိုဖြစ်ပြီး ဆိုးရွားတဲ့ နိုင်ငံရေး - စစ်ရေး အရေးအခင်းကာလမျိုးကို မလိုချင်
ကြဘူးလို့ ဝါရှင်တန်အခြေစိုက် Carnegie Endowment for International Peace အဖွဲ့အစည်းမှ
တရုတ်ရေးရာ ကျွမ်းကျင်သူ Micael Swaine က ပြောတယ်။

အစပထမအနေနဲ့ကတော့ ဖိလစ်ပိုင်နိုင်ငံ ဟာ အမေရိကန်မလိုလားတဲ့ သမ္မတ
ဒူတာတေးလက်ထက်မှာ ထိုင်ဝမ်ကျွန်းကို ကာကွယ်ဖို့ သူ့စစ်စခန်းတွေကို သုံးခွင့်ပြုမှာ မဟုတ်ဘူး။
ဘာကြောင့်လဲဆိုရင် တရုတ် ဒုံးကျည်တွေရဲ့ စက်ကွင်းထဲမှာ ရှိနေတယ်။

ဒီအတိုင်းပဲ ဘရူနိုင်း၊ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ ဖြစ်နိုင်ရင် စကားစစ်ထိုးပွဲထဲ
ပါချင်ကြမှာ မဟုတ်ဘူး။

''ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံတို့ တရုတ် ဆန့်ကျင်တဲ့
မဟာမိတ်မှာပါဝင်ကြလိမ့်မယ် ဆိုတဲ့ အတွေးဟာ ကျွန်တော့်အတွက်တော့
မဖြစ်နိုင်ဘူးလို့ထင်တယ်''လို့ ဗာဂျီးနီးယား ပြည်နယ်မှာရှိတဲ့ Centre for Naval Analyses
ရေတပ်ဗိုလ်ချုပ် Michael McDevitt က ပြောတယ်။

ကဲ ဒါကိုပဲကြည့်တော့၊ တရုတ်ကို ထိုင်ဝမ်နဲ့ သဘောတူညီမှုရဖို့ ထရမ့်က
အတင်းအဓမ္မကြိုးပမ်းရင် တရုတ်အစိုးရဟာ မကျေချမ်းဘဲ ရန်လိုတာကို ထရမ့်ကြုံရမှာဖြစ်ပြီး
ဒီဒေသမှာရှိတဲ့ သူ့ရဲ့မဟာမိတ်တွေ သူ့ကို စွန့်ခွာသွားကြမှာဖြစ်တယ်။

ဘယ်လိုပဲကြည့်ကြည့် အနိုင်မပေါ် ရှုံးဖို့ အခြေအနေပဲ ရှိတယ်။ အဲဒီအခါ ကမ္ဘာ့
သြဇာတိက္ကမအရှိဆုံးလူဟာ ထောင်လွှားနိုင် မှာမဟုတ်တော့ဘူး။


 

ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာဖြစ်သည်။
(The Myanmar Times)
သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း