ပါကစ္စတန် ချောင်းဆိုးပျောက်ဆေး အဆိပ်သင့် လူ ၁၆ ဦး သေဆုံး

လာဟို (ပါကစ္စတန်)- ပါကစ္စတန် နိုင်ငံ၊ လာဟိုမြို့တွင် အဆိပ်ဖြစ်စေသော ချောင်းဆိုးပျောက်
ဆေးရည်ကို သောက် ပြီးနောက် လူ ၁၆ ဦးထက်မနည်း သေဆုံးသွားခဲ့ရာ အာဏာပိုင်များ
အနေဖြင့် ဆေးဆိုင်သုံးဆိုင်နှင့် ဆေးထုတ်လုပ်သည့် စက်ရုံတစ်ရုံကို မဖြစ်မနေ ပိတ်လိုက်
ကြောင်း တာဝန် ရှိသူများက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြောသည်။

ဝင်ငွေနည်းသော ရှာဒရာမြို့ ရပ်ကွက် တွင် သောကြာနေ့မှ တနင်္ဂနွေနေ့အတွင်း မူးယစ်ဆေး
ဝါးစွဲသည့် အများစုဖြစ်သော အဆိပ်သင့်ခံရသူများသည် ထိုဆေးရည် ကို ရေချိန်ကိုက်ရန်
သောက်ကြရာမှ သေဆုံးမှုများ ပေါ်ပေါက်ခဲ့သည်ဟု ဒေသတွင်း ရဲဌာနမှရဲမှူး အေတစ်ဖ်
တူးလ်မီကွာက ပြောသည်။

ဇန်န၀ါရီလတွင် လာဟိုမြို့၌ ဒေသ တွင်းပြုလုပ်သော ချွတ်ယွင်းမှုရှိသည့် ဆေးသောက်ပြီး
နောက် နှလုံးရောဂါ သည် ၁၀၀ ခန့် သေဆုံးပြီးနောက် မကောင်းသတင်း ဖြစ်ပေါ်လာသည်။

"ဆေးစွဲသူတွေ မူးယစ်ဆေးဝါး အမျိုး မျိုးကို သုံးလေ့ရှိတဲ့ သုသာန်တစ်ခုမှာ တချို့အဆိပ်သင့်
ခံရသူတွေ သေနေတာ ကို တွေ့ရှိတယ်"ဟု ၎င်းကပြောသည်။ အခြားခုနစ်ဦးသည် ဆေးရုံ၌
သေဆုံး ခဲ့ကြသည်။

ဆေးဆိုင်သုံးဆိုင်ကို ပိတ်လိုက်ပြီး ၎င်းဆိုင်ပိုင်ရှင်များကို ဖမ်းဆီးလိုက် ကြောင်း ၎င်းက ဖြည့်
စွက်ပြောသည်။

ထိုဆေးရည်ကို ဆေးဆိုင်အားလုံးမှ သိမ်းယူလိုက်ကြောင်း ပန်ဂျပ်ပြည်နယ် အတွင်း
ကျန်းမာရေးအကြံပေး ခါဝါဂျာ ဆေလ်မန်ရာဖစ်က ပြောသည်။

ဆေးဝါးထုတ်လုပ်သည့် စက်ရုံတစ်ရုံကို စစ်ဆေးရေးအရာရှိများက ပိတ်လိုက်ပြီး အသေးစိတ်
စစ်ဆေးရန် နမူနာများကို လက်တွေ့ခန်းသို့ ပို့လိုက်သည်။

ပန်ဂျပ်ပြည်နယ် ၀န်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်ဖ်က စုံစမ်းစစ်ဆေး ရေးတစ်ခုကို အမိန့်ပေးထား
ပြီး အစီရင် ခံစာကို ၇၂ နာရီအတွင်း တင်ပြရန် ဖြစ်ကြောင်း ရာဖစ်က ပြောသည်။

အသက် ၁၅ နှစ်မှ ၄၅ နှစ်အတွင်းရှိ အဆိပ်သင့်ခံရသူ ၂၀ သည် ထိုဆေး ရည်ကို သောက်ပြီး
နောက် ဆေးရုံ တင်ရပြီး အများစုမှာ ဆေးစွဲနေ သူများဖြစ်ကြောင်း လာဟိုမြို့ရှိ မာယို ဆေးရုံ
မှ ဒေါက်တာ တာဟာခါလီလ်က ပြောသည်။

"စိုးရိမ်ရတဲ့အခြေအနေမှာ ရှိသူ တစ်ယောက် ဒီနေ့ သေဆုံးသွားပြီး ဆေးရုံတွင် သေဆုံးသူ
ခုနစ်ဦးရှိပြီ"ဟု ခါလီလ်က ပြောသည်။

လူခြောက်ဦး သက်သာသွားပြီး ဆေးရုံမှ ဆင်းသွားကြောင်းနှင့် အခြား ခုနစ်ဦးမှာ ဆေးရုံမှာ
တင်ထားဆဲဖြစ် ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း